Sunday, November 27, 2011

နေအိမ် မရွေ့ချင်လျှင် စည်ပင်အား တစ်နေ့ဒဏ်ကြေးတစ်သောင်း ပေးရမည်

 မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ် နှစ်ဆယ်ကျော်ကို တစ်နေ့လျှင် ဒဏ်ကြေးတစ်သောင်းပေးဆောင်မှသာ နှစ်ပေါင်းနှစ်ဆယ်နေလာသည့် ခြံပေါ်တွင် ဆက်လက်နေထိုင်ခွင့်ပြုမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်က စာထုတ်ပြန်လိုက်သည်ဟု သိရသည်။

နေအိမ်အခွန်တွင်သာမက နွားလှည်းပါအခွန်ကောက်သောမြို့နည်စည်ပင်၏ အခွန်ဆိုင်းဘုတ်

 “ဒဏ်ကြေးတစ်သောင်းက အနည်းဆုံးကိုပြောတာတစ်ချို့အိမ်တွေဆို လေးသောင်းလောက် တောင်းတယ်”ဟု   မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်မှစတင်ကာ သမ၀ါယမပိုင်မြေနေရာအား အခကြေးငွေဖြင့် ငှားရမ်းနေထိုင်လာသည့် နေအိမ်များအား ရှင်းလင်းစေရန် ရည်ရွယ်ပြီး မြို့နယ်စည်ပင်မှ စာထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။


 
“သူတို့တွေကို ဖယ်စေချင်လို့ တစ်ရက်ကို ဒဏ်ကြေးတစ်ရာ ကောက်တာကစပြီး ကောက်လာလိုက်တာ နောက်ဆုံးကောက်တာ တစ်ရက် တစ်သောင်းပဲ” ဟု ယင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ စည်ပင်မှ ဒဏ်ကြေးငွေ မတန်တဆ ကောက်ခံခြင်းကို ခံစားနေရသည့် အိမ်ထောင်စုများမှာ (ဌ)ရပ်ကွက်၊ ပုလဲလမ်းတွင် နေထိုင်သည့် အိမ်ထောင်စုများဖြစ်ပြီး ယင်းဖြစ်ရပ်အတွက် ဒေသခံအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတော်သမ္မတထံ စာတင်ပို့ပြီး ဖြစ်ကြောင်း သိရသည်။
 
သမ၀ါယမပိုင် မြေနေရာအား ငှားရမ်းကာနေထိုင်သည့် မိသားစုနှစ်ဆယ်ကျော်တွင် ကျောင်းသားဦးရေ သုံးဆယ်ကျော်နှင့် မိသားစုဝင် တစ်ရာ ကျော် နေထိုင်လျက်ရှိသည်။

YC (U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။