Sunday, November 27, 2011

C4 ယမ်းအသစ်ကို ဂရုစိုက်ရန် လုံခြုံရေးအဖွဲ့များအား အကြောင်းကြားထား

 အပူချိန် ၁၄၀ ဒီဂရီ ဆဲလ်စီးယပ်တွင် ပေါက်ကွဲနိုင်သည့် ပီကေသဏ္ဍန် C4 ယမ်းအသစ်များ ပြည်တွင်းသို့ ဝင်ရောက်လာသည့် သတင်းရရှိ သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဂရုပြုကြပါရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ အကြောင်းကြားလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်စစ်အင်ဂျင်နီယာတပ်ရင်းများ ဝန်ကြီးဌာန လက်အောက်ခံ ဦးစီးဌာနများကို အကြောင်းကြားခြင်းဖြစ်ကာ ပြည်တွင်းသို့ ဝင်ရောက်လာသည့် C4 ယမ်းများသည် ပီကေသဏ္ဍာန်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။





 C4
(C4 ယမ်းသည် ကပ်နိုင်စွမ်းအားကောင်းသော ကော်ပုံစံတစ်မျိုးဖြင့် ယမ်းကို ထုပ်ပိုးထားပြီး အပူချိန်ဖြင့် လည်း ချိန်၍ဖောက်ခွဲ၍ရသလို၊ အဝေးရောက် ရီမုတ်ကွန်တရိုးအဖြင့်လည်း ထိန်းချူပ်ဖောက်ခွဲ လို့ရသည်။အမေရိကန်တို့ ဗီယက်နမ်စစ်ပွဲမှာအများဆုံး အသုံးပြုခဲ့သည်။ ထို C4 ဗုံးဖြင့် အလားသဏ္ဍာန်တူသော PE4 ကိုလည်း  ဗြိတိန် စစ်တပ်က အသုံးပြုနေဆဲဖြစ်သည်။)

 “ပီကေရဲ့ ဘယ်တစ်ခြမ်းနဲ့ညာတစ်ခြမ်းကို ကပ်လိုက်ရင် ပေါက်ကွဲတတ်တယ် လို့ ကျွမ်းကျင်သူက ရှင်းပြတယ်”ဟု ယင်းသတင်းရင်းမြစ်က ပြောကြားသည်။


အဆိုပါ C4 ယမ်းအသစ်ကြောင့် အစိုးရဌာနများရှိ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို အထူးဂရုစိုက်ကြပါရန်ကိုလည်း တိုင်းဒေသကြီး အစိုးရက တစ်ဆက်တည်း ညွှန်ကြားထားကြောင်း သိရသည်။

“ကားတွေဆိုင်ကယ်တွေရဲ့ အိတ်ဇောကို ကပ်ထားပြီး ထွက်သွားလိုက် မပေါက်ကွဲဘူး။ပြီးမှ ယာဉ်မောင်းနေတာနဲ့အမျှ အပူချိန်တက်ပြီး ပေါက်ကွဲသွားမယ်”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် လက်သည်မပေါ်သည့် ပေါက်ကွဲမှုများ အစဉ်တစိုက်ဖြစ်ပွားနေလျက် ရှိပြီး ယင်းကိစ္စရပ်များနှင့် ပက်သက်၍ သက်ဆိုင်ရာ အစိုးရဘက်က အများပြည်သူ အား တိကျသည့် သတင်းအချက်အလက်များ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။

(U.V.I)

1 comment:

  1. ဒီ ယမ်း အကြောင်းလေးကို ဖြစ်နိုင်ရင် အသေးစိတ်လေး ရေးပေးပါလား ဗျာ

    ReplyDelete

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။