မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ကျောက်ပန်တောင်းနှင့် တောင်သာမြို့နယ်အတွင်းမှ ဓါတ်ငွေပိုက်လိုင်း သွယ်တန်းမှုတွင် မလွတ်ကင်းသဖြင့် ခုတ်လှဲခြင်းခံရသည့် ထန်းတောင်သူများ၏ နစ်နာကြေများကို ကျေးရွာအုပ်ချုပ်ရေးနှင့်ကုမ္ပဏီဝန်ထမ်းများက ခေါင်းပုံဖြတ်နေကြောင်း ဒေသခံများက
ပြောကြားသည်။
မန္တလေးတိုင်းအတွင်းရှိ ထန်းတောတစ်နေရာ
ကျောက်ပန်းတောင်းမြို့နယ်၊ နှပ်ကျပ်ခွဲကျေးရွာမှ ထန်းတောင်သူများကို ဖယ်ရှားပေးရသည့် ထန်းပင်တစ်ပင်အတွက် ၁၇၀၀၀ နှုန်း ပေးလျှော် ခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ ထန်းပင်တစ်ပင်အတွက် တစ်သောင်းခြောက်ထောင်သာ ပေးချေပြီး တစ်ပင်အတွက် ကျပ်တစ်ထောင် ခေါင်းပုံဖြတ်ယူကာထန်းပင်များကိုလည်းတစ်ပင်၂၅၀၀ နှင့်ပြန်လည် ရောင်းချခဲ့ကြောင်း၊
ရောင်းချခဲ့သည့် ထန်းပင်ပေါင်း သောင်းခုနှစ်ထောင်ကျော်ဖြစ်ကြောင်း ထန်းလျက်ပွဲရုံပိုင်ရှင် တစ်ဦးက ပြောကြားသည်။၇ ရွာအုပ်စု(ရွာတန်းရှည်ရွာ) မှ ထန်းပင်များကို ဘူဒိုဇာလိုစက်ကြီးများဖြင့် ထိုးလှဲခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
တောင်သာမြို့နယ်တွင်မူထန်းပင်တစ်ကို လျှော်ကြေးအဖြစ်သုံးသောင်းခြောက်ထောင် ပေးလျှော်ကြောင်း။ ခရိုင်တစ်ခုတည်းတွင် ထန်ပင်များကို လျှော်ကြေးပေးဈေးဖြတ်ရာတွင် ကွာခြားမှုရှိနေကြောင်း။ တောင်သာအုပ်ချုပ်ရေးမှူးများအနေဖြင့် ပဲစဉ်ငုံခင်းများကိုလည်း လျှော်ကြေးပိုရရန် ဝါခင်းများအနေဖြင့် စာရင်းတင် တန်ဖိုးဖြတ်ပေးကြောင်း ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက ပြောဆိုသည်။
တောင်သာနှင့် ကျောက်ပန်းတောင်းတို့မှ ထန်းပင်လျှော်ကြေးနှုန်း ကွာခြားခြင်းမှာ ကုမ္ပဏီဝန်ထမ်းများ ဖြတ်စားလတ်စားလုပ်ခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ တရုတ်နိင်ငံယူနန်ပြည်နယ် ကူမင်းသို့ ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းနေပြီး တည်ဆောက်ရေး လုပ်ငန်းအများစု၏ ကန်ထရိုက်ကို ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏လူယုံ ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် အေးရှားဝေါကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားသည်။
MP

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။