Tuesday, January 10, 2012

မြန်မာနိုင်ငံအနှံ ပုလဲသွယ်စပ်မျိုးစပါး စမ်းသပ်စိုက်ပျိုး

မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံအနှံ့အပြားတွင် ပုလဲသွယ် စပ်မျိုးစပါးကို စိုက်ပျိုးတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံအနှံ စပ်မျိုးစပါး စိုက်ပျိုးထုတ်လုပ်ခြင်းကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်း ပုလဲသွယ်စပ် မျိုးစပါး ထုတ်လုပ်ရေးကို မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအတွင်းရှိ အထူးပြုကုမ္ပဏီများမှ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

                  တိုက်ပွဲများဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် အစိုးရက ဤသို့ကြော်ငြာထားသည်။

၎င်း ပုလဲသွယ်စပ်မျိုးစပါးကို တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီတွင် ဧက ၁၀၀ စီစမ်းသပ်စိုက်ပျိုး ထုတ်လုပ်မည်ဖြစ်ကြောင်း၊ Export ဈေးကွက်နှင့် ပြည်တွင်းဈေးကွက်နှစ်ခုလုံး လက်ခံနိုင်သော စပါးမျိုးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိအချိန်တွင် မြန်မာတန်းမြင့်ဆန်များကို ဥရောပဈေးကွက်သို့ ပြန်လည်တင်ပို့တော့မည်ဖြစ်ပြီး ယခု ဇန်နဝါရီလကုန်တွင် ဆန်စပါး တန် ၁၀၀၀၀ ခန့် ပါဝင်သည့် သင်္ဘောတစ်စီးကို ဘယ်လ်ဂျီယံနိုင်ငံသို့ စတင်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဆန်ဈေးကွက်တွင် ၅ မှတ်တန် တန်းမြင့်ဆန် တစ်တန်လျှင် ဒေါ်လာ ၄၅၀ ဝန်းကျင်ရှိနေပြီး ဥရောပသို့ မြန်မာ့ဆန် ပြန်လည်တင်ပို့မည်ဆိုပါက အရည်အသွေးပိုင်းဆိုင်ရာများတွင် ပြန်လည်ထိန်းညှိရန် လိုအပ်ကြောင်း ဆန်စပါးအထူးပြုကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကမ္ဘာတွင် နိုင်ငံတကာသို့ ဆန်တင်ပို့မှုအများဆုံး ဖြစ်သည့် ထိုင်းနိုင်ငံသည် တန်းမြင့်၊ တန်းလတ်ဆန်များကို နှစ်စဉ် ဆန်တန်ချိန် ကိုးသန်းဝန်းကျင်ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။