Tuesday, February 7, 2012

မြန်မာနိုင်ငံ လျှပ်စစ် ၀န်ကြီးဌာန၏ အရာရှိဝန်ထမ်းများ အကျင့်ပျက်ခြစားမူ ပေးစာ (၃) စောင်

မြန်မာနိုင်ငံ လျှပ်စစ်ဝန်ကြီးဌာန ၀န်ကြီးဦးဇော်မင်း၏ အဂတိလိုက်စားမူများ၊ ညွှန်ချူပ်၊ ညွှန်ကြားရေးမူးတို့၏ မျက်နှာလိုက် အသားပေးမူများ၊ အထားဖား အောက်ဖိ အလုပ်စေခိုင်းမူများ၊ နိုင်ငံတော် ဘဏ္ဍာများ ကိုဘယ်လို အကွက်ဆင် ရိုက်ယူသွားသလဲဆိုတာတွေကို ရင်ဖွင့်ထားတဲ့ ပေးစာ (၃) စောင်ကို မြန်မာပြည်သူပြည်သားများနှင့် သမ္မတကြီှးနှင့် တကွ လွှတ်တော်အမတ်များ သိရှိအောင် တင်ပြလိုက်ရပါတယ်။


 လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏ ပေးစာ(၁)


ကျွန်တော်ဟာလျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနက ဝန်ထမ်းရေးရာ၊ရာထူးတိုး၊ အပြောင်းအရွှေ့ မသမာမှုတွေအကြောင်းပြောချင်ပါတယ်။
ဝန်ကြီး(ဦးဇော်မင်း)၊ညွှန်ချုပ်၊ဦးဆောင်ညွှန်ကြားရေးမှူးတို့ဟာ၎င်းတို့နဲ့နီးစပ်ရာ ဆွေမျိုးတပည့်သားမြေးတွေနဲ့ ငွေပေးနိုင်သူတွေကိုသာတိုးမြှင့်ပေးလျှက်ရှိပြီး ရာထူးအလိုက် 
သိန်း၂၀၀-၃၀၀ အထိပေါက်ဈေးရှိနေပါတယ်။


တည်ဆောက်ရေးအမှတ်(၁)ကိုရွှေ့ ပြောင်း ဖို့အတွက်ညွှန်ကြားရေးမှုး (၂)ယောက် အပြိုင်ဈေး  ပေးကြရတာ သိန်း၈၀၀ အထိရောက်နေကြောင်း ကာယကံရှင်ပြောပြချက်အရသိရှိရပါတယ်။ ကျွမ်းကျင်မှုအလိုက် လုပ်သက်အလိုက် အရည်အချင်းအလိုက်တိုးမြှင့်ရွှေ့ ပြောင်းပေးခြင်းမျိုးမဟုတ်တဲ့
အတွက် ဌာနတွင်းမှာ အုပ်ချုပ်မှုပျက်ပြားပြီး ခြစားမှုတွေမသမာမှုတွေ တိုးပွားလျှက်ရှိနေပါတယ်။ လူမှန်နေရာမှန်မရှိတဲ့အတွက် ကြိုးနီစနစ်တွေများပြီး ရစ်ခွေနေကြတာနဲ့ အလုပ်မဖြစ်သလို နည်းပညာပိုင်း မှာလည်း ဆုံးဖြတ်ချက်တွေမှားပြီးစီမံကိန်းတွေမှာဆုံးရှုံးမှုတွေကြီးကြီးမားမားရှိနေပါတယ်။ 


သိုဝှက်ထားတဲ့ရဲရွာစီမံကိန်းနဲ့ ကွန်းစီမံကိန်းတွေကဆုံးရှုံးပျက်စီးမှုတွေရဲ့အကြောင်းရင်းက လည်းဒါတွေကြောင့်ပါဘဲ။ ပိုပြီးဝမ်းနည်းဖို့ကောင်းတာကဌာနတွင်းဝန်ထမ်းရေးရာကိစ္စတွေမှာ ကုမ္ပဏီတွေကပါဝင်စွက်ပြီးချယ်လှယ်နေကြတာပါဘဲ။ အထူးသဖြင့်အေးရှားဝေါလ် (ဟိုက်တက်၊အမ်အက်စ်ပီ၊မင်းအနော်ရထာ) စတဲ့ကုမ္ပဏီတွေအရေးကြီးတဲ့ရာထူးနေရာ တွေ 
( ဥပမာ...လုပ်ငန်းခွင့်ပြုပေးနိုင်တဲ့ရာထူးနေရာ၊ငွေရေးကြေးရေးဆောင်ရွက် ပေးနိုင်တဲ့ရာထူးနေရာ ၊ပစ္စည်းဝယ်ယူတင်သွင်းပေးနိုင်တဲ့ရာထူးနေရာတွေမှာ ကိုယ်ပိုင်တဲ့အရာထမ်းတွေ တိုးမြှင့်ခန့်ထားရေးအတွက်ဝန်ကြီးကိုငွေပေးပြီးတွန်းအားပေးကြတာအလွန်ရုပ်ပျက်လှပါတယ်။ 


ဝန်ကြီးကလည်း ဒီကုမ္ပဏီတွေရဲ့ ပေးကမ်းမှုတွေနဲ့ သူ့မိသားစုစီးပွားရေးတွက်ခြေကိုက်နေတော့
သူတို့ခိုင်းသမျှလုပ်နေတာပေါ့။ အထူးသဖြင့်မြစ်ဆုံစီမံကိန်း(၇)ခု အတွက်ကော်မရှင်တွေပေးထားပြီး
သူ့မိသားစုသူ့သားသမီးတွေအတွက် အိမ်တွေဆောက်ပေး၊စီးပွါးရေးလုပ်ငန်းတွေ
ထူထောင်ပေးထားတဲ့ဦးထွန်းမြင့်နိုင်ခိုင်းသမျှမြေဝယ်မကျနာခံပြီးလုပ်ပေးနေတာကျွန်တော်တို့
ဝန်ထမ်းတွေအတွက်ရင်နာစရာပါ။


ဝန်ကြီးနဲ့အဖွဲ့ခန့်ထားတဲ့အရာထမ်း တွေကလည်းဌာနအတွက်
ပစ္စည်းဝယ်ရင်ဝန်ကြီးသားအကြီးရဲ့ ကုမ္ပဏီ(COSYကုမ္ပဏီ) ကဝယ်၊ 
သယ်ယူပို့ဆောင်ရေးဆိုရင် သားအကြီးရဲ့  (ရွှေဝါလှိုင်)ကုမ္ပဏီကိုအပ်၊
လုပ်ငန်းအပ်နှံမယ်ဆိုရင်သားအကြီးရဲ့  (ကိုစီ ကုမ္ပဏီနဲ့မြန်မာ့ဇွဲမာန်)ကုမ္ပဏီကိုအပ်၊
ဖုန်းဝယ်မယ်ဆိုရင်သားအကြီးရဲ့(ဂရိတ်မိုဘိုင်း)ကုမ္ပဏီကဝယ်၊
နိုင်ငံခြားခရီးသွားလက်မှတ်ဆိုရင်သမီးတော်ရဲ့ကုမ္ပဏီကဝယ်၊
ကျန်းမာရေးကိစ္စဆိုရင်သားအငယ်ရဲ(့မြတ်သုခ)ဆေးတိုက် မှာပြ ဒီလိုအောက်ခြေဝန်ထမ်းတွေကို ညွှန်ကြားတယ်။


ဝန်ကြီးသားအငယ်မင်္ဂလာဆောင် တုန်းကလည်းတစ်ယောက်ကို အနည်းဆုံး၅သိန်း လက်ဖွဲ့ရမယ်လို့ အရှက်မရှိညွှန်ကြားခဲ့ကြသေးတယ်။ စီမံကိန်းလုပ်ငန်းကြီးတွေဆိုရင်အေရှားဝေါလ်ကိုအပ်ရတယ်။
အခြား(ဟိုက်တက်၊အမ်အက်စ်ပီ၊မင်းအနော်ရထာ)ကုမ္ပဏီတွေကိုလည်း လက်ဝါးချင်းရိုက်လုပ်စား
ကြသေးတယ်။ကြာတော့ဝန်ထမ်းလောကကိုစိတ်ကုန်၊စိတ်နာလာပါပြီ။ 


သမ္မတကြီးကိုလေလှိုင်းကတဆင့်ပြောပေးပါ၊ ကျွန်တော်တို့မိသားစုတွေကိုဒုက္ခမပေးဘူးဆိုရင်၊လွတ်
လပ်စွာဆန္ဒပြခွင့်ပြုမယ်ဆိုရင်၊ဒီမတရားမှုတွေ ခြစားမှုတွေကိုရုံးအမှတ်(၃၈)ရှေ့  မှာ
ဆိုင်းဘုတ်ကိုင်ဆန္ဒပြခွင့်ပြုပါ။ ပြီးတော့ အဖြစ်အပျက်အမှန်တွေကိုပြောပြချင်တယ်။
ကျွန်တော်တို့ကိုလာစစ်ပေးပါ။


(ဒုသမ္မတ(၁)ကိုတော့မပြောချင်ဘူးသူကဝန်ကြီးနဲ့အလိုတူအလိုပါမို့ပါ။)

လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏ ပေးစာ(၂)

ကျွန်တော်ဟာ လျှပ်စစ်(၁)မှာ တာဝန်ထမ်းဆောင်နေတဲ့ညွှန်ကြားရေးမှုးတစ်ဦးပါ။
ကျွန်တော်ပြောချင်တဲ့အကြောင်းအရာက ကျွန်တော်တို့ဌာန၊ ကျွန်တော်တို့အစိုးရရဲ့ပွင့်လင်းမြင်သာမှုမရှိ ပြည်သူကိုနားလည့်ပါးလှည့်လုပ် တရုတ်စီးပွားရေးသမားတွေနဲ့ လက်ဝါးချင်းရိုက်တဲ့ကိစ္စတွေပါ။ 


(၁၅-၁၂-၁၁) နေ့မှာလျှပ်စစ်(၁)၊အေးရှားဝေါလ်နဲ့ စီပီအိုင်(တရုတ်)တို့ ချီဖွေစီမံကိန်းကိုဒီဇင်ဘာမှာ စတင်အကောင်အထည်ဖော်ဘို့စာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြတယ်။ (၁၅-၁၂-၁၁) ညနေ(၇)နာရီ မှာ ဝန်ကြီးဦးဇော်မင်း အမိန့်နဲ့ ညွှန်ချုပ်ဦးကြီးစိုးကသူလက်မှတ်ထိုးခဲ့ရတယ်လို့ပြောပါတယ်။


(၁၆-၁၂-၁၁)နေ့ မှာဒုသမ္မတ(၁)နဲ့ ဒီစီမံကိန်းကိစ္စကိုတစ်နေ့လုံးအကြေအလည်ဆွေးနွေးကြတယ်။
ဒါတွေအားလုံးကိုကျွန်တော်တို့ရဲ့ပြည်သူတွေကိုလုံးဝချမပြပါဘူး သတင်းစာမှာလည်းမဖေါ်ပြ
ပါဘူး။ ကျွန်တော်တို့အတတ်ပညာရှင်တွေကိုတောင်အသိပေးဆွေးနွေးခြင်းမပြုခဲ့ပါဘူး။ ငါသိတယ်၊ ငါတတ်တယ်၊ ငါကော်မရှင်ယူပြီးသား၊ ငါလုပ်ချင်ရာလုပ်မယ် ပြည်သူသဘော
တူစရာမလိုဘူးဆိုတဲ့သဘောပါ။ 


တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ် မဟုတ်ပါဘူး။ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်း ထဲက(၁)ခုပါ။ ဒီစီမံကိန်းကသမ္မတကိုယ်တိုင်ရပ်ဆိုင်းကြောင်းကြေညှာထားတာပါ။ မြစ်ဆုံရဲ့အထက်ဘက်မိုင်(၆၀) အကွာမေခမြစ်ပေါ်မှာရှိပြီး မဂ္ဂါဝပ်(၃၄၀၀)ထုတ်မှာပါ။ စာချုပ်စည်းကမ်းတွေကတော့အရင်စာချုပ်ထဲကအတိုင်းပါ။ 


မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်းထဲကတစ်ခုဖြစ်တဲ့ မြစ်ဆုံစီမံကိန်းမှာစိုက်ထုတ်ခဲ့တဲ့ငွေပမာဏကို  
ကျန်(၆)ထဲခွဲထည့်လို့ငွေစာရင်းအရ ပြောင်းသွားတာဘဲကွာပါတယ်။ ပြည်သူသိသွားလည်းမြစ်ဆုံကိုလုပ်တာမဟုတ်ဘူးချီဖွေကိုလုပ်တာပါဆိုပြီးမလှိမ့်တစ်ပတ် နဲ့ လိမ်ညာမုသားတွေပြောအုံးမှာပါ။ပြည်သူတွေမသိရင်တောင်မှတာဝန်သိဝန်ထမ်းတွေရှိသေးတယ်။
ပြည်သူကိုလည်းအသိပေးအုံးမယ်ဆိုတာသိစေချင်တယ်။


သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံမြစ်ညှာမြစ်ဝှမ်း စီမံကိန်းကြီးတစ်ခုလုံးပါ၊ မြစ်ဆုံလေးတစ်ခုတင်မဟုတ်ပါဘူး၊။ ချီဖွေကိုလုပ်ရင်လည်း လူမှုရေးရော၊ သဘာဝပတ်ဝန်းကျင်ရော ထိခိုက်ပျက်စီးမှာဘဲ။
အဲဒီနယ်က လူမျိုးတွေရော၊ သယံဇာတတွေရော၊ အကုန် တရုတ်ကသိမ်းမှာဘဲ။
ထွက်လာမယ့်လျှပ်စစ်ကလည်း တရုတ်နိုင်ငံအတွက်ဘဲ အေးရှားဝေါလ် ဦးထွန်းမြင့်နိုင်
၊ဦးဇော်မင်းနဲ့ ဒုသမ္မတ (၁) တို့မိသားစုကော်မရှင်ရ၊ ကောင်းစားရေးအတွက်ကချင်လူမျိုးနဲ့တိုင်းပြည်
သယံဇာတတွေရင်းလိုက်ရတာဘဲအဖတ်တင်မယ်။


သမ္မတကြီးကိုပြောပေးပါဒီကိစ္စပွင့်လင်းစွာပြည်သူကိုချပြပေးစေလိုပါတယ်။ ကျွန်တော်တို့အတတ်ပညာရှင်တွေကိုကြေညက်စွာဆွေးနွေးခွင့်ပြုပါ။ ကိုယ်ကျိုးစီးပွါးသာကြည့်တဲ့သက်ဆိုင်ရာအုပ်ချုပ်သူအဆင့်ဆင့်ကိုသန့်ရှင်းကောင်းမွန်တဲ့အုပ်ချုပ်မှုမျိုး ဆောင်ရွက်တတ်အောင်လေ့ကျင့်ပျိုးထောင် ပညာပေးစေလိုကြောင်းမေတ္တာရပ်ခံအပ်ပါတယ်။


လျှပ်စစ် (၁) ၀န်ကြီးဌာနက အရာထမ်းတစ်ဦး၏ ပေးစာ (၃)
 
ပြည်သူ့လွှတ်တော်တွင်တင်ပြဆွေးနွေးသင့်သောအစိုးရအဖွဲ့အတွင်း ဝန်ကြီးအချို့နှင့်အရာရှိကြီးအချို့  ဧ။် အကျင့်ပျက်လာဘ်စားမှုမှတရားမဝင်ရရှိသောဝင်ငွေများ.....

အစိုးရအဖွဲ့အတွင်းတွင်အကျင့်ပျက်ခြစား၍ တရားမဝင်ရရှိထားသော တရားမဝင်သည့်ဝင်ငွေ ပိုင်ဆိုင်မှုများကို စီစစ်သင့်ပါသည်။ 
( ဥပမာ) လျှပ်စစ်(၁)ဝန်ကြီးဦးဇော်မင်း သည်
*** ဘိန်းဘုရင် ဦးထွန်းမြင့်နိုင်ဧ။် ဘိန်းဖြူလုပ်ငန်းမှ ရရှိငွေမဲများမှ တစ်ဖက်လှည့်ဖြင့်ပံ့ပိုးမှုရရှိထားခြင်း၊ 


*** မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်း(၇)ခုနှင့် သောက်ရေခပ်စီမံကိန်းအကျိုး
အမြတ်အတွက်ဒု-သမ္မတ(၁)အပါအဝင်ကော်မရှင် (၁၁.၅)ရာခိုင်နှုန်း အားရယူထားခြင်း၊


*** လျှပ်စစ်(၁)JV စီမံကိန်းများအတွက် MOU အဆင့်မှာ (၇)ရာခိုင်နှုန်း အားစီမံကိန်းများအ
တွက်ညွှန်ချုပ်ဦးကြီးစိုးထံမှတဆင့်လက်ခံရယူထားခြင်း၊


*** MOA အဆင့်မှာ(၅)ရာခိုင်နှုန်း ရယူခြင်း၊


*** JV ကုမ္ပဏီထူထောင်ခွင့်အဆင့်တွင်ထပ်မံ (၁၀)ရာခိုင်နှုန်းရယူထားခြင်း
များအားရေအားလျှပ်စစ်စီမံရေးဦးစီးဌာန အရာရှိအပိုင်းမှတဆင့်သတင်းတိကျစွာရရှိထားပါသည်။


ဦးထွန်းမြင့်နိုင်မှ ပံ့ပိုးပေးပုံပေးနည်းမှာလည်းသိမ်မွှေ့လှပေသည်။
နေပြည်တော်ဥတ္တရသီရိတွင်နန်းတော်ကြီးပမာခန်းနားလှသောအိမ်တော်ကိုဆောက်လုပ်ပေးထားသည်။ ရန်ကုန်မြို့တာမွေမေတ္တာရိပ်မွန်တွင်ဦးဇော်မင်းအတွက်ခြံကျယ်ကြီးနှင့်အိမ်ကြီးတစ်လုံး၊ သားကြီးဒေါက်တာအာကာဇော်၊ သားငယ်ဒေါက်တာလင်းထက်အောင်၊ သမီးတော်ရတနာဇော်မင်းတို့အတွက် အပျံစားအိမ်တစ်လုံးစီဆောက်လုပ်လက်ဆောင်ပေးထားပါသည်။ 


သားကြီးအာကာဇော်အတွက် Great Mobile ဖုန်းဆိုင် ကိုလည်းရင်းနှီးထုတ်ပေး ထူထောင်ပေးထားပါသည်။ သားငယ်ဒေါက်တာလင်းထက်အောင်အတွက်နေပြည်တော်ဇီဝက ဆိုင်တန်းတွင် မြတ်သုခအမည်ရှိ ဆေးတိုက်ကြီးနှင့်       Health Club fitness centre အားရင်းနှီးမတည်ဖွင့်လှစ်ပေးထားပါသည်။


သမီးတော်ရတနာဇော်မင်းအတွက်လည်းရန်ကုန်ဆူးလေအနီးတွင်နိုင်ငံခြားခရီးသွားကုမ္ပဏီကြီး တစ်ခုကိုဖွင့်လှစ်ပေးထားပါသည်။ သားကြီးဒေါက်တာအာကာဇော်ဧ။်
COSY ကုမ္ပဏီအတွက် စက်ယာဉ်ယန္တရားကြီး(၂၆)စီးအား မြစ်ဆုံစီမံကိန်း(၇)ခုနှင့်သောက်ရေခပ် စီမံကိန်းအတွက် စာရင်းပြ၍ရောရောင်တင်သွင်းပြီး အပြီးလက်ဆောင် ပေးထားပါသည်။ 


ဦးဇော်မင်းမိသားစုသို့ပံ့ပိုးပေးသည့် ငွေကြေးများအား သောက်ရေခပ်စီမံကိန်းတွင်ကျောက်လုပ်ငန်း အပေးပြလျှက် သားကြီးအာကာဇော်ဧ။် COSY ကုမ္ပဏီ မှတဆင့်လစဉ် သိန်း(၂၀၀၀)မှ(၄၀၀၀) အကြားလုပ်အားခအဖြစ်ပံ့ပိုးထားပါသည်။ ဦးထွန်းမြင့်နိုင်ကဲ့သို့ပံ့ပိုးပေးနေသောအခြားကုမ္ပဏီများ လည်းရှိပါသည်။ယင်းကဲ့သို့ ဘိန်းဖြူလုပ်ငန်းများမှရရှိထားသောငွေမဲများအား ဦးထွန်းမြင့်နိုင်ထံမှ လွယ်ကူစွာလက်ခံ ရယူထားသော လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း နှင့် ဒု-သမ္မတ(၁) တို့အပေါ်တွင် SANCTION ပိတ်ဆို့မှုကိုဖွင့်လှစ်မပေးသင့်သလိုစီစစ်အရေးယူသင့်ပေသည်။ 


ဝန်ကြီးဌာနတွင်းအကျင့်ပျက်ခြစားမှုများကိုလည်းလျှပ်စစ်(၁)ဝန်ထမ်းများမှတဆင့်နားမဆံ့အောင် ကြားနေရပါသည်။
(ဥပမာ) .....
*** တနင်္သာရီတိုင်းဆလုံတိုင်းရင်းသားကျွန်းသူကျွန်းသားတစ်ရွာလုံးကိုသတ်ဖြတ်ခဲ့သည့် သတ်ဖေါ်သတ်ဖက် တပည့်များအားလျှပ်စစ်(၁)ဌာနအတွင်းရာထူးနေရာ ကောင်းကောင်းမြင့်မြင့်များ ပေးထားခြင်း၊ 


*** ဝန်ထမ်းရေးရာရာထူးတိုးမြှင့်မှုများတွင်ငွေများစွာရယူ၍ မတန်မရာရာထူးများအား မတန်တဆ မတရားတိုးမြှင့်ပေးထားခြင်း၊


*** စစ်ဘက်မှကူးပြောင်းလာသောဝန်ထမ်းများအား အရပ်ဘက် နဂိုရှိပြီး ပညာရှင် ဝန်ထမ်းများထက်အခွင့်အရေးပိုမို ပေးပြီး ခွဲခြားဖိနှိပ်ဆက်ဆံသလို ပညာရှင်များ ကိုလည်းတန်ဖိုးမထားခြင်း၊


*** ဝန်ကြီးဌာနအတွက်ခွဲဝေရရှိသောအမျိုးအစားကောင်းမွန်သည့်မော်တော်ယာဉ်အစီး 
 (၃၀)ကျော် အား လက်အောက်အရာထမ်းမျာအတွက်ခွဲဝေပေးခြင်းမရှိဘဲဝန်ကြီးသုံးအရံယာဉ်များအဖြစ် မောင်ပိုင်စီးထားခြင်းနှင့်အဆိုပါယာဉ်များအတွက်ခွဲဝေရသည့် စက်သုံးဆီများအား ရုံးအဖွဲ့မှုးမှတဆင့်ရောင်းချ၍ကိုယ်ကျိုးအတွက်သိမ်းယူခြင်း၊


*** ဝန်ကြီးအဆင့်မှမတရားမှုများရှိနေတော့အောက်ကစစ်ဘက်အရာထမ်းများကပါ လိုက်လံအတုခိုး အကျင့်ပျက်ချစား လာသည်မှာ နေပြည်တော် အထက်ပေါင်းလောင်းနှင့်နန်ချို
စီမံကိန်းများမှ စက်သုံးဆီ၊ဘိလပ်မြေ၊သံချောင်းလုံးများစွာအသုံးပြု၍နေအိမ်တိုက်တာများ ဆောက်လုပ် နေကြသည်မှာမြင်မကောင်းအောင်ဖြစ်နေပြီးတိုင်းပြည်ဧ။် ဘဏ္ဏာငွေမြောက်မြားစွာလေလွင့်ဆုံးရှုံး နေကြောင်း ဓါတ်ပုံနှင့် စာရင်းအထောက်အထားများအရ သိရှိရခြင်း၊ 


*** ဝန်ကြီးဌာနစီမံကိန်းမှန်သမျှ၏ စီမံကိန်းပစ္စည်းမှန်သမျှသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုလည်း သားကြီးဒေါက်တာအာကာဇော်ဧ။်ရွှေဝါလှိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီကဘဲသယ်ယူဆောင်ရွက်ခွင့်ရှိပြီး ဈေးနှုန်းကြီးမြင့်သလိုပျက်စီးမှုဖြစ်လာရင်လည်းသက်ဆိုင်ရာစီမံကိန်းကသာဖြေရှင်းရခြင်း၊


ဝန်ထမ်းများဝတ်ဆင်တဲ့ပုဆိုး၊ထမီအစုတ်ပလုပ်ကအစလုပ်ငန်းကြီးတွေအထိလက်ဝါးကြီးအုပ် မတရားရယူကာ ဌာနကြီးတစ်ခုလုံးရဲ့ ဘတ်ဂျက်တစ်ခုလုံးသိမ်းပိုက်ပြီး တသက်စာစားမကုန်အောင်ရှိနေ
ရက်နဲ့ ထပ်၍ထပ်၍လောဘဇောတိုက်နေတဲ့ဒီလိုဝန်ကြီးမျိုးတွေဟာ Clean Government
Good Goverment လို့အော်နေတဲ့ သမ္မတကြီးနဲ့မှန်ကန်တဲ့ အချို့ ဝန်ကြီးများမှစီစစ်
ဖေါ်ထုတ်ဟန့်တားသင့်ပါသည်။


*** နေ့စဉ်ရုံးတက်နေရတဲ့ဝန်ထမ်းများကိုတောင် ရုံးရဲ့ အလယ်ဝင်ပေါက်ကဝင်ခွင့်မပြုဘဲ ဝန်ကြီးနဲ့ညွှန်ချုပ်များသာ ဝင်ခွင့်ပြုထားတာဟာအလုပ်လုပ်နေတဲ့နိုင်ငံ့ဝန်ထမ်းများကို တိရိစ္ဆာန်ကဲ့သို့ဆက်ဆံပြီး လူ့ဂုဏ်သိက္ခာကိုချိုးဖဲ့သလိုခံစားနေရကြောင်း၊ 


*** လျှပ်စစ်အောက်ခြေဝန်ထမ်းတွေအဖို့အလုပ်ကိုသာညအချိန်မတော်အထိ အနိုင်ကျင့်ခိုင်းစေတာခံနေရပြီး ရာထူး၊ဝင်ငွေ၊ပျော်ရွှင်မှု၊မိသားစုအရသာဘာမှမျှော်လင့်ချက်မရှိ ဘဝတွေပျက်နေရကြောင်း၊ ရင်ဖွင့်တာကို စိတ်မကောင်းစွာထပတူခံစားလိုက်ရပါသည်။


ဒီလိုအဖြစ်ပျက်မျိုးတွေအခြားဝန်ကြီးဌာနတွေမှာလည်း ...
(ဥပမာ- စည်ပင်သာယာလို၊ ဆောက်လုပ်ရေးလို၊ စီးပွါးကူးသန်းလို၊ အကောက်ခွန်လို၊ လ၀ကလို)
ရှိနေနိုင်တာ မို့သမ္မတကြီးဦးသိန်းစိန်ထံ(သို့)လွှတ်တော်ဥက္ကဌကြီးထံသို့ ယင်းဌာနများအားထဲထဲဝင်
ဝင်လေ့လာစုံစမ်း၍ထိရောက်စွာပြောင်းလဲပြင်ဆင်ပြုပြင်သင့်ပါကြောင်းအကြံပြုတင်ပြ
အပ်ပါသည်။


 
ဧရာဝတီမြစ်ပေါ်တွင်တည်ဆောက်မည့် ဆည်တည်နေရာပြမြေပုံ 


(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။