အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းသည် ၀န်ကြီးဌာနရှိ ညွှန်ချူပ်အဆင့်မှ ဒုတိယညွှန်ကြားရေးမှူးအဆင့်ထိ အရာထမ်းများအား (၆-၂-၂၀၁၂) နေ့ ညနေ (၃) နာရီတွင် ၀န်ကြီးရုံအစည်းအဝေးခန်းမတွင် တံခါးပိတ်ခေါ်ယူဆွေးနွေးကာ သွေးအေးအေးဖြင့် ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။
- အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီှးဌာနမှ အရာထမ်းတစ်ဦး၏ ပေးစာ (၁)(၂)(၃) ပါ
သစ်ထူးလွင် Web Site တွင် ဖော်ပြထားသည်မှာ မဟုတ်မှန်ကြောင်း၊
သစ်ထူးလွင် Web Site တွင် ဖော်ပြထားသည်မှာ မဟုတ်မှန်ကြောင်း၊
- Political Trap (နိုင်ငံရေးထောင်ချောက်) တစ်ခုသာဖြစ်ကြောင်း၊
- ဆန့်ကျင်ဖက်အဖွဲ့အစည်းများက မီဒီယာမှတဆင့်ဝန်ကြီးဌာနအတွင်းသတင်းပေးများမွေးမြူကာ နိုင်ငံရေး ထောင်ချောက် ဆင်လူပ်ရှားခြင်းဖြစ်ကြောင်း၊ ဒါကို မယုံကြည်ကြစေလိုကြောင်း၊
- ရာထူးတိုးမြှင့်ပေးခြင်းကိစ္စရေးထားသည်မှာ တော်တော်ရီရကြောင်း ရာထူးမရသူက စိတ်ထင်ရာရေးခြင်းဖြစ်ကြောင်း၊
- ရဲရွာပျက်စီးမူပြဿနာဆိုသည်မှာ မီးထုတ်နိုင်သည့်ဌာနကထုတ်နိုင်ပြီး လက်ခံရမည့် ဌာနက မယူနိုင်သည့် ပြဿနာသာဖြစ်ကြောင်း၊
- မြစ်ဆုံချီဖွေ လိုင်ဇာ စီမံကိန်းတွေအတွက်အရင်ထဲက Frame Work Agreement ထိုးထားပြီး ဖြစ်ကြောင်း၊ အခုမှ ထိုးခြင်းမဟုတ်ကြောင်း၊
- နိုင်ငံရေးပြဿနာဖြစ်သောကြောင့် ချဲ့ကားမရေးသင့်ကြောင်း၊ မီးလောင်ရာ လေပင့်ခြင်းသာဖြစ်ကြောင်း၊
- ဆလုံကျွန်းမှ လူသတ်မူဆိုတာ တကယ်မဟုတ်ကြောင်း၊ စစ်ပြေးပြည်ပြေးအောင်လင်းထွဋ်ထမင်းစားစရာ မရှိလို့ လီဆယ်လုပ်စားခြင်းသာဖြစ်ကြောင်း၊
- ရုံးအဆောက်အဦးအလယ်မှန်ပေါက်ကြီးက မ၀င်ရဘူးဆိုတာ လုံခြုံရေးအရတားမြစ်တာဖြစ်ကြောင်း၊
- ညအချိန်မတော်ခိုင်းတာ ၀န်ကြီးနှင့် မဆိုင်ကြောင်း၊ သက်ဆိုင်ရာဌာန ညွှန်ချူပ်တွေနဲ့သာဆိုင်ကြောင်း၊
- ရုံးရှေ့မှာ ဆိုင်းဘုတ်ကိုင်ဆန္ဒပြခွင့်တောင်းတာကတော့ နိုင်ငံရေးထဲ ပါသွားကြောင်း၊ MPT ဆက်သွယ်ရေးကွန်ယက်မှတဆင့် ထောက်လှမ်းရေး နှင့် ပညာရှင်တို့ဖြင့် လိုက်ပါက သိနိုင်ပြီး အန္တရာယ်ဖြစ်လာမှာမို့ ရပ်တန်းကရပ်ကြရန်သတိပေးကြောင်း၊
- နိုင်ငံရေးထောင်ချောက်ထဲဆက်မ၀င်ကြရန် သတိပေးကြောင်း၊
- သားသမီးများ၏ စီးပွားရေးများသည်လည်း သမ၀ါယမ၀န်ကြီးဌာနကတည်းကသာဖြစ်ကြောင်း၊
- အောက်ခြေ၀န်ထမ်းများကိုလည်း သေချာရှင်းပြကြရန်လိုကြောင်း တို့ကို ပြောကြားသွားခဲ့ပါသည်။
ဒုဝန်ကြီး ဦးမြင့်ဇော်မှ ဒေါသတကြီးဆက်လက်ပြောကြားသွားရာတွင် ....
- ဒါဝန်ကြီးနဲ့ ၀န်ထမ်းတွေကို သွေးခွဲခြင်းသာဖြစ်ကြောင်း၊
- မိမိသည် ၀န်ကြီးကိုယ်တိုင်တင်မြှောက်ခဲ့သည့် အင်ဂျင်နီယာ ဒုဝန်ကြီးတစ်ယောက်ဖြစ်သောကြောင့် ယခုလို အဖြစ်အပျက်မျိုးကို လက်မခံနိုင်ကြောင်း၊
- ၀န်ထမ်းစည်းမျဉ်းနဲ့အညီ လှို့ဝှက်ချက်တွေမပေါက်ကြားအောင်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊
- ချီဖွေကိစ္စပေါက်ကြားသည်ကို ခွင့်မလွှတ်ကြောင်း၊ ကွန်းစီမံကိန်းတမံ Spill Way တွင် Land Slide ဖြစ်မူသည် Geology Condition Complex ကြောင့်သာဖြစ်ကြောင်း၊
- အလားတူ ရဲရွာစီမံကိန်းပျက်စီးမူအခြေအနေများသည်လည်း တမံအောက်ပိုင်းနေပြည်သူများ အချိန်မတိုင်မီ ထိတ်လန့်တုန်လူပ်မည်ကိုစိုးရိမ်သောကြောင့် သိုဝှက်ထားရခြင်းဖြစ်ကြောင်း၊
- အချိန်တန်ပါက သတိပေးကြေညာမည်ဖြစ်ကြောင်း၊ အချိန်မတိုင်မီ မဖွကြစေလိုကြောင်း၊ ၀န်ကြီး နဲ့ဌာန ကို ၀ိုင်းဝန်းကာကွယ်ပေးကြရန် ဖြစ်ကြောင်း ပြောကြားသွားပါသည်။
အဆိုပါ အစည်းအဝေးခန်းမသို့တက်ရောက်ရာတွင် လက်ကိုင်ဖုန်းများအား အခန်းအပြင်ဘက်တွင် စစ်ဆေးကာ ချန်ထားခဲ့ရပါသည်။ ၀န်ကြီးပြောသော Political Trap ကိုလက်မခံနိုင်ပါ။ ဆန့်ကျင်ဘက် အဖွဲ့အစည်းဆိုသည်မှာ ဘာကိုဆိုလိုပါသလဲ ? ဆန့်ကျင်ခြင်းမဟုတ်ပါ ပွင့်လင်းစွာ၊ အမှန်တရားကို ထုတ်ဖေါ်တင်ပြခြင်းဖြစ်ပါသည်။ မီဒီယာသည်လည်း ပြည်သူ၊ ၀န်ထမ်းသည်လည်း ပြည်သူသာဖြစ်ပါသည်။ တိုင်းပြည်ကောင်းကျိုးကို လိုလားသူများဖြစ်ပါသည်။ ရန်သူများမဟုတ်ပါ။ ၀န်ကြီးကိုလည်း ရန်သူဟုသဘောမထားပါ။ စီမံအုပ်ချူပ်မူပုံစံ အားနည်းမူများကို ပြုပြင်နိုင်ရန် ရင်ဖွင့်ခြင်းသာဖြစ်ပါသည်။
ကွန်းစီမံကိန်းသည် ဘူမိဗေဒရူပ်ထွေးမူအရဟုဆိုပါက အကောင်အထည်ဖေါ်ကတည်းက နိုင်ငံတကာတွင်ဆောင်ရွက်သကဲ့သို့ Treatment လုပ်ပေးပြီးမှ ဆက်လက်အကောင်အထည်ဖေါ် ရမည်ဖြစ်ပါသည်။ အခြေအနေမှန်ကို သိလိုလျှင် သက်ဆိုင်ရာ တည်ဆောက်ရေး (၃) ညွှန်ကြားရေးမှူး၏ အရည်အသွေးနှင့် လေလွင့်မူများကို လက်တွေ့လေ့လာကြည့်နိုင်ပေသည်။
အလားတူ ရဲရွာစီမံကိန်း၏ အခြေအနေမှန်ကိုသိလိုပါကလည်း သက်ဆိုင်ရာ Consultant နှင့် လေလွင့်မသာမူမှတ်တမ်းများ၊ ညွှန်ကြားရေးမှူး (တည်ဆောက်ရေး -၂) အဖြစ်တာဝန်ယူခဲ့သော လက်ရှိ ဒုဝန်ကြီး ဦးမြင့်ဇော်၏ တည်ဆောက်ရေးကာလက ရာဇ၀င်များ၊ တတ်ဆင်ခဲ့သော စက်၏ အရည်အသွေးများ လျှော့ချခဲ့မူများနှင့် လက်ရှိလွတ်မြောက်လာသော ဦးခင်ညွန့်အဖွဲ့အသီးသီး၏ ယင်းကာလက တင်ပြခဲ့သော Report များကိုလေ့လာလျှင် အမှန်တရားများကို သိနိုင်မည်ဖြစ်ပါသည်။
ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဟု ပြောနေသောငြား မိမိကိုယ်တိုင်ကမူ သမ္မတကြီး၏ လမ်းညွှန်ချက်နှင့် အညီ Clean Government အဖြစ်ဖြောင့်မတ်မှန်ကန်ပြီး တရားမျှတမူရှိသော ခေါင်းဆောင်ကောင်းအဖြစ်ဘာကြောင့် မပြုမူနိုင်ရပါသလဲ ? နိုင်ငံတော်ရဲ့ လှို့ဝှက်ချက်မပေါက်ကြားအောင် ၀န်ထမ်းများ ထိန်းသိမ်းရမည်ဟု ဆိုသော်လည်း ချီဖွေကိစ္စသည် လှို့ဝှက်ချက်မဟုတ်ပါ။ ပြည်သူအားလုံး သိရမည့်ကိစ္စသာဖြစ်ပါသည်။
MPT ပညာရှင်နှင့် ထောက်လှမ်းရေး မှတဆင့် စုံစမ်းအရေးယူမည်ဟု ခြိမ်းခြောက်ပါသည်။ ယခုခေတ်သည် အဆိုပါနည်းဖြင့် အနိုင်ကျင့် မတရားဖမ်းဆီးနှိပ်စက်လို့ရသည့်ခေတ်မဟုတ်ပါ။ အမှန်တရားကို မိမိဖော်ထုတ်နိုင်မည့် နေရာမှ ဘ၀တူဝန်ထမ်းများ၊ ပြည်သူများနှင့် ထပ်တူ ခံစားတင်ပြခဲ့ခြင်းသာဖြစ်သောကြောင့် လုံးဝကြောက်ရွံမည်မဟုတ်ပါ။ ရုံးအမှတ် (၃၈) ရှေ့တွင် ဆိုင်းဘုတ်ကိုင် ဆန္ဒ ပြခွင့်တောင်းခြင်းသည် လက်မခံနိုင်ပဲ နိုင်ငံရေးထောင်ချောက်ဟုဆိုပါသည်။ ဘာကိုဆိုလိုဘာလဲ ?
လက်လုပ်လက်စား နေ့စားအလုပ်သမားမှ နိုင်ငံတော်သမ္မတအထိ လူပ်ရှားရုန်းကန် ဆောင်ရွက်နေသမျှတို့သည် မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိနိုင်ငံအတွင် ဆောင်ရွက်နေကြသော နိုင်ငံရေးသာဖြစ်ပါသည်။ နိုင်ငံတော်၏ ဘဏ္ဍာငွေအား အကျင့်ပျက် မိုက်မဲသော စိတ်ဖြင့်ရယူခြင်း၊ တရားမျှတမူကင်းမဲ့စွာဖြင့် ၀န်ထမ်းပြည်သူတို့အပေါ် စီမံအုပ်ချူပ်ခြင်းကို ဆောင်ရွက်သော ပုဂ္ဂိုလ်များသာ နိုင်ငံတော်အပေါ် သစ္စာဖောက်သော ထောင်ချောက်ဆင်ထားသည့် မြေမြှပ်မိုင်းဗုံးများသာဖြစ်ပါသည်။ အမှန်တရားအတွက် အကြောက်တရားများ ရှိမည် မဟုတ်ပါကြောင်း လျှပ်စစ် (၁) မှ မြေမြှပ်မိုင်းထောင်ချောက်ဆင်သူများအား သိစေအပ်ပါသည်။
မိမိတို့ မျှော်မှန်းထားသည့် နိုင်ငံတော်သစ်ကြီးဖြစ်ပြီး သန့်ရှင်းသော အစိုးရပီပီပြင်ပြင် ဖြစ်ချိန်တွင်
လျှပ်စစ် (၁) ၀န်ကြီး မုန်းတီးလှစွာသော စာပိုင်ရှင်သည် မည်သည့်ဝန်ထမ်းဖြစ်ကြောင်းလေးစားစွာ ဖွင့်ဟ ၀န်ခံမည်ဖြစ်ပါသည်။ (၈-၂-၂၀၁၂) နေ့ နံနက် (၉) နာရီတွင် ၀န်ကြီး ဌာနပညာရပ်အလုပ်ရုံဆွေးနွေးပွဲတွင် ရေအားလျှပ်စစ်စီမံရေးဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦး ဆွေးနွေးတင်ပြသွားခဲ့သည့် Personality Development စာတမ်းအား ၀န်ကြီးလည်း နားထောင်လိုက်ရမည်ဟု ထင်ပါသည်။ အဆိုပါစာတမ်းသည် ၀န်ကြီး၊ ဒုဝန်ကြီးနှင့် အပေါင်းအပါများအတွင်ကိုက်ညီမူရှိပြီး ထိုသို့ပင်ရည်ညွှန်းမှတ်ယူနိုင်ပါကြောင်း လေ့လာသင်ယူစေလိုကြောင်း ဖော်ပြအပ်ပါသည်။
ဆလုံတိုင်းရင်းသားကျေးရွာ လူမျိုးတုံးသတ်ဖြတ်မူကို ဦးဇော်မင်းမှ ငြင်းဆိုသွားပါသည်။ မိမိတို့ထံရှိ အထောက်အထားများအရ ယခင်ပုပ္ပါးပိုဇိုလန်ရှိ စက်ရုံမူး ယခု လွှတ်တော်ကိုယ်စားလှယ် နှင့် ရေအားလျှပ်စစ်အကောင်အတည်ဖေါ်ရေး ဦးစီးဌာ ညွှန်မူး (၂) ဦးပါဝင်ကြောင်းကိုတော့ သိရှိရပါသည်။ တပ်မတော်အရာရှိဟောင်း ဦးအောင်လင်းထွဋ်မှ လီဆယ်ထားခြင်းဖြစ်ကြောင်း ဦးဇော်မင်းမှ စွပ်စွဲထားသည့်အတွက် အဖြစ်မှန်နှင့် ပါဝင်သူများကို ဖော်ပြပေးပါရန် တပ်မတော်အရာရှိဟောင်း ဦးအောင်လင်းထွဋ်အားမေတ္တာရပ်ခံပါသည်။
Source - ThitHtoolwin
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။