အောက်ပါ
သတင်းအချက်အလက်များအရ နိုင်ငံတော်သမ္မတကြီးနဲ.ပြည်ထဲရေးဝန်ကြီးခင်ဗျား၊ ဘာကြောင့်
ဒီလောက်ခိုင်မာနေတဲ့ နိုင်ငံသားတစ်ယောက်ကိုမတရား မင်းမဲ့စရိုက်ဆန်စွာပြုမှုခံနေရခြင်းကို
အခုအချိန်အထိ အရေးယူဆောင်ရွက်မှုမပြုကြတာလဲခင်ဗျာ.... ဆိုပြီး ပေးပို့လာသည့်ပေးစာ တစ်စောင်ကို ပြည်သူများသိအောင် U.V.I မှ ဖော်ပြပေးလိုက်ပါတယ်....
အမေဖြစ်သူမကြူ မှ သမီးဖြစ်သူ မအေးယုအောင် မီးပူနှင့် အကပ်ခံရကြောင်း စတင်သိရှိချိန်မှစ၍ နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သည်များ ကို ပင်ပန်းခံပြီး စုံစမ်းခဲ့တဲ့ မြန်မာဂျာနယ်လစ်တစ်ယောက်ကြောင့် အောက်ပါ ပေးစာပါ စကားပြော အချက်များ ကို သိခွင့်ရခဲ့ပါသည်။
မကြူသည် သမီးဖြစ်သူ မီးပူနှင့်အကပ်ခံရကြောင်း ဖြစ်စဉ်အား ဧပြီ၎ရက်၌ ကျောက်ကြီးတွင်
ဦးအောင်ဖုန်းဝင်းသည် ကားကို ပဲခူးတရားရုံး ရှေ့မှ စတင်ထွက်ခွါပြီးလျှင် ပဲခူးရွှေမော်ဓောဘုရားကို ကားဖြင့် (၁၅)ပတ်ခန့် ပတ်ပြီးမောင်းနှင်ပါသည်။ မကြူက “ဆရာရယ် ခေါင်းတွေလည်းအရမ်းမူးနေပါပြီ ၊ ဘာ့ကြောင့် အဲ့လို မောင်းနေတာလဲ” ဟုမေးရာ ဦးအောင်ဖုန်းဝင်းက “ဒီအချိန်မှာ သတင်းထောက်တွေကလည်း လိုက်နေပြီ ၊ အရမ်း အရေးကြီးနေပြီ” ဟု ဦးအောင်ဖုန်းဝင်းက ပြန်လည်ဖြေကြားသည်။ ထို့နောက် ပဲခူးဘက်မှ ကျောက်ကြီးဘက်သို့ ပြန်ရာ လမ်းကြောင်းအတိုင်းမောင်းနှင်လာပြီး ထမင်းဆိုင်တစ်ဆိုင်အတွင်း ၀င်နား၍ တခုခုစားသောက်ရန် ပြောဆိုပါသည်။ မကြူက ဘာမျှမစားလိုကြောင်း၊ သမီးကိုသာတွေ့ လိုကြောင်း ပြောဆိုပါသည်။
ဦးအောင်ဖုန်းဝင်းက မကြူအား “ မင်းကိုတစ်ခုပြောရဦးမယ်၊ မင်းရဲ့သမီးမှာ မင်းအိမ်က လာကတဲက ဆီပူလောင်ကွက်ကြီးရှိနေတယ်နော်” ဟု ပြောဆိုပါသည်။ မကြူက “ဆရာ အပိုတွေမပြောပါနဲ့၊ ကျွန်မအိမ်မှာ ဆီနဲ့ ပြားနဲ့မစားနိုင်လို့ ဆရာအိမ်မှာ အပ်ထားရတာပါ။” ဟု ပြောပါသည်။ ဦးအောင်ဖုန်းဝင်းက “ မင်းကလေးက မင်းအိမ်က လာကတဲက ဆီပူလောင်ကွက်ကြီး ပါလာတာဘဲ”ဟု ထပ်မံပြောဆိုရာ မကြူက ထိုကဲ့သို့ မပြောရန်၊ ပိုက်ဆံရှိတိုင်း ထင်တိုင်းမကြဲရန် ပြောဆိုသောအခါတွင် ဦးအောင်ဖုန်းဝင်း အနည်းငယ် ငြိမ်သွားပါသည်။
ထိုအချိန်တွင် ရဲကားတစ်စီး ဆိုက်ရောက်လာပြီး အရပ်ဝတ်၇ဲအချို့ ဆိုင်ထဲဝင်ရောက်လာကာ အခြားစားပွဲဝိုင်းတွင် ၀င်ထိုင်ကြပါသည်။ ထိုဝိုင်းက ရဲသားတစ်ဦးက “အင်တာနက်မှာ တင်လိုက်တဲ့ ကလေးရဲ့ အမေက ဒီသတင်းကို မသိသေးတာပဲ ဖြစ်လိမ့်မယ်။ သူတို့ဒေသမှာလည်း အင်တာနက်မရှိလို့ မသိသေးတာပဲဖြစ်မယ်။ အခုအချိန်မှာသာ ရောက်လာခဲ့ရင် ကလေးရဲ့ အမေဘက်ကနေ ကူညီထောက်ပံ့ပေးမယ်၊ ကလေးအမေကို သိချင်၊တွေ့ချင် လိုက်တာ” ဟု အချင်းချင်း ပြောဆိုပါသည်။ ဦးအောင်ဖုန်းဝင်းသည် ထိတ်လန့်ဟန်ဖြင့် မျက်နှာ အမူအယာပျက်ကာ ထိုရဲများကိုကြည့်နေသည်။ မကြူကမူ ထိုရဲများကို ထပြောပြီးအကူအညီတောင်းခံရန် စဉ်းစားမိသေးသော်လည်း ကလေးနှင့် မတွေ့ရသေးသည့်အတွက် ပြောသင့် မပြောသင့် စဉ်းစားနေစဉ်ပင် ဦးအောင်ဖုန်းဝင်းက “သွားမယ်၊သွားမယ်” ဟုဆိုကာ ချက်ခြင်း ပြန်ထွက်လာကြသည်။
ထို့နောက် ကားကို ရန်ကုန်သို့မောင်းနှင်လာပါသည်။ မကြူက “ဘာကြောင့်ရန်ကုန်ကိုမောင်းရတာလဲ၊ ကျွန်မသမီး ပြဿနာဖြစ်တာပဲခူးမှာ ဖြစ်တာလေ”ဟု ပြောဆိုမေးမြန်းရာ ဦးအောင်ဖုန်းဝင်းက သူ့မိန်းမ ဘုရားဖူးခရီး ထွက်သွားကြောင်း၊ ကလေးသည် ရန်ကုန်တွင်ရှိကြောင်း ပြန်လည်ပြောဆိုပါသည်။
ရန်ကုန်၊မရမ်းကုန်းမြို့နယ်ရှိ အိမ်တစ်အိမ်သို့ ရောက်သောအခါ မကြူအား အိမ်တွင်ထားခဲ့ပြီး ကိုသက်တင်နှင့် လက်ဖက်ရည်ဆိုင်သို့သွားမည်ဖြစ်ကြောင်း ဦးအောင်ဖုန်းဝင်းက ပြောဆိုသည်။ မကြူက မေးရာတွင် ကိစ္စရှိ၍ သွားတာဖြစ်ကြောင်းသာ ပြောဆိုပြီးထွက်သွားပါသည်။ ည ၈နာရီခန့်မှ ပြန်ရောက်လာကြသည်။ မကြူသည် ကလေးကိုလည်းမတွေ့ရသေးသဖြင့် ဒေါသဖြစ်ကာ ထိုင်ငိုပြီး ကလေးကိုတွေ့လိုကြောင်းပြောရာ “မင်း စိတ်မပူနဲ့၊ ငါ့အမျိုးအိမ်မှာထား ထားတယ်။ အခုလာနေပြီ” ဟု ဦးအောင်ဖုန်းဝင်းက ပြောဆိုပြီးကားဖြင့် ပြန်ထွက်သွားပါသည်။
ည ၉နာရီခန့် အချိန်တွင်မှ ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူဝင်းသက်၊ မအေးယုအောင် နှင့် အခြားအမျိုးသမီးများပါ ရောက်ရှိလာပါသည်။ ဦးအောင်ဖုန်းဝင်းနှင့် အမျိုးသမီးများက သားအစ်မိနှစ်ဦး စကားပြောဆိုရာအနားတွင် စောင့်၍နေကြပါသည်။ လွတ်လပ်စွာ စကားပြောဆိုရခြင်းမဟုတ်ပါ။ မကြူက သမီးဖြစ်သူအား “မတ် ၂၅ ရက်က တရားသူကြီှးရဲ့ ဇနီးက သမီးကို မီးအိုးနဲ့ ထိုးသတ်ခဲ့တယ်ဆိုတာ ဟုတ်သလား”ဟု မေးရာတွင် ကလေးက “သမီးခံစားရတာ သမီးပဲ သိတယ်၊ သမီးကို အဲ့ဒီအကြောင်းတွေ မမေးပါနဲ့” ဟု ငိုကာပြောဆိုပါသည်။ ထို့နောက် မအေးယုအောင်က ထိုဒဏ်ရာတွေ အိပ်ငိုက်ရာမှ ရရှိခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

မကြူ လက်ဗွေနှိပ်ခဲ့သည့် သဘောတူညီမူ စာချူပ်
(U.V.I)

မအေးယုအောင် ဈေးထဲတွင် သူမီးပူနှင့် အကပ်ခံရပြီး နှိပ်စက်ခံရကြောင်း ပြောဆိုနေစဉ်
မကြူသည် သမီးဖြစ်သူ မီးပူနှင့်အကပ်ခံရကြောင်း ဖြစ်စဉ်အား ဧပြီ၎ရက်၌ ကျောက်ကြီးတွင်
နေထိုင်သူတစ်ဦး၏
သူငယ်ချင်းက ရန်ကုန်မှ ဖုန်းဆက်ပြောခြင်းကြောင့်သာ တဆင့် ပြန်လည်သိရှိရခြင်း ဖြစ်သည်။ ထို့ကြောင့် ကျောက်ကြီးရဲစခန်းသို့သွားရောက်အကူ အညီတောင်းခံရာ ရဲစခန်းမှူးက ပဲခူးအမှတ်(၃)ရဲစခန်းသို့
ကူညီစုံစမ်းပေးပါရန် အကူအညီတောင်းခံစာ
တစ်စောင်ရေးပေးပါသည်။
အမျိုးသမီးရေးရာ အဖွဲ့သို့အကူအညီတောင်းခံရာတွင် သူတို့ ဘာမျှမတတ်နိုင်ကြောင်းပြောဆိုပါသည်။ ထိုနေ့တွင်ပင် ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၏
ကူညီမှုဖြင့် တရားသူကြီးဦးအောင်ဖုန်းဝင်းနှင့်
ပထမအကြိမ် စကားပြောခွင့်ရပြီး မနက်ဖြန်
ပဲခူးသို့ လာရန်
ဦးအောင်ဖုန်းဝင်းက ပြောသည်။ မကြူ ပဲခူးသို့သွားနိုင်ရန် ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက ငွေနှစ်သောင်းထုတ်ပေးပြီး ရပ်ကွက် အုပ်ချူပ်ရေးရုံးမှ စာရေး
ကိုသက်ဆွေဆိုသူအား အဖော်အဖြစ် ထည့်ပေးပြီး
ကလေးကိုပြန်ခေါ်လာနိုင်စေရန်
အကူအညီပေးရန်မှာကြားလိုက်သည်။
ဧပြီ ၅ ရက်တွင် ဦးအောင်ဖုန်းဝင်းရုံးထိုင်ရာ ပဲခူးတရားရုံး ဦးအောင်ဖုန်းဝင်း၏ ရုံးခန်းတွင် သွားရောက်စောင့်ဆိုင်းပြီး စာရေးဖြစ်သူ မသဲနုအောင်ထံ အကူအညီတောင်းခံ၍ ဦးအောင်ဖုန်းဝင်းထံ တယ်လီဖုန်းဆက်သွယ်ပေးရန် ပြောကြားသည်။ ခဏအကြာတွင် မသဲနုအောင်က “ မကြူ၊ တို့နှစ်ယောက် မှော်ကန်ကိုသွားမယ်၊ ဆိုက်ကားနဲ့။ ဆရာကအဲ့ဒီမှာတွေ့ချင်တယ်လို့ ချိန်းလိုက်တယ်” ဟု လာရောက် ပြောဆိုရာ မကြူကမဖြစ်နိုင်ကြောင်း၊ မသွားလိုကြောင်းငြင်းဆိုရာ မသဲနုအောင်က “ ဘာမှ မဖြစ်စေရပါဘူး၊ ဆရာက နှစ်ယောက်တည်းတွေ့ပြီး စကားပြောစရာရှိတယ်”ဟု ဆရာက ပြောကြောင်း ပြောဆိုပါသည်။ သို့ရာတွင် မကြူက အဖော်လိုက်ပါလာသူ ကိုသက်တင်မပါလျှင် မသွားလိုကြောင်း ငြင်းဆိုခဲ့ပါသည်။ ထို့ကြောင့် ဦးအောင်ဖုန်းဝင်း ချိန်းဆိုရာသို့ မသွားဖြစ်ခဲ့ပါ။
ထို့နောက် မသဲနုအောင်က ဦးအောင်ဖုန်းဝင်းထံ တယ်လီဖုန်းဆက်ရာ ၇ုံးသို့ မလာပဲ တနေရာရာတွင်စောင့်နေမည်ဖြစ်ကြောင်း၊ မကြူအား သူ၏ကားရှိရာသို့ လိုက်လံပို့ဆောင်ပေးရန် ပြောဆိုကြောင်းသိရသည်။ ထို့နောက် ကိုသက်တင်နှင့် မကြူကိုခေါ်ဆောင်ကာ မသဲနုအောင်က ဦးအောင်ဖုန်းဝင်ကား၇ှိရာသို့ လိုက်လံပို့ဆောင်ပါသည်။
ဧပြီ ၅ ရက်တွင် ဦးအောင်ဖုန်းဝင်းရုံးထိုင်ရာ ပဲခူးတရားရုံး ဦးအောင်ဖုန်းဝင်း၏ ရုံးခန်းတွင် သွားရောက်စောင့်ဆိုင်းပြီး စာရေးဖြစ်သူ မသဲနုအောင်ထံ အကူအညီတောင်းခံ၍ ဦးအောင်ဖုန်းဝင်းထံ တယ်လီဖုန်းဆက်သွယ်ပေးရန် ပြောကြားသည်။ ခဏအကြာတွင် မသဲနုအောင်က “ မကြူ၊ တို့နှစ်ယောက် မှော်ကန်ကိုသွားမယ်၊ ဆိုက်ကားနဲ့။ ဆရာကအဲ့ဒီမှာတွေ့ချင်တယ်လို့ ချိန်းလိုက်တယ်” ဟု လာရောက် ပြောဆိုရာ မကြူကမဖြစ်နိုင်ကြောင်း၊ မသွားလိုကြောင်းငြင်းဆိုရာ မသဲနုအောင်က “ ဘာမှ မဖြစ်စေရပါဘူး၊ ဆရာက နှစ်ယောက်တည်းတွေ့ပြီး စကားပြောစရာရှိတယ်”ဟု ဆရာက ပြောကြောင်း ပြောဆိုပါသည်။ သို့ရာတွင် မကြူက အဖော်လိုက်ပါလာသူ ကိုသက်တင်မပါလျှင် မသွားလိုကြောင်း ငြင်းဆိုခဲ့ပါသည်။ ထို့ကြောင့် ဦးအောင်ဖုန်းဝင်း ချိန်းဆိုရာသို့ မသွားဖြစ်ခဲ့ပါ။
ထို့နောက် မသဲနုအောင်က ဦးအောင်ဖုန်းဝင်းထံ တယ်လီဖုန်းဆက်ရာ ၇ုံးသို့ မလာပဲ တနေရာရာတွင်စောင့်နေမည်ဖြစ်ကြောင်း၊ မကြူအား သူ၏ကားရှိရာသို့ လိုက်လံပို့ဆောင်ပေးရန် ပြောဆိုကြောင်းသိရသည်။ ထို့နောက် ကိုသက်တင်နှင့် မကြူကိုခေါ်ဆောင်ကာ မသဲနုအောင်က ဦးအောင်ဖုန်းဝင်ကား၇ှိရာသို့ လိုက်လံပို့ဆောင်ပါသည်။
ဦးအောင်ဖုန်းဝင်းသည် ကားကို ပဲခူးတရားရုံး ရှေ့မှ စတင်ထွက်ခွါပြီးလျှင် ပဲခူးရွှေမော်ဓောဘုရားကို ကားဖြင့် (၁၅)ပတ်ခန့် ပတ်ပြီးမောင်းနှင်ပါသည်။ မကြူက “ဆရာရယ် ခေါင်းတွေလည်းအရမ်းမူးနေပါပြီ ၊ ဘာ့ကြောင့် အဲ့လို မောင်းနေတာလဲ” ဟုမေးရာ ဦးအောင်ဖုန်းဝင်းက “ဒီအချိန်မှာ သတင်းထောက်တွေကလည်း လိုက်နေပြီ ၊ အရမ်း အရေးကြီးနေပြီ” ဟု ဦးအောင်ဖုန်းဝင်းက ပြန်လည်ဖြေကြားသည်။ ထို့နောက် ပဲခူးဘက်မှ ကျောက်ကြီးဘက်သို့ ပြန်ရာ လမ်းကြောင်းအတိုင်းမောင်းနှင်လာပြီး ထမင်းဆိုင်တစ်ဆိုင်အတွင်း ၀င်နား၍ တခုခုစားသောက်ရန် ပြောဆိုပါသည်။ မကြူက ဘာမျှမစားလိုကြောင်း၊ သမီးကိုသာတွေ့ လိုကြောင်း ပြောဆိုပါသည်။
ဦးအောင်ဖုန်းဝင်းက မကြူအား “ မင်းကိုတစ်ခုပြောရဦးမယ်၊ မင်းရဲ့သမီးမှာ မင်းအိမ်က လာကတဲက ဆီပူလောင်ကွက်ကြီးရှိနေတယ်နော်” ဟု ပြောဆိုပါသည်။ မကြူက “ဆရာ အပိုတွေမပြောပါနဲ့၊ ကျွန်မအိမ်မှာ ဆီနဲ့ ပြားနဲ့မစားနိုင်လို့ ဆရာအိမ်မှာ အပ်ထားရတာပါ။” ဟု ပြောပါသည်။ ဦးအောင်ဖုန်းဝင်းက “ မင်းကလေးက မင်းအိမ်က လာကတဲက ဆီပူလောင်ကွက်ကြီး ပါလာတာဘဲ”ဟု ထပ်မံပြောဆိုရာ မကြူက ထိုကဲ့သို့ မပြောရန်၊ ပိုက်ဆံရှိတိုင်း ထင်တိုင်းမကြဲရန် ပြောဆိုသောအခါတွင် ဦးအောင်ဖုန်းဝင်း အနည်းငယ် ငြိမ်သွားပါသည်။
ထိုအချိန်တွင် ရဲကားတစ်စီး ဆိုက်ရောက်လာပြီး အရပ်ဝတ်၇ဲအချို့ ဆိုင်ထဲဝင်ရောက်လာကာ အခြားစားပွဲဝိုင်းတွင် ၀င်ထိုင်ကြပါသည်။ ထိုဝိုင်းက ရဲသားတစ်ဦးက “အင်တာနက်မှာ တင်လိုက်တဲ့ ကလေးရဲ့ အမေက ဒီသတင်းကို မသိသေးတာပဲ ဖြစ်လိမ့်မယ်။ သူတို့ဒေသမှာလည်း အင်တာနက်မရှိလို့ မသိသေးတာပဲဖြစ်မယ်။ အခုအချိန်မှာသာ ရောက်လာခဲ့ရင် ကလေးရဲ့ အမေဘက်ကနေ ကူညီထောက်ပံ့ပေးမယ်၊ ကလေးအမေကို သိချင်၊တွေ့ချင် လိုက်တာ” ဟု အချင်းချင်း ပြောဆိုပါသည်။ ဦးအောင်ဖုန်းဝင်းသည် ထိတ်လန့်ဟန်ဖြင့် မျက်နှာ အမူအယာပျက်ကာ ထိုရဲများကိုကြည့်နေသည်။ မကြူကမူ ထိုရဲများကို ထပြောပြီးအကူအညီတောင်းခံရန် စဉ်းစားမိသေးသော်လည်း ကလေးနှင့် မတွေ့ရသေးသည့်အတွက် ပြောသင့် မပြောသင့် စဉ်းစားနေစဉ်ပင် ဦးအောင်ဖုန်းဝင်းက “သွားမယ်၊သွားမယ်” ဟုဆိုကာ ချက်ခြင်း ပြန်ထွက်လာကြသည်။
ထို့နောက် ကားကို ရန်ကုန်သို့မောင်းနှင်လာပါသည်။ မကြူက “ဘာကြောင့်ရန်ကုန်ကိုမောင်းရတာလဲ၊ ကျွန်မသမီး ပြဿနာဖြစ်တာပဲခူးမှာ ဖြစ်တာလေ”ဟု ပြောဆိုမေးမြန်းရာ ဦးအောင်ဖုန်းဝင်းက သူ့မိန်းမ ဘုရားဖူးခရီး ထွက်သွားကြောင်း၊ ကလေးသည် ရန်ကုန်တွင်ရှိကြောင်း ပြန်လည်ပြောဆိုပါသည်။
ရန်ကုန်၊မရမ်းကုန်းမြို့နယ်ရှိ အိမ်တစ်အိမ်သို့ ရောက်သောအခါ မကြူအား အိမ်တွင်ထားခဲ့ပြီး ကိုသက်တင်နှင့် လက်ဖက်ရည်ဆိုင်သို့သွားမည်ဖြစ်ကြောင်း ဦးအောင်ဖုန်းဝင်းက ပြောဆိုသည်။ မကြူက မေးရာတွင် ကိစ္စရှိ၍ သွားတာဖြစ်ကြောင်းသာ ပြောဆိုပြီးထွက်သွားပါသည်။ ည ၈နာရီခန့်မှ ပြန်ရောက်လာကြသည်။ မကြူသည် ကလေးကိုလည်းမတွေ့ရသေးသဖြင့် ဒေါသဖြစ်ကာ ထိုင်ငိုပြီး ကလေးကိုတွေ့လိုကြောင်းပြောရာ “မင်း စိတ်မပူနဲ့၊ ငါ့အမျိုးအိမ်မှာထား ထားတယ်။ အခုလာနေပြီ” ဟု ဦးအောင်ဖုန်းဝင်းက ပြောဆိုပြီးကားဖြင့် ပြန်ထွက်သွားပါသည်။
ည ၉နာရီခန့် အချိန်တွင်မှ ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူဝင်းသက်၊ မအေးယုအောင် နှင့် အခြားအမျိုးသမီးများပါ ရောက်ရှိလာပါသည်။ ဦးအောင်ဖုန်းဝင်းနှင့် အမျိုးသမီးများက သားအစ်မိနှစ်ဦး စကားပြောဆိုရာအနားတွင် စောင့်၍နေကြပါသည်။ လွတ်လပ်စွာ စကားပြောဆိုရခြင်းမဟုတ်ပါ။ မကြူက သမီးဖြစ်သူအား “မတ် ၂၅ ရက်က တရားသူကြီှးရဲ့ ဇနီးက သမီးကို မီးအိုးနဲ့ ထိုးသတ်ခဲ့တယ်ဆိုတာ ဟုတ်သလား”ဟု မေးရာတွင် ကလေးက “သမီးခံစားရတာ သမီးပဲ သိတယ်၊ သမီးကို အဲ့ဒီအကြောင်းတွေ မမေးပါနဲ့” ဟု ငိုကာပြောဆိုပါသည်။ ထို့နောက် မအေးယုအောင်က ထိုဒဏ်ရာတွေ အိပ်ငိုက်ရာမှ ရရှိခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
မကြူက သမီးဖြစ်သူ ကိုယ်ခန္တာအနှံ့ကြည့်ရှုရာတွင်မူ လည်ပင်းတွင်သာမက ၀မ်းဗိုက်၊ ရင်ဘတ်နှင့် လက်တွင်လည်း ဒဏ်ရာများစွာကို
တွေ့ရှိရသည်။ မကြူမှ ကိုသက်တင်အား ခေါ်ပြရာတွင် ကိုသက်တင်က “သြော်…၊အေး..အေး၊
ဟုတ်တယ်နော်” ဟုသာပြောဆိုပါသည်။မိခင်ဖြစ်သူ မကြူမှာ စိတ်မကောင်းကြီးစွာခံစားရသဖြင့်
သမီးဖြစ်သူအား တစ်ပါတည်းပြန်လိုက်ခဲ့ရန်ခေါ်ဆိုသောအခါ
ဦးအောင်ဖုန်းဝင်းက “မထဲ့ပေးနိုင်ဘူး၊ မထဲ့ပေးနိုင်ဘူး၊
ဒီကလေးကို မင်းတို့နဲ့ထဲ့ပေးလိုက်ရင်
ပြသနာတွေတက်မှာ
၊ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးကို ငါ ဆေးကုပေးဦးမယ်၊ မင်းကလေးကို တစ်သက်လုံးတာဝန်ယူတယ်”ဟု
ဝင်ရောက်ပြောဆိုသည်။ မကြူက
မဖြစ်နိုင်ကြောင်း၊
ဆရာမိန်းမက ကျွန်မကလေးကိုမီးအိုးနဲ့
ထိုးသတ်ရန်ပြုလုပ်ကြောင်း၊ရုံးခန်းတွင်
ကလေးကိုအပ်နှံစဉ်က မှဲ့တစ်ပါက်မစွန်းရန်ပြောဆိုအပ်နှံခဲံကြောင်း၊
ဆရာတို့ကလည်း ကတိပေးခဲ့ကြောင်း တို့ကို
ပြန်လည်ပြောဆိုသည်။
ဦးအောင်ဖုန်းဝင်းက “မင်းက ဒီအချိန်မှာ ညှာတာမှုနဲ့ စာနာမှုကို
ဆ၇ာတို့ကိုပေးနိုင်မှာ မဟုတ်တော့ဘူး၊
ပေးမဲ့မိန်းမလည်း
မဟုတ်တော့ဘူး”ဟု ပြောဆိုသည်။ မကြူက “ဆရာ့မိန်းမက ကျွန်မသမီးကို မီးအိုးနဲ့ထိုးသတ်တာလေ၊
ဆရာ့မိန်းမ လုပ်တာမဟုတ်လို့
ဘယ်သူလုပ်တာလဲ” ဟု ပြန်လည်ပြောဆိုချိန်တွင် ဒေါ်ဖြူဝင်းသက်က “နင်က ငါ့အိမ်၊ ငါ့ခြံထဲဝင်ပြီး နင့်သမီးကို ငါက
မီးအိုးနဲ့ထိုးသတ်တယ်လို့ပြောတယ်၊
နင့်ကိုတရားစွဲပြီး
ထောင်ချပစ်မယ်၊ ငါ့ယောင်္ကျားက တရားသူကြီး..နော်”
ဟု ခြိမ်းခြောက်ပြောဆိုသည်။ မကြူက “တရားသူကြီးမကလို့ တရားသူကြီး
အဖေပဲဖြစ်ဖြစ်၊
ငါမကြောက်ဘူး၊ ငါမှန်တဲ့အတိုင်း ပြောနေတာ။ ငါတို့ မရှိလို့၊ ဆင်းရဲလို့ နင့်အိမ်မှာ အိမ်ဖော်အဖြစ်ထားတာ၊ ငါ့သမီးလုပ်ကိုင်တာ မကောင်းရင်၊ မကြိုက်ရင်
ငါ့အိမ်ကိုပြန်ပို့ပါလို့ ပြောထားတာတောင်မှ
ငါ့သမီးကို
သတ်လို့မသေတာကို ပြန်မပို့ပေးတဲ့အပြင်
ငါ့သမီးကိုခြောက်လှန့်ထားသေးတယ်” ဟု ပြန်လည်ပြောဆိုရာ ဒေါ်ဖြူဝင်းသက်က
“ကောင်မ နင်နဲ့ငါ
တွေ့မှာပါ”ဟု ပြောပါသည်။
ဦးအောင်ဖုန်းဝင်းက “မင်းနေ၊ မင်းနေ။ ဒီကိစ္စကိုငါပဲရှင်းလိုက်မယ်။
အခုလောလောဆယ်တော့ မင်းသမီးကို
ထားခဲ့ရမယ်။
အချိန်တွေကြာတယ်။ ဆက်ပြောနေလို့ မဖြစ်တော့ဘူး။ ပြန်ပို့တော့မယ် ”ဟု ၀င်ရောက်ပြောဆိုသည်။ မကြူက ကလေးကို ကိုသက်တင်နှင့်သူမတို့ (၃)ဦးကို တစ်အိမ်ထဲတွင် အတူတူအိပ်ခွင့်
ပေးရန်တောင်းဆိုသော်လည်း ဦးအောင်ဖုန်းဝင်းက
“အတူတူအိပ်ခွင့်
မပေးနိုင်ဘူး၊ ကလေးက အရေးကြီးတယ်”ဟု ပြောဆိုကာ မအေးယုအောင်၊ ဒေါ်ဖြူဝင်းသက်နှင့် အမျိုးသမီးများကို
ခေါ်ဆောင်သွားကာ ပြန်ပို့သည်။ မကြူနှင့်
ကိုသက်တင်တို့ကိုမူ တည်းခိုခန်းတစ်ခုတွင်
အိပ်စေသည်။
နံနက်ခင်းရောက်၍ ဦးအောင်ဖုန်းဝင်မလာခင် မကြူမှ ကိုသက်တင်အား ကလေးကို မရ အရပြန်ခေါ်ရန်ပြောဆိုသောအခါတွင်မူ ကိုသက်တင်က အဲ့လိုမလုပ်သင့်ကြောင်း၊ ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။ မကြူက သမီးကိုသာ ပြန်ခေါ်ရန်ဆန္ဒရှိသည်။ ထို့နောက် ဦးအောင်ဖုန်းဝင်း ရောက်ရှိလာပြီး မနေ့ကကလေးနှင့်တွေ့ဆုံရာအိမ်သို့ ပြန်လည်ခေါ်ဆောင် လာသည်။ ကလေးနှင့် အခြားအမျိုးသမီးများလည်း ရောက်ရှိနေပြီဖြစ်သည်။ ဦးအောင်ဖုန်းဝင်းက “မင်းကို ငွေ ၃ သိန်းပေးလိုက်မယ်ကွာ၊ ဖြစ်မလား” ဟုမေးသည်။

မကြူက
“ မဖြစ်ဘူး၊ ကျွန်မ ငွေမလိုချင်ဘူး၊
သမီးကိုပဲ ပြန်ခေါ်သွားချင်တယ်” ဟု ပြောသည်။ ဦးအောင်ဖုန်းဝင်းက “ အခုကွာ၊ စာရွက်တစ်ရွက်မှာ စာရေးမယ်၊ ကလေးမ ဘုရားဖူးသွားတာ၊ ဘုရားဖူးပြန်တာ၊ လကုန်ရင် ပြန်ပို့မယ်၊ ဒါမှမဟုတ်ရင်လည်း ကားပေါ်တင်ပေးလိုက်မယ် ဆိုတဲ့အကြောင်းကို
စာရေးမယ်။ အဲ့ဒါပဲ။ ဒါပေမဲ့
ဘာပဲဖြစ်ဖြစ်ငွေ
၃ သိန်းကိုတော့ယူသွားလိုက်ပါ” ဟု ပြောရာ
ကိုသက်တင်က မကြူအား “ရှဥ့်လည်းလျှောက်သာ
ပျားလည်းဆွဲသာပေါ့ ညီမရယ်။ ဒီငွေ ၃ သိန်းတော့ ယူသွားလိုက်ပါ၊ အဲ့ငွေ ယူသွားလို့ရှိရင် နင်တို့လည်း စားရသုံးရမယ်၊ အကိုလည်း လူကြီးတွေက မေးရင်
အဆင်ပြေတယ်၊ကလေးက ဘာမှမဖြစ်ဘူး၊
ဘာမှမဖြစ်လောက်ဘူး၊
အင်တာနက်တင်တဲ့သူတွေက အလကားသက်သက်ပုံကြီးချဲ့တာ၊ သတင်းထောက်တွေက သက်သက်ဝင်ပြီးချယ်လှယ်တာ အဲ့လိုပဲ ပြောပေးမယ်၊ ကလေးက သက်သာနေတာ၊ အကောင်းကြီး။ ဘာမှမဖြစ်ဘူး” ဟု ၀င်ရောက်ပြောဆိုသည်။
မကြူက ကိုသက်တင်ကို“ အကိုကပါ အလိုတူ အလိုပါ လာပြောနေတယ်။ အကိုလိုချင်ရင် အဲ့ငွေ အကိုယူလိုက်၊ အကိုစားပလိုက်၊ ကျွန်မကတော့ မယူနိုင်ဘူး”ဟုပြန်ပြောရာ ကိုသက်တင်က “မင်းတို့ ဆင်းရဲတဲ့အချိန်မှာ ငွေ ၃ သိန်းဆိုတာ မနည်းပါဘူးကွာ၊ မင်းရဲ့ သမီးကိုသူတို့ကအချိန်တန်ရင် ပြန်ပို့ပေးမှာ ပါ၊ ဒီငွေကိုလည်း ယူသွားလိုက်ပါ၊ အကို စာရွက်ပေါ်မှာ စာရေးပေးပါ့မယ်”ဟုဆိုကာ စာချုပ်ရေးရန်ပြင်နေစဉ် အနားရှိ အိမ်ရှင်ဖြစ်သူ အဒေါ်ကြီးတစ်ဦးမှ “စာရွက်ပေါ်မှာရေးလို့ မဖြစ်နိုင်ဘူးနော် ကိုသက်တင်၊ စာချုပ်ခေါင်းပေါ်မှာရေးပေးရမယ်” ဟု ၀င်ရောက်ပြောဆိုသည်။ မကြူက “ကျွန်မတို့က လက်နက်ကြို၊လက်နက်ကြားမှာ ကြီးလာရတာ ၊ဘာစာမှမတတ်ဘူး၊ အဒေါ်ကြီးတို့ စာရေးရင်လည်း ရေးတာပဲရှိမယ်၊ ကျွန်မဘာမှမသိဘူး” ဟု ပြန်လည်ပြောဆိုရာ “မဟုတ်ပါဘူးမကြူရယ်၊ ဒီငွေ ၃ သိန်းဆိုတာက လှူဒါန်းငွေ သက်သက်ပါပဲ နစ်နာကြေး၊ ဂရုဏာကြး၊ အင်္ဂါချို့ယွင်းမှုတွေအတွက် ပေးတာမဟုတ်ပါဘူး၊ ယူလိုက်ပါ”ဟု ပြောဆိုကာ ကိုသက်တင်အား ငွေများကို အိတ်အတွင်းသို့ ထဲ့ပေးစေပါသည်။

ကိုသက်တင်က ငွေများကိုထဲ့ပြီး မကြူဆီသို့ပေးသောအခါ မကြူက လက္မခံလိုကြောင်း၊ ကိုသက်တင် လိုချင်က ယူနိုင်ကြောင်းသာ ထပ်မံပြောဆိုသည်။ ထို့နောက် မကြူက ဦးအောင်ဖုန်းဝင်းအား “ ကျွန်မ ဒီပိုက်ဆံကိုလည်း
မယူသွားဘူး၊ အခု
သမီးကိုပြန်ခေါ်သွားချင်တာကိုလည်း ဆရာကခွင့်မပြုဘူး၊ လကုန်လို့ ဆရာပြန်မပို့ပေးဘူးဆိုရင်တော့ ကျွန်မက ရဲကိုတိုင်တော့မှာပဲ၊ ဒီငွေကိုတော့ ပြန်ယူထားလိုက်ပါ။ ဆရာတို့
ပြောင်းရွှေ့ရဦးမှာဆိုတော့
ဆရာတို့ငွေလိုနေမှာပါ” ဟု ပြောရာ ဦးအောင်ဖုန်းဝင်းက “ဘာမှပူမနေပါနဲ့ကွာ ဒီငွေနဲ့ ဘာမှမလုပ်ပါဘူး။” ကိုသက်တင်ကလည်း “ယူလိုက်ပါကွာ၊ဘာပဲဖြစ်ဖြစ်ယူလိုက်ပါ၊
ရွာပြန်ရောက်တော့ အကိုလည်း
အဆူခံရသက်သာတာပေါ့။”ဟုပြောသည်။
ဦးအောင်ဖုန်းဝင်းကလည်း
“ရွာပြန်ရောက်တော့လည်း
ပြောပြလိုက်၊ လူတွေအားလုံးကိုယ့် အရှက်ကို
ကာကွယ်လိုက်၊ဘာမှမဖြစ်ဘူး၊
အလကား၊ အင်တာနက်ကလွှင့်ချင်တိုင်းလျှောက်လွှင့်တာ၊ လူတွေက
ပြောချင်တိုင်းလျှောက်ပြောတာ၊
အဲ့ဒီအင်တာနက်
လွှင့်တဲ့သူတွေက ရူးနေတာ၊ သက်သက်မဲ့ ရုံးကို
နာမည်ပျက်အောင်လုပ်တာ။
ပဲခူးဥပဒေရုံးကို သက်သက်သိက္ခာကျအောင်လုပ်တာ၊ သတင်းထောက်တွေကလည်းစားချင်တယ်၊ရိတ်ချင်တယ်၊ နှိုက်ချင်တယ်၊ဒါကြောင့်မို့သူတို့ဒီလိုတွေပြောနေ
တာ ၊ဘာမှစိတ်ထဲမထားနဲ့၊ဆရာလည်းစိတ်ထဲမထားဘူး။ ဂရုမစိုက်ဘူး။ တကယ်လို့သူ့ကိုထောင်ကျအောင်လုပ်ခဲ့ရင်တောင်မှ သူ့မှာ အပြင်စီးပွားရေးတွေရှိတယ်၊ သူကို လုပ်ခဲ့တဲ့သူတွေအကုန်လုံးကို ပြန်ပြီးတော့ ဘ၀ပျက်အောင်ပြန်လုပ်နိုင်တဲ့
အရည်အချင်းရှိတယ်” ဟု ဦးအောင်ဖုန်းဝင်းက ပြောပါသည်။
မကြူက “ ဆရာက အဲ့လိုအေးဆေးပဲဆိုရင် အခုဒီမှာ သူ့မအေနဲ့ သူ့ကလေးတွေ့နေပြီပဲ၊ရော့..အင့် နင့်ကလေး၊ ငါလုပ်တာမဟုတ်ဘူး၊ ငါ့မိန်းမ လုပ်တာမဟုတ်ဘူး။ ပြန်ခေါ်သွားလိုက်လို့ပြောရင်
ပြီးနေပြီပဲ။ ကျွန်မက မအေပါ။
ကလေးကိုပြန်ရရင်ကျေအေးပါတယ်။
ကလေးကိုပဲပြန်လိုချင်တာပါ၊ ငွေကို
လုံးဝမလိုချင်ပါဘူး
ဆရာ။”ဟု ပြောရာ “မင်းတို့ သုံးရ၊စားရအောင်ပေးတာပါ။
မင်းတို့က
ဒုက္ခရောက်နေတာလေ” ဟု ဦးအောင်ဖုန်းဝင်က
ပြန်လည်ပြောဆိုပါသည်။ မကြူက“ဆရာက ငွေစကားပြောနေတော့ လည်း ကောင်းပြီလေ၊ ကျွန်မကတော့ ဆရာငွေပေးပေး မပေးပေး၊ ပဲခူးပြန်ရောက်ရင် အမှတ် ၃
ရဲစခန်းဝင်ပြီး အကြောင်းကြားမယ်။
စခန်းမှာအမှုဝင်ဖွင့်မှာပဲ။တရားရုံးဝင်ပြီး
ကျွန်မသမီးပြန်ရအောင်လုပ်မှာပဲ။” ဟု ပြောရာ
ဦးအောင်ဖုန်းဝင်းက “ဥပဒေရုံးဝင်ရင်တော့ ပြသနာတွေလည်လည်လိမ့်မယ်။မင်းတို့ပဲ ခံရမှာပဲ၊ မင်းတို့ကို ကားဂိတ်ရောက်အောင်လိုက်ပို့ပေးမယ်။ ကဲ..
အေးယုအောင် နင့်အမေကိုကန်တော့၊
နင့်ကိုတော့လုံးဝ
ပြန်မထဲ့ပေးနိုင်သေးဘူး။ နင့်ကိုပြန်ထဲ့ပေးလိုက်ရင် ကွိုင်တွေတက်ကုန်လိမ့်မယ်။ ဇယားတွေရှုပ်ကုန်လိမ့်မယ်။ အဲ့ဒီအင်တာနက်မှာ လွှင့်ထားတဲ့ ဇယားတွေကိုလည်း
မင်းနဲ့ပူးပေါင်းပြီး ရှင်းစရာရှိသေးတယ်။”
ဟု ဦးအောင်ဖုန်းဝင်းကပြောသည်။
မကြူက “ကောင်းပါတယ်၊ ဆရာရှင်းနိုင်ရင်တော့ရှင်းပေါ့၊ ကလေးကသာ အမှန်တွေ ထုတ်ပြောလာနိုင်ရင်တော့ဆရာ သေဖို့ပဲ စဉ်းစားထားပေါ့” ဟု ပြန်လည်ပြောဆိုခဲ့ပါသည်။ ကလေးက ကန်တော့စဉ်တွင် မကြူသည် ငွေနှင့် အာဏာပေါင်းကာ အနိုင်ကျင့်ခံရခြင်းကြောင့် ရင်ထဲတွင် နာကျင်စွာခံစားခဲ့ရသည်။ “ ငါတို့ကို ငွေရှိလို့ ငွေနဲ့ပေါက်ပြီးအနိုင်ယူတဲ့လူတွေ တနေ့တော့တွေ့ကြသေးတာပေါ့။ ဒီ ၃ သိန်းပေးလိုက်လည်းယူသွားမယ်။ ဒီ ၃ သိန်းနဲ့ပဲ ပဲခူးရောက်ရင် ဥပဒေနဲ့ပြန်ရင်ဆိုင်လို့ရတာပေါ့။”ဟုပြောဆိုရာ ကိုသက်တင်က “မလုပ်ပါနဲ့ညီမရယ်။ ဒါမလုပ်သင့်ပါဘူး။ ဒီပိုက်ဆံကလှူတာပဲ၊ နောက်ပြီး ကလေးလာပြန်ပို့တဲ့အချိန်ကျရင်လည်း နစ်နာကြေးက သပ်သပ်ထပ်ပေးဦးမှာပါ၊တခြားဟာတွေ ထဲ့မတွက်ပါနဲ့ ပြန်ရောက်ရင် အကို အဆူခံရမှာကြောက်လို့ပါ။”ဟု ၀င်ရောက်ပြောဆိုပါသည်။ ထို့နောက် မအေးယုအောင်၏ ဒဏ်ရာများအား ဓာတ်ပုံရိုက်မှတ်တမ်းတင်ခြင်း၊ မကြူအား လက်ဗွေနှိပ်စေခြင်းများပြုလုပ်ပြီး ကိုသက်တင်မှ ထိုစာရွက် မိတ္တူအား ယူဆောင်ကာ ရန်ကုန်မှ ပြန်ခဲ့ရသည်။
လမ်းတွင်လည်း ကိုသက်တင်မှ မကြူအား အမျိုးမျိုး နားချခဲ့ကာ ပဲခူးမြို့သို့ ပြန်မသွားနိုင်စေရန် အမှုသွားမဖွင့်နိုင်စေရန် ပြုမူခဲ့သည်။ ကျောက်ကြီးမြို့သို့ ရောက်စဉ်တွင်လည်း လမ်းစားရိတ်ကူညီပေးခဲ့သူ မြို့နယ် အုပ်ချုပ်ရေးမှူးကို အကျိုးအကြောင်းပြောပြရန် သွားရောက်တွေ့ဆုံဖို့ကြိုးစားရာတွင်လည်း ကိုသက်တင်မှ အမျိုးမျိုးနှောက်ယှက်တားဆီးကာ အတန်ကြာရက်စွဲခဲ့သည်။ မကြူမှ စာမဖတ်တတ်သဖြင့် အခြားလူများကို ဖတ်ခိုင်းရန် ဓာတ်ပုံမိတ္တူနှင့် စာချုပ်မိတ္တူများကို တောင်းဆိုရာတွင်လည်း “ပေးမယ်၊ ပေးမယ်”ဟုသာပြောဆိုပြီး မကြူသို့ ပေးအပ်ခြင်း မပြုခဲ့ပါ။ အုပ်ချုပ်ရေးမှူးကိုသွားတွေ့ရာတွင်လည်း သူ မပါပဲမသွားရောက်နိုင်စေရန်မကြူအား ပြောဆိုထား ခဲ့ပြီး စာချုပ်ကိုမပေးပဲ အတန်ကြာရက်စွဲခဲ့ပါသည်။

ရန်ကုန်မှပြန်ရောက်ပြီး ၅ ရက်ခန့်ကြာမှသာ
အုပ်ချုပ်ရေးမှူအား
တွေ့ရကာ၊ အုပ်ချုပ်ရေးမှူက ပြောသည်မှာ
“ငါ့ဆီသတင်းလာပို့တာလား၊
ညည်းသမီးဆီ ဖုန်းဆက်ဖိုပဲလာတာလား” ဟုမေးရာ မကြူက သတင်းပို့ရန်လာခြင်းဖြစ်ကြောင်း
ဖုန်းဆက်၍ရနိုင်က ဆက်လိုကြောင်း ပြောရာတွင်
အုပ်ချုပ်ရေးမှူးက“ညည်းက ငါ့ဆီ သတင်းလာမပို့တော့… ငွေ ၃
သိန်းရတော့ ပျော်လာပြီ ရွှင်လာပြီ၊ ကလေးကိုလည်း
စွန့်လွှတ်ခဲ့ပြီထင်လို့ ငါက
ခေါင်းထဲကတောင်
ထုတ်ပလိုက်ပြီ” ဟုပြောဆိုကြောင်း၊ ထို့ကြောင့် မကြူက ကိုသက်တင်က သူနဲ့မှမဟုတ်ရင် အဘဆီကို
မသွားပါနဲ့လို့ အမျိုးမျိုးပြောထားလို့မလာဖြစ်ကြောင်းကို
ပြောဆိုရှင်းလင်းပြခဲ့ရသည်။
ထို့နောက် အုပ်ချုပ်ရေးမှူး၏ ကူညီမှုဖြင့် ဦးအောင်ဖုန်းဝင်းထံ ဆက်သွယ်ရာတွင်လည်းဖုန်းမကိုင်သဖြင့် စာရေးမဖြစ်သူ မသဲနုအောင်ထံမှ တဆင့်ခေါ်ဆိုပြီး ဦးအောင်ဖုန်းဝင်းနှင့်စကားပြောလိုကြောင်း ပြောဆိုရာ ဦးအောင်ဖုန်းဝင်းသည် ရုံးခန်းတွင် ရှိနေလျက်နှင့်ပင် မရှိဘူးဟုပြန်လည်ပြောဆိုခိုင်းကြောင်းကို ဖုန်းအတွင်းမှ အသံကြားနေရသဖြင့် အုပ်ချုပ်ရေးမှူးက ကြားဝင်ပြီး “သဲနုအောင်၊ အောင်ဖုန်းဝင်းကို ခေါ်ပေးပါ” ဟု ၀င်ရောက်ပြောဆိုမှသာ ဖုန်းလာကိုင်သည်။ ထို့နောက် ကလေးဘယ်မှာရှိလဲမေးရာ နယ်တွင်ရှိကြောင်းပြောပြီး ကလေးနှင့် မိခင်ဖြစ်သူအား စကားပြောခွင့်ပေးရန်ပြောဆိုမှသာ နာရီဝက်စောင့်ဟု ချိန်းဆိုပြီး တဘက်မှ ဖုန်းခေါ်မှသာ ပြောဆိုခွင့်ရသည်။ ဖုန်းနံပါတ်ကိုမူ လုံးဝမပေးပေ။
ကလေးနှင့်မိခင်စကားပြောဆိုရာတွင် ကလေးသည် ကျောက်တံတားမြို့နယ်ရှိ ၁၀ထပ်မြင့် အဆောက်အဦး ပေါ်တွင်ရှိနေသည်ဟုသိရပြီး လိပ်စာနှင့် ဖုန်းနံပါတ်ကိုမူ မေးမြန်းရာ မသိ၇ှိကြောင်းသာပြောဆိုသည်။ သို့ရာတွင် ကလေးဖုန်းပြောစဉ် နောက်ကွယ်မှနေ၍ သင်ကြားပေးနေသူ အမျိုးသမီးတစ်ဦးရှိကြောင်းနှင့် မကြူက တစ်စုံတစ်ခုမေးမြန်းစဉ်တွင် နောက်က အမျိုးသမီးက ကြားနေရပြီး မည်ကဲ့သို့ဖြေရန် သင်ကြားပေးနေသည်။ ထို့အပြင် ဒီအိမ်က အဒေါ်ကြီးမှ အ၀တ်အစား၂သောင်းဖိုး ၀ယ်ပေး ထားသည်ကိုလည်း ပြောပြရန် သင်ကြားပေးသည်။(ဖုန်းကို စပီကာဖွင့်ပြီးပြောစေခြင်းဖြစ်နိုင်သည်) သူတို့လိုချင်သည့် အချက်အလက်များ ကလေးမှတဆင့် ပြောပြခိုင်းစေပြီးသောအခါ ဖုန်းချခိုင်းလိုက်သည်။
အထက်ပါအချက်အလက်များသည် မကြူနှင့် တိုက်ရိုက်အင်တာဗျူးစဉ် ကြားသိ၇သည်များဖြစ်သည်။
မအေးယုအောင်သည် ၈ တန်းကျောင်းသူဖြစ်ပြီး ပဲခူးတိုင်းဒုတိယတရားသူကြီး ဦးအောင်ဖုန်းဝင်းက ထားရှိရာတွင်ကာ နေ နေရကာ မည်သည့်နေရာတွင် ရှိနေကြောင်းကိုအတိအကျ ပြောဆိုနိုင်ခြင်းမရှိသေး ပါ။ မိခင်ဖြစ်သူကမူ ကလေးကိုပြန်ခေါ်လိုပြီး ကျောင်းပြန်တက်စေချင်သော ဆန္ဒရှိနေပါသည်။

ကိုရဲ

မကြူ လက်ဗွေနှိပ်ခဲ့သည့် သဘောတူညီမူ စာချူပ်
(U.V.I)

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။