Tuesday, April 24, 2012

အငြိမ်းစားမြို့နယ်မှူးသားဖြစ်သူမှ အပြစ်မဲ့ပြည်သူအား ဥပဒေမဲ့အနိုင်ကျင့်ခြင်း (ပေးစာ)

 အငြိမ်းစား မြို့နယ်မှူး သားဖြစ်သူမှ ဆေးကြောင်နေသူတစ်ယောက်ကဲ့သို့ မင်းမဲ့စရိုက်ဆန်ဆန် အပြစ်မဲ့ပြည်သူအား အနိုင်ကျင့် ဗိုလ်ကျသည့် ဖြစ်ရပ်တစ်ခုအား နစ်နာသူမှ ပေးပို့လာသည့်ပေးစာ ကို မူရင်းနှင့်တကွ ပြည်သူများသိအောင် U.V.I မှ အပြည့်အစုံ ဖော်ပြပေးလိုက်ပါသည်။

၁၉ ရက် ၄ လ ကြာသပတေး ည ၁၀း၃၀ အချိန်တွင် ကျွန်မ မသီတာလွင်သည် ကျိုက်ဝိုင်း ဘုရားလမ်းနှင့် ပြည်လမ်းဒေါင့်တွင် ကွမ်းယာရောင်းနေသူတစ်ဦးဖြစ်ပါသည်။ ကျွန်မ ဈေးရောင်းနေစဉ်တွင် ဘကျော်(ခ) ဦးကျော်ဇင့် (၉) မိုင် ဗိုလ်ညာဏလမ်းတွင်နေထိုင်သူ ကားနံပါတ် လ/၈၇၅၅ ကိုမောင်းနှင်ပြီး ကျွန်မ ဆိုင်ရှေ့တွင်ကားရပ်ပြီးကွမ်းတယာပေးစမ်း ဟု မောက်မာစွာ တောင်းပါသည်။

ကျွန်မသည် မီးဖွားပြီး(၃၃)ရက်အကြာပဲရှိပါသည်။ဗိုက်ခွဲ၍ မွေးဖွားထားသောမိခင်တစ်ယောက်ဖြစ်ပါသည်။ ထို့ကြောင့်ကွမ်းယာအား ယာပြီး သောအခါနေမကောင်းနေပါသဖြင့်ထပြီး မပေးနိုင်ပါ။ ထို့သို့မပေးနိုင်၍ ကျွန်မအားကားပေါ်မှပြေးဆင်းလာပြီး ညစ်ညမ်းကြမ်းတမ်းဆွဲ ဆဲဆို၍ အောက်သို့ဆင်းလာပြီး ရင်ဘတ်အားဖိထားပြီး ဆံပင်ကိုဆောင့်ဆွဲ၊ ပါးနားပြင်းထန် ဘယ်ပြန်ညာပြန်ရိုက်ပါသည်။ ထိုသို့ရိုက်ပြီး ကျွန်မ၏ နောက်တွင်ရှိသော ကော်ဖီဆိုင်မှာ ရှိသော သစ်သားစားပွဲခုံအားရိုက်ချိုးပြီး စားပွဲခုံမှရလာသော ပျဉ်ချောင်းဖြင့် ကျွန်မ၏လက်ကို ၂ ချက်၊ ခါးကို ၂ ချက်၊ တင်ပါးအား ၁ ချက် ပြင်းထန်စွာရိုက်ပါသည်။ 


ထိုအချိန်တွင် ကားလမ်း၏ တစ်ဖက်မှာ ကျွန်မ၏ အမအရင်း မဌေးဌေးရောက်ရှိလာပြီး ကျွန်မ ညီမနေမကောင်းနေတာ ဘာအပြစ်ရှိလို့ရိုက်တာလဲ ဟုမေးမြန်းရာ တွင် ကားနှင့်လာသောသူက နင်တို့လမ်းဘေးဈေးသည်တွေ ဖာသည်အဆင့်ပဲရှိတယ်။ ဖာထောင်စား၍ရတယ်ဟုညစ်ညမ်းစွာပြောဆိုပြီး ကျွန်မ အမ မဌေးဌေးကိုလည်း ပျဉ်ချပ်ဖြင့် ပြင်းထန်စွာ တစ်ချက်ရိုက်ပါသည်။ ထိုအချိန်တွင် တိုက်ပတ်ဝန်းကျင်တွင်ရှိသော လူအများမြင်ပါသည်။ မည်သူမျှဝင်မဆွဲရဲပါ။ သူသည် အငြိမ်းစားမြို့နယ်မှူး၏ သားတစ်ယောက်ဖြစ်၍ မည်သူမျှဝင်မဆွဲရဲပါ။ 

သူသည်ဈေးသည်တိုင်းအား ဤကဲ့သို့ နိုင်ထက်စီးနင်းလုပ်ခဲ့သည့် အကြိမ်ပေါင်းမနည်းလုပ်ခဲ့သည်ဟုလည်း စုံစမ်းသိရှိရသည်။ကျွန်မသည် ယခုလက်ရှိတွင် ရိုက်နှက်ခဲ့သည့်ဒဏ်ကြောင့် လက်ကျိုး၍ ကျောက်ပတ်တီးစည်းထားရပါသည်။ ခါးမှာလည်း ပြင်းထန်စွာ ခိုက်မိ၍ အတော်ကြီးနာနေပါသည်။ပါးတွင်လည်း ရောင်ရမ်း၍ ထမင်းအားမနည်းစားနေရပါသည်။ရဲစခန်းတွင် အမူဖွင့်ထား၍ မြောက်ဥက္ကာလာပ ဆေးရုံကြီးမှ ဆေးလတ်မှတ်များလည်း ကျွန်မတွင်ရှိပါသည်။ 
ထိုကိစ္စနှင့် ပတ်သတ်၍ ကျွန်မအားနင့်လမ်းဘေး ဈေးဆိုင်ကို မနက်ဖြန် ဒီနေရာမှ မမြင်စေရဘူး နင့်ဆိုင်အားမြေလှန်ပစ်မည်ဟု ပြောဆိုပြီး ထိုနည်းတူစွာ ကျွန်မ အမဆိုင်ကိုလည်း ကားဖြင့် သွားရောက်ကာ ကြိမ်းမောင်းသွားခဲ့ပါသည်။ 

ကျွန်မတို့အား ၂၀ ရက်နေ့ ညတွင် (၆) ရပ်ကွက်ရုံးမှ ဆင့်စာရောက်ရှိလာပါသည်။ ထိုအချိန်တွင် မြို့ပြအိမ်ယာတောင်ဘက်ခြမ်းမျ တိုက်ကြီးကြပ်ရေး ဦးတင်ထွဋ်၊ ထိုတိုက်တွင်နေထိုင်သူ (Cinderella Beauty Salbn) ဆိုင်ဖွင့်ထားသူ ဦးကျော်နှင့် ကိုဖိုးတော ထို သုံးဦး ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချူပ်ရေးမှူးနှင့် အတူရှိပါသည်။ ကျွန်မ မသီတာလွင်ဆိုင်အား (၂၀.၄.၂၀၁၂) ည ၈ နာရီ အပြီး ရွှေ့ပြောင်းခိုင်းပါသည်။ ကျွန်မအား လူအားနှိပ်စက်၊ စီးပွားရေးပျက်ဖြစ်အောင် မညှာမတာဖြင့် ပြုလုပ်မူ့အား ထိရောက်စွာ အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။

                                                                    ကျွန်မ တိုင်ကြားသူ
                                                                             မသီတာလွင် 

                        
   
 

 
 (U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။