မိတ္ထီလာမြို့ ဒုရဲအုပ်အောင်ဇော်ဦး၏ အာဏာပြနှိပ်စက်မူ (ပေးစာ) နှင့် (ရုပ်သံ)
(၁၀)
တန်း ပညာသင်ကြားနေတဲ့ ကျောင်းသူလေးကို
ဒီလိုတော့ အနိုင် မကျင့်သင့်ဖူး။ စာမေးပွဲ မဖြေဖြစ်သွားလောက်အောင်
နစ်နာစေတဲ့အထိ ဒုက္ခပေးတဲ့သူတွေကို အရေးယူသင့်ပါတယ်လို့ ပေးပို့လာတဲ့ ပေးစာ တစ်စောင်ကို ပြည်သူများသိအောင် ရုပ်သံနှင့် တကွ ဖော်ပြပေးလိုက်ပါတယ်။
မိတ္ထီလာမြို့ ပျဉ်သာအုပ်စု
ပျဉ်သာကျေးရွာနေ အဖ ဦးပေါ်ဦး အမိ ဒေါ်မြခင်တို့၏ သမီးဖြစ်သူ မမေသူအောင်
၁၀တန်းကျောင်းသူသည် ရွှေရင်မျှော် ဘုရားသို့ သွားရောက်ပြီး ပြန်အလာ
ရွာကြီးဇရပ်နားအရောက် နေ့လည် (၁၂:၀၀)နာရီ အချိန်တွင် နေပူပြင်းသဖြင့်
ဆိုင်ကယ်မောင်းနေစဉ် နှာခေါင်းသွေးယိုကျလာသောကြောင့် ရုတ်တရက် လန့်ကာ
ဆိုင်ကယ်အရပ်တွင် လဲကျသွားခဲ့ပါသည်။
ထိုအခါ အနီးနားတွင် လမ်းပြင်နေကြသော
အလုပ်သမားများမှ လမ်းကြုံကားတစ်စီးဖြင့် သာစည်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါသည်။
သာစည်ဆေးရုံမှ လိုအပ်သော ကုသမှုများ
ယာယီပြုလုပ်ပေးခဲ့ပြီး မန္တလေးဆေးရုံသို့ သွားရောက်၍ ၄ ရက်ကြာ
တက်ရောက်ကုသခဲ့ရပါသည်။
ထိုအချိန်တွင် မမေသူအောင် နေထိုင်သော
မိတ္ထီလာမြို့ ပျဉ်သာကျေးရွာရှိ နေအိမ်သို့ ရဲဝန်ထမ်း
ဒုရဲအုပ်အောင်ဇော်ဦး၊ ရဲဝန်ထမ်းနှစ်ဦးနှင့် ရ၀တ ရုံးမှ လူနှစ်ဦးတို့
ရောက်ရှိလာပြီး မမေသူအောင်၏ မိခင်အား မမေသူအောင်နှင့် ဆိုင်ကယ်ကို
အပ်ရန်နှင့် လူကို အာမခံနှင့်ခေါ်ရန် မခေါ်လျှင် ဖမ်းဆီးမည် ထောင်ချမည်
ကလေးထောင်ပို့မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။
ဒုရဲအုပ် အောင်ဇော်ဦးမှလည်း ပြစ်မှု-
၃၃၇ ဖြင့် တရားစွဲဆိုရန်အတွက် မမေသူအောင်နှင့် ဆိုင်ကယ်ကို
ရဲစခန်းသို့ စေလွှတ်ရန် အကြောင်းကြားစာကိုလည်း (၁၈.၂.၂၀၁၂) ရက်စွဲဖြင့်တစ်ကြိမ်
(၂၇.၂.၂၀၁၂) ရက်စွဲဖြင့် တစ်ကြိမ် နှစ်ကြိမ် ပေးပို့ကာ ရဲစခန်းသို့
ဆင့်ခေါ်စာများကို ပေးပို့ခဲ့ပါသည်။
အမှန်မှာ မမေသူအောင် ဆိုင်ကယ်လဲသော
ကိစ္စသည် မည်သူတစ်ဦးတစ်ယောက်မှ ၀င်တိုက်ခြင်းမရှိသလို၊
ပစ္စည်းတစ်စုံတစ်ရာမှလည်း ထိခိုက်ခဲ့ခြင်းမရှိခဲ့ပါ
ကျန်းမာရေးကိစ္စ ရုတ်တရက်ပေါ်ပေါက်လာ၍သာ
ဆိုင်ကယ် လဲသွားခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ပြစ်မှု-၃၃၇ နှင့်
ငြိစွန်းခြင်းမရှိပါဟု ဥပဒေအကြောင်းနားလည်တတ်ကျွမ်းသော လူများက သုံးသပ်ခဲ့ပါသည်။
ဒုရဲအုပ် အောင်ဇော်ဦးမှ ဆိုင်ကယ်
သိမ်းလိုသဖြင့် ခေါ်ယူဆွေးနွေးမှုပြုခြင်းဖြစ်ပါသည်။
ထို့နောက် ဒုတိယအကြိမ်ထပ်မံ၍ ရဲအရာရှိနှစ်ဦးက ပျဉ်သာကျေးရွာရှိ
မကြူ၏ ဆိုင်တွင် အရက်သောက်ရင်း မမေသူအောင်၏ အဘွားဒေါ်မြရင်အား
အရက်ဆိုင်သို့ခေါ်ပြီး ထပ်မံငွေညှစ်တောင်းရမ်းခဲ့ပါသည်။
မမေသူအောင် စာမေးပွဲဖြေဆိုရန် ကျောင်းသွားစဉ်တွင်
အနောက်မှလိုက်ပြီး ငွေတောင်းရမ်းရာတွင် မရ၍ ဖမ်းဆီးပြီးထောင်ချမည်၊
ကလေးကျဉ်းထောင်ပို့မည်ဟု ထပ်မံခြိမ်းခြောက်ခဲ့ပါသည်။ ထို့အတွက်ကြောင့်
မမေသူအောင်မှာ စာမေးပွဲကို တစ်ရက်သာ ဖြေဆိုနိုင်ခဲ့ပြီး ရဲများ၏
ခြိမ်းခြောက်မှုကို မခံနိုင်လွန်းသည့်အတွက် တိမ်းရှောင်ပုန်းနေခဲ့ရပါသည်။
ပြည်သူ့ရဲဝန်ထမ်းတို့၏ အာဏာပြ
ခြိမ်းခြောက်မှု ၊ ငွေညှစ်တောင်းရမ်းမှုကြောင့်
နောင်နှစ်တွင် တက်ရောက်ခွင့်ရမည့် တက္ကသိုလ်အား
မမေသူအောင် လွဲချော်ခဲ့ရပါသည်။
ကျောင်းသားအခွင့်ရေး စာမေးပွဲဖြေဆိုမှု လက်လွှတ်ခဲ့ရသည်။ ဆင်းရဲလှသော
တောင်သူလယ်သမား မျိုးရိုးဖြစ်သောကြောင့် တစ်နှစ်တာ အတန်းပညာရေးကို ခက်ခက်ခဲခဲ
သင်ယူထားခဲ့ရသော်လည်း စာမေးပွဲကို ဆုံးအောင် ဖြေဆိုခြင်း မပြုနိုင်တော့ပါ။
မမေသူအောင်၏
အဖွားဖြစ်သူဒေါ်မြရင်မှာလည်း
ရဲအရာရှိများ၏ ခြိမ်းခြောက်မှု ၊ ငွေတောင်းရမ်းမှု ၊
စိုးရိမ်မှုတို့ကြောင့် စိတ်သောကများ၍ အိပ်ယာထဲ
လဲနေရပါသည်။ စီးပွားရေးချို့တဲ့၍
ဆင်းရဲနွမ်းပါးသောကြောင့် ရဲများ၏ ဥပဒေဆိုင်ရာ ခြိမ်းခြောက်ပြောဆိုမှုအား
ဥပဒေနှင့် ညီမညီ ဥပဒေနှင့် သက်ဆိုင်သော အကြံဥာဏ်အကူညီများကို
စေတနာဖြင့် ဆောင်ရွက်ပေးမည့်သူများ လိုအပ်လျှက်ရှိပါသည်။
အပြစ်မဲ့သော ကျောင်းသူမလေးမှာ ခက်ခဲစွာ သင်ယူ
ရင်းနှီးမြှုပ်နှံထားရသော တစ်နှစ်တာ ပညာရေး ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်းကို
မိဘပြည်သူများသိရှိစေရန်၊ အမှုမှန်အတိုင်းဖြစ်ပေါ်စေရန် နှင့်
အာဏာအလွဲသုံးစားပြုလုပ်သော ရဲဝန်ထမ်းများအား
အရေးယူဆောင်ရွက်ပေးစေရန် မိသားစုနှင့်တကွ ဒေသခံများမှ
လိုလားလျှက် ရှိပါသည်။
(သတ္တိခဲ)
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။