Thursday, May 10, 2012

ပေါင်မြို့နယ်ရဲစခန်းမှ စခန်းမှူးနှင့် ဒုရဲအုပ်ချစ်ဆွေတို့၏ ရိုက်ကွက်များ (ပေးစာ)

  









ကိုယ့်အိမ်ထဲမှာကိုယ်နေရင်းကနေ အမူ့ဖွင့်ခံရတဲ့မွန်ပြည်နယ်၊ဇင်းကျိုက်ကျေးရွာမှတရားစွဲဆိုခံရသူ
 ဒေါ်သန္တာစိုးအကြောင်းကို ပေးစာအဖြစ်နဲ့ ပေးပို့လာလို့ ပြည်သူများသိအောင်
 ဖော်ပြပေးလိုက်ပါတယ်။

မွန်ပြည်နယ်၊ဇင်းကျိုက်ကျေးရွာရန်ကုန် မော်လမြိုင်လမ်းမဘေးရှိကိုယ့်အိမ်မှာကိုနေတဲ့အိမ်ရှင်ဖြစ်သူ 
 ဒေါ်သန္တာစိုးနှင့် ခင်ပွန်းသည်အားမွန်ပြည်နယ် ပေါင်မြို့ ရဲစခန်းမှ စခန်းမှူး၊ ဒုရဲအုပ်ချစ်ဆွေနှင့်
အမှုပွဲစား ကြည်အေးတို့မှ အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၃ ဖြင့်အမှုဖွင့်ပြီး (၉ ၊ ၃၊ ၂၀၁၂)ရက်နေ့တွင် မတရားဖမ်းဆီး တရားစွဲဆိုခဲ့ပါသည်။
 

အချုပ်ထဲနေရစဉ်ကာလအတွင်းမှာလည်း ပေါင်ရဲစခန်းမှူးမှငွေအမျိုးမျိုးညှစ်ပြီး စခန်းရှိရဲတွေက အချုပ်သားတစ်ယောက် ရုံးထုတ်လျှင်၂၀၀၀ ကျပ်၊ ထမင်းပို့ ဧည့်တွေ့ (၃၀၀၀)ကျပ် အချုပ်သားများထံမှ တောင်းခံနေသည်မှာဓါးပြတိုက်သလိုဖြစ်နေပါသည်။ ကျမတို့၏ အမှုဖြစ်စဉ်
အမှန်ကိုသိရှိနေသော ပေါင်မြို့နယ်တရားသူကြီးမှကျမအားရုံးအာမခံပေးခဲ့သည့်အတွက် ပေါင်ရဲစခန်း
အချုပ်ထဲတွင် ရက်(၂၀)ခန့်နေခဲ့ရပြီး ကျမ၏ခင်ပွန်းဖြစ်သူမှာ ယခုအချိန်ထိ့ အချုပ်ထဲတွင်
မတရားဖမ်းဆီးထားခံ နေရပါသည်။
 
ကျမကိုရုံးအာမခံပေးလိုက်တာနဲ့ပတ်သက်၍ ပေါင်မြို့ ရဲစခန်းမှ စခန်းမှူး၊ဒုရဲအုပ်ချစ်ဆွေနှင့် အမှုပွဲစား ကြည်အေးတို့မှပေါင်မြို့နယ်တရားသူကြီးအား အမှုကိုဘက်လိုက်တယ်ဆိုပြီး စွပ်စွဲချက်ဖြင့်
သထုံတရားရုံးတွင် ရုံးပြောင်းလျှောက်ခဲ့ပါတယ်။ ဖြစ်စဉ်အမှန်ကိုသိရှိနေသောတရားသူကြီးဖြစ်သည့် အတွက်သူတို့လုပ်ချင်ရာလုပ်လို့မရတော့ဘူးဆိုတာကိုသိရှိနေသည့်အတွက် ယခုလိုလိမ်လည်ပြီး
ရုံးပြောင်းလျှောက်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုအခါ သထုံ မြို့နယ်တရားရုံးတွင်ကျမတို့လင်မယား အမှုရင်ဆိုင်နေရပါသည်။
 
သူတို့လုပ်ကြံဖန်တီးစွဲဆိုခဲ့သောအမှု့ကြောင့် ခင်ပွန်းဖြစ်သူမှာအချုပ်ထဲတွင်နေရပြီး၊ သမီးဖြစ်သူ(၂)ဦးမှာလည်းမိဘများအမှုရင်ဆိုင်ဖြေရှင်းရန် ငွေကြေးလိုအပ်သည့်အတွက် သူများအိမ်တွင်
အိမ်ဖော်အလုပ်လုပ်နေရပါတယ်။ မိဘပိုင် ကျမတို့၏ အိမ်ခြံမြေမှာလည်း မသမာသူ
ပေါင်ရဲစခန်းမှူး၊ဒုရဲအုပ်ချစ်ဆွေနှင့် ရဲပြုတ်ကြည်အေးတို့၏ လက်ထဲ ကျရောက်ရတော့မည့်
ကိန်းဆိုက်ရောက်နေပါသည်။

ကိုယ့်အိမ်မှာကိုနေတာ အိမ်ကျော်နင်းမှုဖြစ်ရတယ်လို့ ကြားလို့မှကောင်းကြသေးလားရှင် မွန်ပြည်နယ် ပေါင်မြို့ ရဲစခန်းမှစခန်းမှူး၊ ဒုရဲအုပ်ချစ်ဆွေနှင့် အမှုပွဲစား ကြည်အေးတို့၏ ဥပဒေမဲ့
လုပ်ဆောင်ချက်များကို နိုင်ငံတော်သမ္မတကြီးနှင့်တကွလွှတ်တော်အမတ်ကြီးများ
မကြားဘူးသေးလျှင်လည်း ယခုကြားဖူးသွားပြီးလို့မှတ်ပေးပါ။ကြားဖူးသွားလျှင်လည်း ထိ့ရောက်စွာအရေးယူပေးပါလိုအင်တာနက်စာမျက်နှာမှ တဆင့်တင်ပြလိုက်ပါတယ်။

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။