၈.၅.၂၀၁၂ အင်္ဂါနေ့ နေ့လည် ၁နာရီအချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီးပုသိမ်ခရိုင်ရဲမှုးကြီးဖြစ်သူ ဦးမောင်မောင်မြင့် သည် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့နယ် အမှတ် (၄) ရပ်ကွက်ဘူးကွဲကြီးကျေးရွာသို့ ရောက်ရှိလာပြီးအုန်းခြံများအတွင်းနေထိုင်သူများကိုအဆိုပါ ညနေ ၄နာရီအချိန်မှာ အပြီးဖယ်ရှားပေးရမယ်။ မဖယ်ပေးပါကဖမ်းဆီးအရေးယူမယ် ဟုပြောကြားခဲ့ပါသည်။
ညနေ ၄ နာရီအချိန်တွင်ငွေဆောင်မြို့နယ်စခန်းမှူး ဆိုသူမှ ဦးကြည်မြင့်၊ ဦးစိုးလွင် နဲ့
ဦးစိန်သန်းတို့ သုံးဦးအား ရဲသား ၃ ဦးကိုစေလွှတ်ပြီး ဖမ်းဆီးခဲ့ပါတယ်။ရဲစခန်းရောက်သော အခါတွင် အဆိုပါရဲမှူးမှ ၄င်းတောင်သူ ၃ ဦးအား ပုဒ်မ ၄၄၇နှင့်အမှုဖွင့်တယ် လို့ပြောပါတယ်။ အဲဒီနောက် တစ်ယောက်စီကိုထွက်မပြေးပါဘူးဆိုတဲ့ ဂတိနဲ့ ဆွေမျိုး ၂ ဦးစီကိုလက်မှတ်ရေးထိုးခိုင်းပြီး ပြန် လွှတ်ခဲ့ပါတယ်။ ယနေ့ ၉၊၅၊ ၂၀၀၂ ဗုဒ္ဓဟူးနေ့မှာတော့ အဆိုပါ အုန်းင်္ခြများကို ရဲသား အယောက် ၃၀ က
ဝိုင်းထားပြီး မြေတူးစက်များနှင့်တူးကော်ဖျက်ဆီးလျှက်ရှိပါသည်။
အဆိုပါ အုန်းခင်းများသည် န၀တလက်ထက် ၁၉၉၇ ခုနှစ်တွင်ငွေဆောင်ဟော်တယ်ဇုံ (၂) ဟု သတ်မှတ်ထားသော်လည်း အဆောက်အအုံများဆောက်လုပ်ခြင်းမရှိဘဲသောနေရာများဖြစ်ပြီး ၂၁၊၀၃၊၂၀၁၂ ရက်နေ့တွင်အားကစားဝန်ကြီးဋ္ဌာန၊ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက
မီဒီယာများကို“ရွက်လှေစခန်းဆောက်လုပ်ရန် အတွက်မြေနေရာသတ်မှတ်သည့်
အမှတ်အသားများစိုက်ထူခဲ့သော်လည်း ပြည်သူများနှင့်ညှိနှိုင်းမရသောကြောင့်အဆိုပါနေရာများကို
ပြန်လည်ပေးအပ်ခဲ့ပြီဖြစ်ကြောင်းပြောဆိုခဲ့သည့်နေရာများဖြစ်ပါသည်။
ကျွန်တော်တို့တောင်သူများမှာ ပိုင်ဆိုင်မှုဆိုဒီဥယျာဉ်များသာရှိပါတယ်။ အကယ်၍ ဒီနေရာကိုသူတို့ ကသိမ်းပိုက်လိုက်တော့ကျွန်တော်တို့ ဒီမိုကရေစီအစိုးရလက်ထက်မှာတော့ဘာအလုပ်ကိုလုပ်စားပြီး မိသားစု ဘ၀ ကိုဘယ်လို ဦးစီးရတော့မလဲလို့တောင်သူများကပြောကြားပါတယ်။
ကျောင်းသားမိဘဖြစ်သူတောင်သူတစ်ဦးကလဲ ဒီနေရာမှာဒီအုန်းခင်းလေးကို အားကိုပြီး
သမီးလေးကိုကျောင်းထားနေရတာ... အခုအုန်းပင်မရှိတော့ ပညာဒါနကျောင်းရယ်လို့လဲမရှိတော့
ကျောင်းထား နိုင်မှာမဟုတ်တော့ဘူးလို့ ရင်ဖွင့်လာပါတယ်။
ဥာဏ်ထက်သာ (ဘူးကွဲကြီးကျေးရွာ)

(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။