Friday, October 19, 2012

သမ္မတကြီး၏ ဆင်းရဲသားပပျောက်ရေးကို ဆန့်ကျင်နေသော မြ၀တီမှ အကောက်ခွန်ဝန်ထမ်းများ စီးပွားရှာနေပုံ အပိုင်း (၃)










“၀န်ကောင်းမှ ပြည်အောင် ” ဆိုသလို နိုင်ငံတိုးတက်စည်ပင်ဖို့ဆိုတာ အကောက်ခွန်ဌာနလို နိုင်ငံတော်ဘဏ္ဍာကိုထိန်းသိမ်းပေးနေတဲ့ဌာနကြီးမှာ ၀န်ထမ်းကောင်းတွေအများကြီးလိုအပ်ပါတယ်… နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မူအခြေခံဟာ ၀န်ထမ်းကောင်းများများရှိဖို့ဟာ အရေးကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်ပါတယ်… နိုင်ငံတော်အတွက်လုပ်နေတာလို့ သံကောင်းဟစ်နေခြင်းထက် ၀န်ထမ်းပြည်သူတို့၏ အနှစ်သာရဖြစ်သော အပြန်အလှန်ထိမ်းကျောင်းမူ ယန္တရားကြီးနှင့် ညီမျှနေသောချိန်ခွင်လျှာကို ပိုပြီးကောင်းမွန်အောင် လုပ်ပေးခြင်းက ပိုပြီးကောင်းပါတယ်… နိုင်ငံတော်၏ မူဝါဒ၊ စီးပွားရေးရာမူဝါဒ၊ ရည်မှန်းချက်နှင့် ၀န်ကြီးဌာန၏ ယုံကြည်စိတ်ချစွာ ပေးအပ်သောတာဝန်များကို ရိုးရိုးသားသား နှင့်စေတနာထားပြီး ကြိုးစားလုပ်ဆောင်သင့်ပေသည်။

     
 ကရင်ပြည်နယ် ဒုပြည်နယ်မှူး ဦးမြင့်ဇော်၊  ဦးစီး/ရှိ မျိုးကျော်ထွန်း နှင့် အကောက်ခွန်အရာရှိ/ အရာထမ်းများ ဆောင်ရွက်မူ့တွေကြောင့် မြ၀တီနယ်စပ်ကုန်ဈေးနှူန်းသည် ယခင်အတိုင်းပုံမှန်ရှိနေသော်လည်း ပြည်တွင်းဈေးကွက်တွင်မူ စားသောက်ကုန်များ၊ မီးဖိုချောင်သုံးဟင်းခပ်မှူန့်၊ စားသုံးဆီ၊ စက်သုံးဆီ၊ အလှကုန်အမျိုးမျိုး၊ အခြားစားသောက်ကုန်မျိုးစံ နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများသည် ယခုနှစ် ဇူလိုင်လဈေးနှူန်းများထက် ထက်ဝက်ခန့်မြင့်တက်သွားခဲ့သည်။ 

     ယခင်က ၀ါးတားဂိတ်များကြောင့် ကုန်ဈေးနှူန်းမြင့်တက်သည်ဆိုသော် လည်း ပြည်တွင်းဈေးကွက်  တွင် မြ၀တီကုန်ဈေးနှူန်းနှင့် နှိုင်းယှဉ်သော် တစ်ဆယ်ရာခိုင်နှူန်းထက်မကျော်သောဈေးနှူန်းရှိနေရာမှ သြဂုတ်လမှ စတင်၍ ပြည်တွင်းဈေးကွက်တွင် ထိုင်းကုန်ပစ္စည်းများ ငါးဆယ်ရာခိုင်နှူန်းကျော်ဈေးကြီးမြင့်လာခဲ့သည်။ ဒီလို ပွင့်လင်းသောစနစ်သစ်ကိုကူးပြောင်းနေဆဲကာလတွင် ၀ါးတားဂိတ်များသည် တိုးလာသည်ဟုမရှိတော့ပဲ လျှော့နည်းသွားသည်မှာ ကုန်သည်ကားသမားများ သာ၍သိပါသည်… ဒါဆို ဒီကုန်ဈေးနှူန်းတက်ခြင်း၏ အဓိက တရားခံသည် ဘယ်သူလဲ…


              မြန်မာ့စက်မူဆိပ်ကမ်း၊ အေရှားဝေါလ်ဆိပ်ကမ်းတို့မှ တရားမ၀င်တင်သွင်းခဲ့သော ကားမှောင်ခို လိုင်စင်မဲ့ကားအမူတွင် အာဏာပိုင်အဆင့်ဆင့်ပါဝင်နာမည်ကြီးခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့ကိုစစ်ဆေးခဲ့သောလည်းပဲ အမူမှန်မှာ ယခုအချိန်ထိ မပေါ်ပေါက်နိုင်ဘဲ အလှမ်းဝေးခဲ့သည်။ စစ်ဆေးသောအဖွဲ့များမှာလည်း ၀န်ထမ်းအချင်းချင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ငွေပေးနားလည်မူယူပြီး တပ်မတော်အစဉ်အလာအတိုင်း အစ်ကိုကြီး၊ ညီလေးဆိုပြီး ပြီးသွားတာပါပဲ…



      ယခုလည်း အကောက်ခွန်ဒုပြည်နယ်မှူးဦးမြင့်ဇော်၊ ဦးစီး/ရှိ မျိုးကျော်ထွန်း နှင့် အကောက်ခွန်ဝန်ထမ်းများသည် ၁၀.၈.၂၀၁၂ မှစ၍ ယနေ့ထိ ၀န်ထမ်းများကြားတွင် ၀င်ငွေအများဆုံးရရှိသူများအဖြစ် စာရင်းဝင်နေသူများဖြစ်သည်။ လက်အောက်ငယ်သားများအာခံတော်လှန်မူ မပြုနိုင်ရန်အတွက်လည်း ယာဉ်များစစ်ဆေးခြင်းတွင်

-      - ဟိုင်းလပ်တစ်စီး - ၃ သောင်း

-      - မှန်လုံခြောက်ဘီးတစ်စီး - ၈ သောင်း

-      - ဆယ်ဘီးနှင့် ဆယ့်နှစ်ဘီး - တစ်သိန်း စသည်ဖြင့်ရယူစေရန်ဖန်တီးပေးထားသည်။



စစ်ဆေးသော အကောက်ခွန်ဝန်ထမ်းကို သီးခြားငွေ မပေးပါက မပေးသောယာဉ်ကို အခွန်နှူန်းမြင့်တင်ကာ ကျခံစေခြင်းဖြင့် စစ်ဆေးသူများသီးခြားစွာ  ၀င်ငွေရရှိအောင်လည်းဆောင်ရွက်ပေးထား သည်။ အခွန်မည်မျှပင် ဆောင်စေကာမူတံတားကျိုးအကောက်ခွန်ဂိတ်တွင်လည်း ငွေထပ်မံပေးရပြန်ပါသည်။
ငွမပေးပါက ဓါတ်ပုံထဲက အတိုင်းမတူဘူး….အခွန်ဆောင်အမျိုးအစားပစ္စည်းကွဲပြားပါသည်ဟုဆိုကာ ထွက်ခွါခွင့်မပေးခြင်း၊ ပစ္စည်းသိမ်းဆည်းခြင်း၊ အမျိုးမျိုးခြိမ်းခြောက်ခြင်းများစသည့် ပညာပြနည်းအမျိုးမျိုးကို ကုန်သည်ကားသမားများခံစားနေရပါသည်။


         အခွန်ဆောင်လတ်မှတ်မပါသောကားများကို မည်သူမှထွက်ခွါခွင့်ရအောင် မလုပ်ဆောင်နိုင်သော်လည်းဘဲ အကောက်ခွန်ဝန်ထမ်းများအကြိုက်ဖြစ်သော ငယ်ငယ်ချောချော မိန်းကလေးများ ဥပမာ (တံတားကျိုး ကွမ်းယာဆိုင်မှ သဲသဲ ) သူတို့အကြိုက် မိန်းခလေးများမှ ၅ သောင်းလာက်ပေးလိုက်ပါက အမေးအမြန်းပင်မရှိဘဲ ထွက်ခွါခွင့်ရရှိပါသည်။


              အခွန်စာရွက်ပါလာပါကလည်း ယာဉ်ကြီးတစီးကို ၅သောင်း မှ တစ်သိန်းကြား ပစ္စည်းတင်ထားခြင်းပေါ်မူတည်ပြီး ထပ်ပေးရပါသည်။ 
ကုန်သွယ်ရေးဇုံ အကောက်ခွန်စစ်ဆေးရေးဂိတ်တွင်ပေးဆောင်ရသော အခွန်ကြေးများမှာ -

-      - ဟိုင်းလတ်အခွန်ကြေး - ၁ သိန်း မှ ၃ သိန်း စစ်ဆေးသူ ၃ သောင်း

-      - မှန်လုံ၊ ခြောက်ဘီးအခွန်ကြေး - ၁၀ သိန်း စစ်ဆေးသူ ၁ သိန်း 
         လတ်မှတ်ထိုး ဦးစီး/ရှိ အတွက် ၃ သိန်း

-      - ဆယ်ဘီး၊ ဆယ့်နှစ်ဘီး အခွန်ကြေး - ၁၃ သိန်းအထက် စစ်ဆေးသူ ၁ သိန်း 
         လတ်မှတ်ထိုး ဦးစီး/ရှိ အတွက် ၄ သိန်း စသည့် အခွန်ငွေ နှင့် အပိုကြေးပေးဆောင်ရသည်။



           မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးကုန်သွယ်ရေးဇုံ နယ်စပ်မြ၀တီမြို့မှ ကုန်တင်ပြီး ဆင်းသော ကားအရေအတွက်သည် (စက်တင်ဘာလ အတွက်သာ) စာရင်းပြုစုချက်အရ အဆင်း တစ်နေ့ကို ယာဉ်ငယ် သုံးရာ ကျော်နှင့် ယာဉ်လတ်၊ ယာဉ်ကြီး အစီး တစ်ရာကျော် ရှိနေသည်။ ယာဉ်ထွက်ခွါခွင့်စာရင်းကို ပို့ဆက်၊ မထသ၊ ရဲတပ်ဖွဲ့တို့တွင် စာရင်းများအတိအကျရှိပြီး ငွေကြေးများတစ်စင်းနှူန်းနှင့် တွက်ချက်ကြည့်ပါက အဆင်းနေ့တိုင်းမှာ အကောက်ခွန်ဌာန၏ ၀န်ထမ်းများအိတ်ကပ်ထဲသို့ စီးဆင်းသွားသည့် နိုင်ငံ့ဘဏ္ဍာသည် သိန်းထောင်ချီရှိနေသည်ကို တွေ့ရပါလိမ့်မည်။ 

ထို့ကြောင့် နိုင်ငံတော်အကျိုးအတွက် ဘယ်လောက်ရှိသလဲ……

အကောက်ခွန်ဒုပြည်နယ်မှူး ဦးစီး/ရှိ နှင့် အရာထမ်းအမူထမ်းများအတွက် ၀င်ငွေဘယ်လောက်ရှိနေသလဲ………… ဆိုတာ စစ်ဆေးတွေ့ရှိနိုင်ပါသည်…. ကျွန်တော့်၏ နောက်ဆုံးတင်ပြချက်များရောက်သောအခါတွင် ဓါတ်ပုံမှတ်တမ်းများ၊ စာရွက်စာတမ်းမှတ်တမ်းများနှင့် ဗွီဒီယိုမှတ်တမ်းများ တင်ပြသွားပါမည်…
 
ညိုမောင် (စက်မူ) (U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။