Sunday, October 21, 2012

နေပြည်တော်မှ အကျင့်ပျက်ဗိုလ်ကြီးတစ်ဦး၏ မိုက်ရိုင်းပုံများ (ပေးစာ)

     နေပြည်တော်မှ ရဲအရာရှိ တစ်ဦးဖြစ်သူ ဗိုလ်ကြီးနေလင်းအောင်သည် လိုင်စင်မဲ့ကားများအား လိုင်စင်လုပ်ပေးမည်ဟုဆိုကာ ပျဉ်းမနားမြို့ခံများနှင့် ၀န်ထမ်းများပါ ပိုင်ဆိုင်သော ကားများကို ပိုက်ဆံသိန်းချီတောင်းပြီး လိမ်လည်နေသည့်ဖြစ်ရပ်တစ်ခု နေပြည်တော်တွင်ဖြစ်ပွားခဲ့ပါသည်။

     ပေးစာပေးပို့သူ၏ ပြောကြားချက်အရ လိုင်စင်မဲ့ကားများအား ငြိမ်းချမ်းရေးအဖွဲ့တစ်ခု၏ နောက်ခံဖြင့် လိုင်စင်များထုတ်ပေးရသည်ဟုဆိုကာ လိုင်စင်မဲ့ကားပိုင်ရှင်များထံမှ စရံငွေပိုက်ဆံများတောင်းခံခဲ့ပါသည်။
ထိုစရံငွေများကို ရရေးအတွက် အဆိုပါ ဗိုလ်ကြီးနေလင်းအောင်သည် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀င်းထဲတွင် လိုင်စင်မဲ့ကားများအားစစ်ဆေးရန်အတွက်ဟုဆိုကာ သူကိုယ်တိုင်ဦးဆောင်၍ ကညန က ၀န်ထမ်းအယောင်ဆောင်များဖြင့်ပူးပေါင်း၍  ကားများကိုခဲခြစ်ကာ ပိုက်ဆံသိန်းချီကို လိမ်လည်ယူခဲ့ပါသည်။
   
      ထိုလိမ်လည် ပိုက်ဆံတောင်းယူခြင်းကို ကားပိုင်ရှင်များ ချက်ချင်းမသိသေးဘဲ တစ်လခွဲလောက်ကြာမှသာ သိရှိခြင်းဖြစ်သည်။ ထိုသိရှိသည့်အချိန်တွင် ရထားဝန်ကြီးဌာနကို ခုတုံးလုပ်၍ လုပ်ခဲ့သည့်ကိစ္စကို သက်သေ သာဓက သဘောထား၍ နောက်ထပ် ကားတစ်စီးကို ပိုက်ဆံ ၂၅ သိန်းနှူန်းဖြင့် လိမ်လည်ခဲ့ပါသည်။ ကားပိုင်ရှင်များက မသင်္ကာ၍ စုံစမ်းရာမှ ငြိမ်းချမ်းရေးအဖွဲ့များသို့ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ပေးသွင်းထားခြင်းလည်းမရှိ၊ လိုင်စင်ရရေးကိုလည်း ငြိမ်းချမ်းရေးအဖွဲ့များမှ အာမခံထားခြင်းလည်းမရှိ၊ သူတို့ကိုယ်တိုင်လည်း ဘာဆိုဘာမှမသိရကြောင်း ထို အဖွဲ့အစည်းမှ ပြောခဲ့ပါသည်။

      ထိုအကြောင်းအရာကိုသိ၍ ပိုက်ဆံပြန်လည်တောင်းယူသော ကားသမားများကို ယခုလက်ရှိယူထားသော ရာထူးကိုပြ၍ ခြိမ်းခြောက်၍သော်လည်းကောင်း၊ ဒုသမ္မတ ဦးဥာဏ်ထွန်း ၏ တူ ဖြစ်၍ ဘယ်သူမှ သူ့ကို ထိ၍ မရ ဆိုသော အကြောင်းပြချက်များဖြင့် ပိုက်ဆံများတစ်ပြားမှ ပြန်မပေးသေးကြောင်းသိရပါသည်။ မကျေနပ်သော ကားသမားများမှလည်း သူတို့ကို လိမ်လည်နေသည့် ဗိုလ်ကြီးနေလင်းအောင် ကို မကျေမနပ်ဖြစ်နေကြ၍ သက်ဆိုင်ရာဝန်ကြီးဌာနများကိုလည်း တိုင်စာများပေးပို့ကာ တိုင်ကြားထားပြီဖြစ်ကြောင်းသိရပါသည်။

       မည်သို့ပင်ဆိုစေကာမူ ဂျာနယ်တွင်ပါလာသော ရထားဝန်ကြီးဌာနမှ ၀န်ထမ်းအယောင်ဆောင်၊ ဌာနကို ခုတုံးလုပ်သည်ဟုဆိုကာ သွင်းကုန်၊ ထုတ်ကုန် ဥပဒေဖြင့် ဖမ်းဆီးလိုက်သော ငြိမ်းချမ်းရေးအဖွဲ့များကို မှားယွင်းမူဖြင့် ပြန်လည်အမူပိတ်လိုက်ရပြီး အမှန်တကယ် လိမ်လည်ခဲ့သော ဗိုလ်ကြီးနေလင်းအောင်မှာကား ပိုက်ဆံများကို သိန်းရာနှင့်ချီလိမ်လည်ကာ ယခုအချိန်ထိ ဒုသမ္မတကြီး ၏ တူဖြစ်သောကြောင့် ကျန်းမာစွာ ဖြင့် ဆက်လက်တာဝန်ထမ်းဆောင်နေပါသည်ဟု ယူနီဗာဆယ်ကို ပေးပို့လာသော ပေးစာကို ပြည်သူများသိအောင် တင်ပြလိုက်ပါသည်။



 (U.V.I)

1 comment:

  1. A person necessarily help to make critically articles
    I would state. This is the first time I frequented your website page
    and to this point? I surprised with the research you made
    to make this particular put up extraordinary.

    Excellent task!

    Feel free to surf to my weblog fish taco

    ReplyDelete

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။