ကမ္ဘာပေါ်ရှိ နည်းပညာမြင့်မားသော် နိုင်ငံများသည် စစ်ရေးအသုံးစရိတ်များကို တစ်နှစ်ထက်တစ်နှစ် မြင့်မားပြီးသုံးစွဲလာသည်နှင့် အမျှ တိုက်ခိုက်ရည်စွမ်းအင်မြင့်မားသော် စက်လက်နက်ပစ္စည်းများ၊ Missile များ၊ Sub Marine များ၊ Air Fighter များထုတ်လုပ်လာကြပါသည်။ ဆန်းသစ်သော် လက်နက်များအတွင်းမှ မြန်မာစစ်အာဏာရှင်များ ၀ယ်ယူစုဆောင်းသော် တိုက်လေယာဉ်သည် ကမ္ဘာပေါ်ရှိ အကောင်းဆုံး တိုက်လေယာဉ်များထဲမှ တစ်စင်း အပါအ၀င်ဖြစ်လာပါသည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ အကောင်းဆုံး တိုက်လေယာဉ် ၁၀ စင်း ကို ယူနီဗာဆယ်မှ စုဆောင်းဖော်ပြပေးလိုက်ပါသည်။
NO.1 ..... (F 22 Raptor)
တိုက်လေယာဉ်သည် ၅ဆက်မြောက် မျိုးဆက် ဖြစ်ပြီး ဘိုးအင်း ကုမ္မဏီကထုတ်လုပ်တာဖြစ်ပါတယ်။ပိုင်းလော့ ၁ ယောက်မောင်းဖြစ်ပြီး မြန်နှူန်းကတော့ Super Mach 2 class ထိမောင်းနိုင်ပြီး။ ပေ ၅သောင်းအထက်ထိ ပျံတတ်နိုင်ပါတယ်။(One M61A2 20-millimeter cannon with 480 rounds ) ကင်မရာအမျိုးအစားတပ်ဆင်ထားပါတယ်။ air to air Missile အမျိုးအစားဖြစ်တဲ့ AIM-9 infrared နဲ့ GBU-32 JDAMs များကို ၂ လုံးစီ တပ်ဆင်ထားပါတယ်။ AIM-120 radar ရေဒါအမျိုးအစားတပ်ဆင်ထားပြီး Unit တစ်ခုရဲ့ ဈေးနှူန်းကတော့ US Dollar $143 million ဖြစ်ပါတယ်။
NO.2 ..... (Typhoon Euro fighter)
ဒီ တိုက်လေယာဉ်ကို ဗြိတိန်၊ ဒတ်ခ်ျ၊ ဂျာမနီ၊ အီတလီ၊ စပိန် နှင့် အမေရိကန်တို့မှ ထုတ်လုပ်ပြီး ဂျာမနီ နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ တိုက်လေယာဉ်က အကောင်းဆုံးလို့ဆိုပါတယ်။ ပိုင်းလော့ ၁ ယောက်မောင်းဖြစ်ပြီး မြန်နှူန်းကတော့ ၁ နာရီမှာ ၂၃၉၀ ကီလိုမီတာ (Mach2.0+) ထိ မောင်းနိုင်တယ်လို့ဆိုပါတယ်။ပျံတတ်နိုင်တဲ့ အမြင့်ဆုံးပေ ၆ သောင်းထိတတ်နိုင်ပြီး ၁၃၉၀ ကီလိုမီတာ အကွာအဝေးကနေ ပစ်မှတ်ကို ပစ်ခတ်နိုင်ပါတယ်။ နေတိုးရဲ့ အကောင်းဆုံး လက်နက်များကိုတပ်ဆင်ထားပြီး ဝေဟင်ပေါ်မှာတင် ဆီဖြည့်နိုင်ပါတယ်။ ပစ်ခတ်နိုင်စွမ်းမြင့်မားသော် မည့်သည့် ဒုံးမဆို တပ်ဆင်နိုင်ပါတယ်။ တိုက်လေယာဉ် ဆီ၊ ဒုံးများအပါအ၀င် ပေါင် 14330 ထိ တင်ဆောင်နိုင်ပါတယ်။Air to Air အတိုပစ်ဒုံးများနှင့် Air to Air တာဝေးပစ်ဒုံးများ ၄ လုံး တပ်ဆင်ထားပါတယ်။ရေဒါရဲ့ အာရုံခံနိုင်မူကနေလည်း လွတ်အောင်ရှောင်နိုင်တယ်လို့ဆိုထားပါတယ်။ Unit တစ်ခုရဲ့ဈေးနှူန်းကိုတော့ အတိအကျ ဈေးမဖွင့်ထားပါဘူး။
NO.3 ..... (F/A 18 Hornet)
အဆိုပါ တိုက်လေယာဉ်အမျိုးအစားကတော့ မည်သည့် ရာသီဥတုမျိုးကိုမဆို မောင်းနှင်နိုင်စွမ်းရှိပြီး မြေပြင်ပစ်မှတ်တွေကို အဓိကထားတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ထုတ်လုပ်တဲ့ကန်ထရိုက်တာတွေကတော့ Boeing [McDonnell Douglas Aerospace] and Northrop Grumman (Airframe) တို့ကတည်ဆောက်ပြီး ပေါင် 18000 စီလေးတဲ့ တပ်ဆင်ထားတဲ့ အင်ဂျင် F-404-GE-402 အမျိုးအစားတပ်ဆင်ထားပါတယ်။။ မော်ဒယ် အမျိုးအစားကတော့ ၂ မျိုးထုတ်ထားပြီး (F/A-18C) ပိုင်းလော့ ၁ယောက်မောင်း သီးသန့်နှင့်(F/A18D) ပိုင်းလော့၂ယောက် မောင်းဖြစ်ပါတယ်။ တိုက်လေယာဉ်မြန်နှူန်းက တော့ Mach 1.8 ထိမောင်းနိုင်ပြီး 13700 ပေါင်အထိ လက်နက်များတင်ဆောင်နိုင်ပါတယ်။ Air to Air Mission/ Air to Ground Mission ၂ ခုစလုံးမှာ တိုက်ပွဲ ၀င်နိုင်ပါတယ်။ညကြည့် မှန်ပြောင်းများတပ်ဆင်ထားလို့ မှောင်မိုက်တဲ့ ညများမှာပါ တိုက်ပွဲဝင်နိုင်ပါတယ်။Air to Air/ Air to Ground ဒုံးများကို တပ်ဆင်ထားပြီး တောင်ပံ ၂ ဖက်အောက် မှာ ဆီ တိုင်ကီများထားရှိပါတယ်။ လက်နက်များနှင့် တကွ အပြင်ပစ္စည်းများအပါအ၀င် ပေါင် 13700 ထိတင်ဆောင်နိုင်ပါတယ်။ Unit တစ်ခုရဲ့ ဈေးနှူန်းကတော့ US Dollar 39.5 Million ဖြစ်ပါတယ်။
NO.4 ..... (Saab Jas39 Gripen)
အဆိုပါ တိုက်လေယာဉ်ကို အပေါ့စားအင်ဂျင်ဖြင့်တည်ဆောက် ထားပြီး ဆွီဒင်လေကြောင်းလိုင်း (Saab) မှတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ တိုက်လေယာဉ်ကိုအသုံးပြုတဲ့ နိုင်ငံများကတော့ ဆွီဒင်၊ ချက်၊ တောင်အာဖရိက နိုင်ငံများက အသုံးပြုပြီး ထိုင်းစစ်တပ်ကလည်း မှာယူထားတယ်လို့ သိရပါတယ်။ ပိုင်းလော့ ၁ ဦးပဲမောင်းလို့ရပြီး ပေ ၅သောင်း ထိမောင်းလို့ရပါတယ်။အမြင့်ပေ ၅ သောင်း ထိပျံသန်းနိုင် ပြီး အဆိုပါ တိုက်လေယာဉ်တွင် အသုံးပြုသည့် အင်ဂျင်အမျိုးအစားသည် အတိုး၊ အလျှော့ နှင့် System လိုအပ်ချက်ကို အင်ဂျင်မှ ထိန်းညှိ ထားပါသည်။ တပ်ဆင်ထားသည့် Air to Surface ဒုံးတွင် ရေဒါထိန်းချူပ်စနစ်ပါပြီး Saab RBS15F anti-ship missile နှင့် Raytheon Maverick missile အမျိုးအစားတပ်ဆင်ထားပါသည်။ ကိုယ်ထည်အတွင်းမှာ ၂၇ မီလီမီတာ အဆင့်မြင့်စွမ်းအင်သုံးစက်သေနတ်ကို ရေဒါထိန်းချူပ်မူဖြင့်တပ်ဆင်ထားသည်။ Unit တစ်ခုရဲ့ဈေးနှူန်းကတော့ US Dollar $40.61 million လို့ဆိုပါတယ်။
NO.5 ..... (Dassault Rafale)
အဆိုပါ တိုက်လေယာဉ်သည် 4.5-generation ဒီဇိုင်းဖြစ်ပြီး Dassault Aviation မှတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ပိုင်းလော့ ၁ ဦးမောင်းအမျိုးအစားဖြစ်ပြီး ထိုင်ခုံ ၂ နေရာစာရှိပါတယ်။ တစ်ခုချင်းစီမှာ ပေါင် 19555 ရှိတဲ့ SNECMA M88-3 turbofans ၂ လုံးသုံးထားပြီး ၁ နာရီ မှာ 2125 ကီလိုမီတာ မောင်းနှင်နိုင်စွမ်းရှိပါတယ်။ အမြင့်ပေ ၆ သောင်း ထိတက်နိုင်စွမ်းရှိပါတယ်။ ဒုံးပစ်နိုင်တဲ့ အကွာအဝေးကတော့ မိုင် ၁၀၀၀ အကွာအ၀းကနေ ပစ်ခတ်နိုင်စွမ်းရှိပါတယ်။ Cannon: 1 30mm DEFA 554 ကင်မရာသုံးထားပြီး Mica missile နှင့်R 550 Magic 2 missile များတပ်ဆင်ထားပြီး လေဆာဂိုက်များ တပ်ဆင်ထားတဲ့ BGL 400 ဗုံးများတင်ဆောင် ထားပါတယ်။ Unit တစ်ခုရဲ့ဈေးနှူန်းကတော့ US Dollar $82.3 million လို့ သတ်မှတ်ထားပါတယ်။
NO.6 ..... (Su-30MKI)
Su-30 MKI တိုက်လေယာဉ်သည် ရုရှား Sukhoi Corporation နှင့် India’s Hindustan Aeronautics တို့ ပူးပေါင်းတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ပိုင်းလော့ ၂ ဦးမောင်းလို့ရပြီး two AL-31FP turbofans အင်ဂျင်ကိုအသုံးပြုထားပါတယ်။ AL-100 vectoring nozzle ခေါင်းကိုအသုံးပြုထားပြီး အမြင့်ပေ 57415 ပေထိ တက်နိုင်စွမ်းရှိ ပါတယ်။ ၁၀ နာရီ တောက်လျှောက် မောင်းနိုင်စွမ်းရှိပြီး 3000 ကီလိုမီတာ အကွာအဝေးကနေ ပစ်ခတ်နိုင်စွမ်းရှိပါတယ်။ မြန်နှူန်းကတော့ ၁ နာရီကို 1317 မိုင် (Mach 2) ထိပြေးနိုင်စွမ်းရှိပါတယ်။ ၃၀ မီလီမီတာ စက်သေနတ်များတပ်ဆင်ထားပြီး တိုက်ပွဲဝင်နိုင်တဲ့ အနေအထားကတော့ အမြန်ဆန်ဆုံးနဲ့ အထိရောက်ဆုံးတိုက်ပွဲ ၀င်နိုင်ပါတယ်။ စက်ပစ္စည်းများရဲ့ ၇၀ ရာခိုင်နှူန်းကို ထိန်းချူပ်ထား ပေမယ့် လေယာဉ်မှာပါဝင်တဲ့ Missiles များကိုတော့ ထိန်းချူပ်ထားခြင်းမရှိပါဘူး… Unit တစ်ခုရဲ့ဈေးနှူန်းကတော့ US Dollar $36.55 million ရှိပါတယ်။
NO.7 ..... (F-15 Eagle)
F-15 Eagle တိုက်လေယာဉ်ဟာ မည့်သည့်ရာသီဥတုအခြေအနေ မျိုးမဆို ပျံသန်းနိုင်ပါတယ်။ Tactical fighter ကဒီဇိုင်းထုတ်ထား ပြီးတော့မော်ဒယ် ၂ မျိုးထုတ်ထားပါတယ်။ (F-15A/C) အမျိုးအစားက ပိုင်းလော့ ၁ ဦးမောင်းနှင်နိုင်ပြီး (F-15B/D/E) အမျိုးအစားက ပိုင်းလော့ ၂ဦး မောင်းနှင်နိုင်ပါတယ်။ ပေါင် 29000 ရှိတဲ့ Two P&W F100 တာဘိုအင်ဂျင်ကိုသုံးထားပါတယ်။ အမြန်နှူန်းကတော့ ၁ နာရီကို မိုင် 1875 (Mach 2.5 plus) မောင်းနိုင်ပြီး အမြင့်ပေ 65000 ထိတက်နိုင်ပါတယ်။မိုင် 3450 အကွာအဝေးကနေပြီး ပစ်ခတ်နိုင်စွမ်း ရှိပြီး အပြင်ကနေ ဆီထည့်နေတဲ့ tanks ၃ ခုပါရှိပါ တယ်။ M-61A1 20mm စက်သေနတ်တပ်ဆင်ထားပြီး ရိုက်ချက် ၉၄၀ ရိုက်နိုင်တဲ့ six-barrel cannon အမျိုးအစား တပ်ဆင်ထားပြီး Air to Air Missile ဖြစ်တဲ့ AIM-7F/M အမျိုးအစား ၄ လုံး နှင့် AIM-120 AMRAAMs ဒုံး အမျိုးအစား ၈ လုံးတပ်ဆင်ထားပါတယ်။ Unit တစ်ခုရဲ့ဈေးနှူန်းကတော့ A/B models ကို US Dollar $27.9 million နှင့် C/D models ကို US Dollar $29.9 million ဆိုပြီးသတ်မှတ်ထားပါတယ်။
NO.8 ..... (F-16 Fighting Falcon)
F-16 တိုက်လေယာဉ်ကို Multirole fighter ကထုတ်လုပ်ပြီး Air to Air ဒါမှမဟုတ် Air to Surface တိုက်ပွဲတွေမှာ အမြန်ဆန်ဆုံး တိုက်ပွဲဝင်နိုင်တယ်လို့ဆိုထားပါတယ်။လိုက်ပါနိုင်တဲ့ ပိုင်းလော့ကတော့ F-16C အမျိုးအစားမှာ ၁ ဦးလိုက်ပါနိုင်ပြီး၊ F-16D ကတော့ ၂ ဦးလိုက်နိုင်ပါတယ်။တပ်ဆင်ထားတဲ့ အင်ဂျင်အမျိုးအစားက မော်ဒယ် ၂မျိုးစလုံးမှာ one Pratt and Whitney F100-PW-200/220/229 အမျိုးအစားကို တပ်ဆင်ထားပြီး ပြေးနှူန်းကတော့ တစ်နာရီမှာ မိုင် 1500 ပြေးနိုင်ပါတယ်။ ပေ ၅ သောင်းအထိတက်နိုင်ပြီး မိုင် 2100 အကျော်ကနေ ပစ်ခတ်နိုင်စွမ်းရှိပါတယ်။၂၀ မီလီမီတာ M-61A1 စက်သေနတ်တပ်ဆင်ထားပြီး ပတ်လည် ၅၀၀ ရိုက်နိုင်တဲ့ Cannon ကင်မရာတပ်ဆင်ထားပြီး လေယာဉ်အပြင်ဘက်မှာ လေ၊ လေချင်းပစ်တဲ့ ဒုံး ၆ စင်းတပ်ဆင်ထားပြီး မြေပြင်ပစ်ဒုံးများလည်း တပ်ဆင်ထားပါတယ်။ Unit တစ်ခုရဲ့ဈေးနှူန်းကတော့ မော်ဒယ်လ် F-16A/B အမျိုးအစားကို US Dollar $14.6 million နှင့် F-16C/D အမျိုးအစားကိုUS Dollar $18.8 million လို့ဆိုထားပါတယ်။
NO.9 ..... (MiG – 29 Fulcrum)
MiG တိုက်လေယာဉ်ကတော့ ရုရှားရဲ့အကောင်းဆုံးနည်းပညာနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Mikoyan design နဲ့ 1970 တုန်း က ထုတ်လုပ်တာဖြစ်ပြီး ဆိုဗီယက် လေကြောင်းမှာစတင်သုံးစွဲတာ ကတော့ 1983 မှစတင်သုံးစွဲတာဖြစ်ပါတယ်။ အဲဒီထဲမှာ ရုရှားလေတပ်မတော် နဲ့ နိုင်ငံတော်တော်များများက လေတပ်မတော်တွေက မှာယူထားပါတယ်။ အဲဒီထဲမှာ အန္ဒိယနိုင်ငံက အမြောက်အမြားမှာယူထားတဲ့အပြင် နောက်ဆုံးမှာယူထားတဲ့နိုင်ငံကတော့ မြန်မာနိုင်ငံဖြစ်ပါတယ်။ Multi-role fighter ကထုတ် လုပ်တာဖြစ်ပြီး ပိုင်းလော့ ၁ ဦးပဲမောင်းလို့ရပါတယ်။ တပ်ဆင်ထားတဲ့ အင်ဂျင်ကတော့ ပေါင် 18298 လေးတဲ့ Two Klimov/Sarkisov RD-33 turbofans ကိုတပ်ဆင်ထားပါ တယ်။ တိုက်လေယာဉ်ပြေးနှူန်းကတော့ Mach 2.3 အဆင့်ရှိပြီး တစ်နာရီကို 1520မိုင် ပြေးနိုင်ပါတယ်။ အမြင့်ဆုံး ပေ 55775 ထိ တက်နိုင်ပါတယ်။ 932 မိုင် အတွင်းက နေ ပစ်ခတ်နိုင်စွမ်းရှိပြီး 30 မီလီမီတာ ရှိတဲ့ GSh-301 စက်သေနတ်တပ်ဆင်ထားပြီး 150 ပတ်လည်ရိုက်နိုင်တဲ့ Cannon ကင်မရာတပ်ဆင်ထားပြီး AAMs ဒုံး ၆ လုံးတပ်ဆင်ထားပါတယ်။ ထပ်တပ်ဆင်ပစ်ခတ်နိုင်တဲ့ ဒုံးများကတော့ SARH and AA-8 Aphid (R60), AA-10 Alamo (R27T), AA-11 Archer, (R73), FAB 500-M62, FAB-1000, TN-100, ECM Pods, S-24, AS-12, AS-14 တို့လည်းတပ်ဆင် နိုင်ပါတယ်။ Unit တစ်ခုရဲ့ဈေးနှူန်းကတော့ US Dollar $29 million လို့ သတ်မှတ်ထားပါတယ်။
NO.10 ..... (Chengdu J-10)
J-10 တိုက်လေယာဉ်ဟာ multi-role fighter ရဲ့ fourth-generation မြောက်တိုက်လေယာဉ်ဖြစ်ပြီး Chengdu Aircraft Industry Co (CAC) ကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ထိပ်တန်း လှို့ဝှက်ပရောဂျက်တစ်ခုအနေနဲ့ 1980 မှာစတင်ခဲ့ပါတယ်။အစ္စရေး Lavi fighter ရဲ့တည်ဆောက်ပုံ အခြေခံနဲ့ တည်ဆောက်ထားပြီး အစ္စရေးလေတပ်က F-16 တိုက်လေယာဉ်ကို ကိုယ်ပိုင်တည်ဆောက်ခဲ့ပါတယ်။ ပိုင်းလော့ ၁ ဦးမောင်းလို့ရပြီး အင်ဂျင်အမျိုးအစားကတော့ ပေါင် 27557 အလေးချိန်ရှိတဲ့ 1x Lyulka-Saturn AL-31FN turbofan တပ်ဆင်ထားပါတယ်။ မြန်နှူန်းကတော့ Mach 1.2 မောင်းနိုင်ပါတယ်။ 550 ကီလိုမီတာ အကွာအဝေးကနေ ပစ်ခတ်နိုင်စွမ်းရှိပြီး အမြင့်ပေ 59055 ထိတက်နိုင်ပါတယ်။ အတွင်း ကင်မရာတစ်စုံပါရှိပြီး တပ်ဆင်နိုင်တဲ့ air-to-air ဒုံးအမျိုးအစားက (PL-8, PL-11, PL-12, R-73, R-77) များတပ်ဆင်ထားပြီး air-to-surface ဒုံးအမျိုးအစားက (YJ-9, YJ-9K) များတပ်ဆင်နိုင်ပါတယ်။ တပ်ဆင်နိုင်တဲ့ ဗုံးများကတော့ လေဆာဂိုက်တပ်ဆင်ထားတဲ့ ဗုံးများကော လေဆာဂိုက်မရှိတဲ့ ဗုံးကော တပ်ဆင်နိုင်ပါတယ်။ Unit တစ်ခုရဲ့ဈေးနှူန်းကတော့ US Dollar $27.84m(190m yuan) လို့ ဆိုထားပါတယ်။
Mr.Zero (U.V.I)
ယူနီဗာဆယ်










No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။