အဝေးပြေး လမ်းသစ်ကြီး မကျွမ်းကျင်သော ယာဉ်မောင်းများနှင့် ပြုပြင် ထိန်းသိမ်းခြင်း ညံ့ဖျင်းမှုတို့ အားလုံး ပေါင်းဆုံ သွားမှုက ကြေကွဲ ဝမ်းနည်းစရာ များကို ဖြစ်ပေါ် စေသည်။
နှစ်ပေါင်း များစွာ အတွင်း ကုန်ကျ စရိတ် အကြီးမားဆုံးဖြင့် တည်ဆောက်ခဲ့သော ၃၂၀ ကီလိုမီတာ ရန်ကုန်-နေပြည်တော် အဝေးပြေး ကွန်ကရစ်လမ်းကို မြန်မာ့ ပထမဆုံး နိုင်ငံတကာ အဆင့်မှီ ကားလမ်း အဖြစ် ဖွင့်လှစ် ပေးခဲ့ရာ နောက်ဆုံးတွင် ဆိုက်ကား၊ နွားလှည်းနှင့် လူတစ်ဖက်စာ ကျင်းပေါက်ကြီး များကို ရှောင်စရာ မလိုတော့ပဲ သင်၏ လင်ခရူဆာ ကားသစ်ကို လီဗာတစ်ဆုံး ဖိနင်း နိုင်ပြီပာု ဆိုရပါမည်။
ရှုပ်ထွေးမှု မရှိခြင်း၊ လူသူ နည်းပါးခြင်းနှင့် လုံလောက်သော ကျယ်ဝန်းမှု တို့ကြောင့် အဆိုပါ လမ်းသည် အထူးသဖြင့် မြို့သစ် တည်သူတို့၏ အမြင်တွင် နေပြည်တော်နှင့် ပတ်သတ် လာလျှင် အားလုံး ကောင်းပါသည်ပာု ယူဆစရာ ဖြစ်စေသည်။ ယခင်က အနည်းဆုံး ၇ နာရီခန့် ကြာသော ခရီးသည် ယခုအခါ ၄ နာရီပင် မောင်းစရာ မလိုတော့ပဲ ယာဉ်ရှုပ်ထွေးမှုလည်း နည်းပါးပြီး တရက်လျှင် မော်တော်ယာဉ် ၅၀၀၀ ခန့်သာ ဖြတ်သန်းသည်ပာု ခန့်မှန်းရသည်။

သို့သော်လည်း ၂၀၀၉ ခုနှစ် အစောပိုင်း လမ်းဖွင့် ပြီးချိန်မှ စ၍ ယာဉ်မတော်တဆဖြစ် သေဆုံးမှု များက ဒုက္ခ ပေးခဲ့သည်။၂၀၁၀ နှစ်ကုန်တွင် ရရှိသော တရားဝင် ကိန်းဂဏန်းများက ဆိုးဝါးသော ယာဉ်မတော်တဆ ဖြစ်မှု ၁၅၆ မှုတွင် လူ ၈၀ သေဆုံးကာ ၂၇၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဖြစ်နေသော်လည်း အမှန်တကယ် အရေအတွက်မှာ ပို၍ များပြားဖွယ် ရှိသည်ပာု ဆိုသည်။
ယာဉ်တစ်စင်းထဲ မတော်တဆ တိမ်းမှောက်မှု တစ်ခုတွင် ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မွေးကင်းစ အရွယ် မြေးကလေး သေဆုံးခဲ့မှု သည် လူသိများသော ဖြစ်ရပ် ဖြစ်သည်။ သေဆုံးသူ တစ်နှစ်သား အရွယ် ဆက်နိုင်လင်း၏ မိဘများ ဖြစ်သော မြို့တော်ဝန်၏ သားနှင့် ချွေးမမှာမူ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရခဲ့သည်ပာု သိရှိ ရသည်။
မကြာသေးမီက အကယ်ဒမီ ဆုပေးပွဲ ပြုလုပ်သော သီတင်းပတ်တွင် မော်တော်ကားဖြင့် ခရီး သွားခဲ့သော ဂျပန် နိုင်ငံသား တစ်ဦး အပါအဝင် အစိုးရ ဝန်ထမ်း၃ ဦး သေဆုံးခဲ့သည် ပာုလည်း ကြားသိ ရသည်။
အကျိုးသင့်၊ အကြောင်းသင့် အဖြေများ ရှားပါးလွန်းသော တိုင်းပြည် တစ်ခုတွင် ၂၀၀၅ ခုနှစ်က မြို့တော် ပြောင်းရွှေ့မှုသည် ဗေဒင် အယူ အဆကြောင့်ပာု အကဲခတ် လေ့လာသူများ ယူဆစရာ ဖြစ်စေသကဲ့သို့ ယခု လူအသေပျောက် များပြား လွန်းသော နေပြည်တော် အဝေးပြေးလမ်း ယာဉ်တိုက်မှုများ အတွက် ကျိုးကြောင်း ခိုင်လုံသည့် ဖြေရှင်းမှု ရရှိရန် အထပ်ထပ် သုံးသပ်မှု ပြုလုပ်ရပါမည်။
ပထမဦးဆုံးနှင့် အရေးကြီးဆုံးမှာ လမ်းအန္တရာယ် ကင်းရေး စံချိန် စံညွှန်းများကို ထိထိ ရောက်ရောက် လုပ်ဆောင်ရန် ပျက်ကွက်မှု၏ ရလဒ် ဖြစ်သည် ဆိုသော အချက်ပင် ဖြစ်သည်။ မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းမှု ဆိုသည် မှာလည်း ဝေလာဝေးပာု ဆိုရမည်။ မော်တော်ယာဉ် များကို တစ်စစီ ကျိုးပဲ့မှသာ ပြုပြင်ကြပြီး တာယာများ မကွဲထွက်မီ လဲလှယ်ခြင်း သည်လည်း ချမ်းသာသူ အနည်းငယ်သာ တတ်နိုင်သော ကိစ္စတစ်ခု ဖြစ်နေသည်။ ယာဉ်ထိန်းရဲများက ကားများကို တားကာ ယာဉ် မှတ်ပုံတင် စစ်ဆေးရာ တွင်လည်း “မောင်းနှင်ရန် သင့်လျှော်မှု” ကိစ္စ လုံးဝ မပါဝင်ပါ။ ဖွံ့ဖြိုးဆဲ နိုင်ငံ အများစု ကဲ့သို့ပင် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်း ထားသော လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ဥပဒေများကိုလည်း လမ်းအသုံးပြုသူ များအား အကာ အကွယ် ပေးခြင်းထက် စားဝတ် နေရေး ပိုက်ဆံရှာရန် အတွက်သာ ယာဉ်ထိန်းရဲများက အသုံးချ နေကြပါသည်။
WHO ၏ ၂၀၀၉ ခုနှစ် လမ်း အန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြချက် အရ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ ပြီးလျှင် အာဆီယံ ဒေသတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးမှု ဒုတိယ အများဆုံး နိုင်ငံ ဖြစ်ကြောင်း တွေ့ရှိရသည်။ အရက်သောက် မောင်းနှင်မှုနှင့် အရှိန်လွန် မောင်းနှင်မှုများကို တားမြစ် ထားသည့်တိုင် ဥပဒေများကို ထိရောက်စွာ အကောင် အထည် ဖော်မှု အားနည်း ခြင်းကြောင့် မြန်မာ နိုင်ငံ လမ်းများ ပေါ်မှ များပြားသော သေဆုံးမှု များကို ဖြစ်ပွား စေခဲ့သည်။
အထက်ပါ ပြဿနာ၏ အကျိုးဆက် များမှာ ရန်ကုန် ဆင်ခြေဖုံး လမ်းများ ပေါ်တွင် မရှိသလောက် ရှားပါး သော်လည်း ကျယ်ပြော လွန်းသော အဝေးပြေးလမ်း ပေါ်တွင်မူ တစ်မူ ကွဲပြား နေသည်ပာု ဆိုရမည်။ ယင်းဖြစ်ရပ် များသည် နေပြည်တော် အဝေးပြေး လမ်းကို မကြာခဏ အသုံးပြု နေကြရသော စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရ ဝန်ထမ်းများ အတွင်း ဖြစ်ပွားနေခြင်း ဖြစ်သည်။ နောက်ဆုံးပေါ် မော်ဒယ် မော်တော်ယာဉ်၏ တာယာများ ပွင့်ထွက်ကာ မြို့တော်ဝန်၏ မြေးကလေး အသက်ကို နှုတ်ယူသွားခဲ့သည့် ဖြစ်ရပ်မျိုးနှင့် အလားတူ ပုံစံတူ ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
သတ်မှတ် အမြန်နှုန်းထက် ကျော်လွန်မှုနှင့် မေးခွန်း ထုတ်စရာ လမ်းဒီဇိုင်းတို့ ပေါင်းလိုက် သောအခါ ကားဘီးများ လေဖိအား ပုံမှန်ထက် ပို၍ မြင့်လာသည်။ ယာဉ်ကြော ရှင်းလင်းနေမှု ကလည်း ယာဉ်မောင်းသူများအား တစ်နာရီလျှင် ၁၅၀ ကီလိုမီတာထက် ကျော်သွားအောင် အားပေး တိုက်တွန်းသလို ဖြစ်နေသည်။ အဝေးပြေး လမ်းပေါ်မှ ကားအများစုတွင် လုံခြုံရေး ခါးပတ် ပါသော်လည်း အသုံးပြုမှု နည်းပါးနေပါသေးသည်။ ထို့ကြောင့် ရန်ကုန်-နေပြည်တော် ကားလမ်းမကြီးသည် ယာဉ်မောင်း များအတွက် အဆိပ်သင့်စရာ ဖြစ်နေတော့သည်။

မှတ်ချက် - (မြန်မာ မော်တော်ယာဉ် ဥပဒေများတွင် ယာဉ်မောင်းသူနှင့် ခရီးသည်များ လုံခြုံရေး ခါးပတ် အသုံးပြုရန် ကြတ်မတ်ထားခြင်း မရှိပါ။)
Asia Sentinel မှ သတင်းကို ဘာသာပြန်သည်။
ယူနီဗာဆယ်

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။