Anti-Terror လို့ အမည်ပေးထားတဲ့စစ်ဆင်ရေးတစ်ရပ်ကို တူရကီ၊ အာဖဂန်စစ်တပ်နှင် ပါကစ္စတန်စစ်တပ်တို့က ရက်သတ္တပတ်ကြာကြာလေ့ကျင့်မယ် လို့ တူရကီစစ်ဘက်ဆိုင်ရာ သတင်းများအရ သိရသည်။
စနစ်တကျစီစဉ်ထားတဲ့ စစ်ရေးအစီအစဉ်အောက်မှာ အစ္စတန်ဘူလ် အနီးမှာရှိတဲ့ တူဇလာ ခြေလျှင်တပ်ကျောင်းမှာ မတ်လ ၂၅ ရက်နေ့ကတည်းက စတင်ပြီးလေ့ကျင့်နေ တယ်လို့ဆိုပါတယ်။
“ ဒီစစ်ရေးလေ့ကျင့်မူတွေမှာ အဓိကကတော့ လေ့ကျင့်နေတဲ့စစ်တပ် ၃ တပ်ဟာ အခြေခံကျကျဆက်သွယ်နိုင်ပြီး ခြေလျှင်တပ်ချင်းချင်း နားလည်မူကိုအဆင့်မြှင့်နိုင်ဖို့ဖြစ်တယ်” လို့ တူရကီ စစ်ဘက်ဆိုင်ရာ သံအမတ်ကပြောသည်။
တူရကီနိုင်ငံ တပ်မတော် အခမ်းအနား တစ်နေရာ
“ဒီစစ်ဆင်ရေးအတူပူးတွဲလေ့ကျင့်ဖို့ကို၂၀၁၀ဒီဇင်ဘာကတည်းက၃နိုင်ငံသဘောတူခဲ့တာဖြစ်ပါတယ်။
ဒီပူးတွဲလေ့ကျင့်မူထဲတွင် ထူးခြားတဲ့စစ်ဆင်ရေး လေ့ကျင့်မူ တွေပါဝင်မှာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးထဲမှာ ထူးခြားတဲ့စစ်ဆင်ရေးအမိန့်များ၊ ထိန်းချူပ်စစ်ရေးလေ့ကျင့်ခန်းများ၊ ပစ်မှတ်ကိုအထိရောက်ဆုံးစစ်ဆင်ရေးဗျူဟာများ၊ မည်သည့်အရာနှင့်မဆို ဖျက်ဆီးနိုင်စွမ်းရှိအောင် လေ့ကျင့်မည့် စစ်ဆင်ရေးများပါဝင် ပါတယ်။ အထူးဖွဲ့စည်းထားတဲ့ ၃ နိုင်ငံ ကွန်မန်ဒိုများ၊ စနိုက်ပါများ နှင့် တင့်ကားအသေးစား များပါ ပါဝင်လေ့ကျင့်မှာဖြစ်ပါတယ်။
အာဖဂန်နိင်ငံနှင့် ပါကစ္စတန်နိင်ငံတို့မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်များ၏ ရန်များမှ သက်ရောက်မူကလည်း တူရကီနိုင်ငံနှင့် ထိုပူးတွဲစစ်ရေးလေ့ကျင့်မူကြောင့် အနည်းနှင့် အများဆိုသလို ပါဝင်ပတ်သတ်လာမှာဖြစ်ပါတယ်။ "ကျွန်တော်တို့ရဲ့ နိုင်ငံရေးသဘောထား များကလည်း မိတ်ဆွေ နိုင်ငံ ၂ နိုင်ငံနှင့် စစ်ရေးလေ့ကျင့်မူအစီအစဉ်များကို အကောင်းဆုံး ဖြစ်အောင် ရေးဆွဲမည်ဖြစ်သကဲ့သို့ အာဖဂန်နိင်ငံ၏ ပြည်တွင်းစစ်ရေးအနေအထားများ ကိုလည်း အမြဲတမ်းစောင့်ကြည့်နေမှာဖြစ်ပါတယ်” ဟု တူရကီနိုင်ငံ စစ်ဘက်ဆိုင်ရာ သံအမတ်က ပြောကြားလိုက်သည်။
တူရကီနိုင်ငံ၏ စစ်သည်အများစုသည် ၂၀၀၁ ကတည်းက အာဖဂန်နိုင်ငံတွင် စစ်ရေးလေ့ကျင့်မူမြောက်မြားစွာကိုပြုလုပ်ဖူးခဲ့ကြသည်။အာဖဂန်နိုင်ငံရှိစစ်သည်အများစုက လည်း တူရကီနိုင်ငံစစ်သင်တန်းကျောင်းများမှ အောင်ခဲ့ဖူးသူများဖြစ်ကြသည်။အခု လက်ရှိ အချိန်တွင် တူရကီစစ်သား ၈၀၀ ကျော်သည် နေတိုး၏ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး အောက်၌ အာဖဂန်နိုင်ငံတွင် တာဝန်ထမ်းဆောင်လျှက်ရှိနေသည်။

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။