Friday, May 20, 2011

ထိုင်းက မြန်မာနိုင်ငံနှင့် နယ်စပ်လမ်းကြောင်းသစ် လုပ်ရန် အဆိုပြု

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ငါးလုပ်ငန်းနှင့် ကုန်စည် သယ်ယူပို့ဆောင်ရေး တို့တွင် မြှင့်တင်နိုင်ရန် နယ်စပ် လမ်းကြောင်းသစ် ဖွင့်လှစ်ရန် တွန်းအားပေးလျက် ရှိကြောင်း ထိုင်းသတင်း အေဂျင်စီ (TNA) က သတင်းထုတ်ပြန်သည်။


ကူးသန်းရောင်းဝယ်ရေးဌာန ဒုတိယဝန်ကြီး Alongkorn Ponlaboot က ပြောကြားရာတွင် ထိုင်းနိုင်ငံသည် Singkorn နယ်စပ် စစ်ဆေးရေး စခန်း ဖွင့်လှစ်ရန် အားပေးလျက် ရှိကြောင်း၊ ၎င်းသည် ထိုင်းပင်လယ်ကွေ့နှင့် အန်ဒမင် ပင်လယ်တို့အား မြိတ်ကိုဖြတ်၍ ဆက်သွယ်သော လမ်းကြောင်း ဖြစ်ကြောင်း၊ ထိုင်းတောင်ပိုင်း အပေါ် Prachuap Khiri Khan နယ်နှင့် ရနောင်းဆိပ်ကမ်း တို့ကိုလည်း ဖြတ်သန်းသွားရကြောင်း ပြောသည်။


Alongkorn က ပြောကြားရာတွင် အဆိုပါ အစီအစဉ်ကို ပြီးခဲ့သည့်နှစ် ဧပြီလက Prachuap Khiri Khan တွင် ပြုလုပ်သော ထိုင်းမြန်မာ ပူးတွဲ ကုန်သွယ်ရေး ကော်မတီ ကြိမ်မြောက် အစည်းအဝေးတွင် စတင် တင်သွင်းခဲ့ကြောင်း ပြောသည်။ ၎င်းသည် မကြာမီ ထိုင်းကိုယ်စားလှယ်အဖွဲ့အား ခေါင်းဆောင်၍ Singkorn နယ်စပ် စစ်ဆေးရေး စခန်းသို့ သွားရောက်ပြီး အမြဲတမ်း နယ်စပ် ဖြတ်ကျော် စခန်းတစ်ခု ဖြစ်ရေး ပြင်ဆင်ထားမှုကို စစ်ဆေး ရန် ရှိသည်ဟု ဆိုသည်။

ထိုင်း ဒုတိယဝန်ကြီးက ပြီးခဲ့သည့် ၄ ရက် မှ ၈ ရက်ထိ ဂျကာတာတွင် ပြုလုပ်သော အာဆီယံ ထိပ်သီး အစည်းအဝေးတွင် အရန် ဆွေးနွေးမှု အဖြစ် မြန်မာအာဏာပိုင်များနှင့် ကိုးလကြာ ပိတ်ထားသော မဲဆောက် တစ်ဖက်ရှိ မြဝတီ နယ်စပ် စစ်ဆေးရေး စခန်းကိစ္စကို ဆွေးနွေးခဲ့ကြောင်း၊ မြန်မာ ဘက်မှ ထိုကိစ္စအား ပြန်လည် စဉ်းစားရန် ကတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

Bernama မှ သတင်းကို ဘာသာပြန်သည်။

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။