ရန်ကုန်မြို့ တောင်ဒဂုံ ၇၁ ရပ်ကွက် ရှိ ဗလီတစ်လုံးအား အသုံးပြုခွင့်ပိတ်ပင်ထားကြောင်း မြန်မာနိုင်ငံ အိုလမာ အစ္စလာမ့်သာသနာရှင်များ အဖွဲ့ချုပ်နှင့် ယင်းရပ်ကွက်ရှိမြို့ခံတို့မှ စုံစမ်းသိရှိရသည်။ယမန်နှစ် ရွေးကောက်ပွဲကာလတွင် ယင်းဗလီကို အာဏာပိုင်များခွင့်ပြုချက်ဖြင့် အရှိန်အဟုန်ဖြင့် တည်ဆောက်ခဲ့ကြောင်း၊ ၂၀၁၁ နှစ်ဆန်းတွင် ဖြစ်ပွားသော လူသတ်မှုတစ်ခုနှင့်ပတ်သက်သည်ဟုဆိုကာ ယင်းဗလီကို အသုံးပြုခွင့် ပိတ်ပင်ခဲ့ကြောင်း ယင်းတို့က ဆိုသည်။
အာဏာပိုင်များ၏ ကတိမတည်မူကြောင့် ဆောက်လုပ်မူရပ်တန့်ထားရသော် တောင်ဥက္ကလာပရှိ ဗလီတစ်လုံး
ရွေးကောက်ပွဲကာလတွင် ပြည်ခိုင်ဖြိုးပါတီအမတ်ဟောင်းတစ်ဦးဖြစ်သော ဦးအောင်သိန်းလင်း (ထိုစဉ်က ရန်ကုန် မြို့တော်ဝန်)သည် အနိုင်ရရှိရန် ဘာသာရေးကို အသုံးချခဲ့ကြောင်း၊ တောင်ဥက္ကလာရှိ အစ္စလာမ်ဘာသာရေးဆိုင်ရာ အဆောက်အဦးတစ်ခုကိုလည်း တိုးချဲ့ဆောက်လုပ်ရန် ရွေးကောက်ပွဲ တွင်မဲဆွဲရန် အလဲအလှယ်လုပ်ခဲ့ကြောင်း၊ သတင်းများထွက်ပေါ်ခဲ့ပြီး ပါတီအတွင်း ယင်း၏လူကြိုက်များမှု ကျဆင်းကာ မျှော်မှန်းထားသော ရာထူးများ ကိုလည်း လက်လွတ်ခဲ့ရသည်။
ယခုဗလီကိစ္စမှာလည်း ယင်းအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်နိုင်ကြောင်း ယင်းကိစ္စကို ပြည်ခိုင်ဖြိုး ပါတီတွင်းမှပင် ၎င်းအား မလိုလား သူများက ဖော်ဆောင်ခြင်း ဖြစ်ဖွယ်ရှိနိုင်ကြောင်း သတင်းဆန်းစစ်သူအချို့က ရရှိသော အချက်အလက်များအပေါ် ခြုံငုံသုံးသပ်ပြောဆိုသည်။
အလားတူ အမရပူရမြို့ရှိ ဗလီများ၊ တောင်ဥက္ကလာ သင်္ဃန်ကျွန်းမြို့နယ်များရှိ ဗလီများကိုလည်း အလားတူ တိုးချဲ့ဆောက်လုပ်ခွင့်ပြုပြီးမှ တပိုင်းတစဖြင့် ရပ်တန့် ခိုင်းမှုများရှိကာ အာဏပိုင်များနှင့်သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများကြား အငြင်းပွားမှုများရှိနေကြောင်း မြန်မာနိုင်ငံ အိုလမာသာသနာ ပညာရှင် များအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာအာဏာပိုင် အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။