Saturday, May 21, 2011

အသက်ကယ်အင်္ကျီများ ပုံမှန်ဈေးထက်ပိုပေးကာ ဝယ်ယူရ

ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များသို့ နေ့စဉ်ပြေးဆွဲနေသည့် သမ္ဗာန်များတွင် အသက်ကယ်အင်္ကျီထားရှိရန် ဝယ်ယူရသော ဈေးနှုန်းမှာ မူရင်းဈေးထက် ကွာဟနေကြောင်း ယင်းသမ္ဗာန်ပိုင်ရှင်များထံမှ သိရှိရသည်။

ယင်းသို့ဈေးကွာဟနေရခြင်းမှာ အသက်ကယ်အကျီများအား ဝယ်ယူရသောနေရာမှာ သမ္ဗာန်ယာဉ်လိုင်းများအား ကြီးကြပ်နေသည့် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ သွားရောက်ဝယ်ယူရန်ညွှန်ကြားသည့် ရေယာဉ်သုံးပစ္စည်းများ ရောင်းချသောဆိုင်တွင် ဖြစ်သောကြောင့်ဟု သိရှိရသည်။

"စည်းကြပ်အဖွဲ့က သွားဝယ်ခိုင်းတဲ့နေရာမှာ သွားဝယ်ရတယ်။ ဈေးကလည်း အပြင်ဆိုင်တွေနဲ့ ၈၀၀ ကနေ ၁၀၀၀ ကွာတယ်။ သမ္ဗာန်တစ်စီးကို ၁၂ ထည်ဆိုတော့ ၁၂၀၀၀ လောက်ပိုပေးရတယ်။ သူတို့သွားဝယ်ခိုင်းတဲ့ဆိုင်မှာမဟုတ်ရင် အရည်အသွေးမမှီတဲ့ပစ္စည်းသုံးလို့ဆိုပြီး ပြဿနာရှာချင်တယ်။ ဒီအကျီင်္တွေမရှိရင်လည်း သမ္ဗာန်မထွက်ရဘူးဆိုတော့ မရှိရှိတာတွေ ပေါင်နှံပြီး ဝယ်နေရတာပဲ "ဟု ဆိုသည်။


သမ္ဗာန်ယာဉ်လိုင်းများသည် မကြာခဏတိမ်းမှောက်မှုများ ဖြစ်ပွားနေခြင်းကြောင့် အသက်ကယ်အင်္ကျီရှိမှသာ သမ္ဗာန်ပြေးဆွဲခွင့်ပြုသော်လည်း ယင်းအသက်ကယ် အကျီင်္များသည် ညစ်ပတ်ပေရေမှုများရှိခြင်းကြောင့် ဝတ်ဆင်သူမရှိကြောင်း သိရသည်။

သမ္ဗာန်ဖြင့် နေ့စဉ်သွားလာနေရသူတစ်ဦးက "အသက်ကယ်အကျီင်္တွေကို သန့်သန့်ရှင်းရှင်းလေးရှိမှသာ ဝတ်ရတာ စိတ်ချမ်းသာမယ်လေ။ အခုက ညစ်ပတ်ပေရေနေတော့ ဝတ်ရတာ ဘယ်လိုမှ အဆင်မပြေဘူး "ဟု ဆိုသည်။

အသက်ကယ်အကျီင်္များ ထားရှိသော်လည်း ဝတ်ဆင်သူမရှိခြင်းမှာ သမ္ဗာန်မောင်းသူများအား များစွာဒုက္ခရောက်စေသဖြင့် အသက်ကယ်အကျီင်္ များ၏ ဈေးနှုန်းသက်သာအောင်ဆောင်ရွက်ပေးပါက အသစ်နှင့်အဟောင်းဖလှယ်၍ သုံးစွဲနိုင်ကာ သမ္ဗာန်မောင်းသူသာမက၊ သမ္ဗာန်စီးသူပါ အဆင်ပြေနိုင် ကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ သမ္ဗာန်စီးရေး ၅၀ ပိုင်ဆိုင်သူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့နှင့်တစ်ဖက်ကမ်းမြို့နယ်များဖြစ်ကြသော ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များအား ပြေးဆွဲနေသော သမ္ဗာန်စီးရေ ၄၀၀ ခန့်ရှိကြောင်း သိရှိရသည်။

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။