တရုတ် ဗိုလ်ချုပ်ကြီး ချန်ဘိုင်ဒီက ၀ါရှင်တန်တွင် စကားပြောကြားရာ၌ “လတ်တလော နှစ်များအတွင်း တရုတ် တပ်မတော်သည် အတော် အတန် တိုးတက် ပြောင်းလဲလာသည် ဆိုသော်ငြားလည်း အမေရိကန် လက်နက်ကိုင် တပ်ဖွဲ့များက တရုတ်တပ်ဖွဲ့များထက် များစွာ သာလွန် နေဆဲဖြစ် သည်”ဟု ပြောဆိုလိုက်သည်။ သို့သော်လည်း အမေရိကန် လက်နက်များ ထိုင်ဝမ်သို့ ဆက်လက် ရောင်းချပါက အမေရိကန်- တရုတ် စစ်ဖက် ဆက်ဆံ ရေးကို ထိခိုက် စေနိုင်ကြောင်း ဗိုလ်ချုပ်ကြီး ချန်ဘိုင်ဒီက သတိပေး ပြောကြားသည်။
တရုတ်စစ်တပ်၏ ရာထူးအဆင့်အတန်းပြ ဇယား
တရုတ်နိုင်ငံက ထိုင်ဝမ်နိုင်ငံကို ပြန်လည် ပေါင်းစည်းရမည့် ခွဲထွက် ပြည်နယ် တစ်ခု အဖြစ်သာ သတ်မှတ်ထားသည်။ “တရုတ်နိုင်ငံက အမေရိကန် ပြည်ထောင်စုကို စိန်ခေါ်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး” ကာကွယ်ရေးနဲ့ စစ်ရေး တိုးတက်မှုတွေ ထွက်ပေါ်လာတယ် ဆိုပေမယ့်လည်း ခင်ဗျားတို့နဲ့ ကျွန်တော်တို့ရဲ့ ကြားက ကွာဟနေတဲ့ ဟာကွက်က ရှိနေတုန်းပါ” ဟု ယင်းက ဆိုသည်။
သို့သော်လည်း ဗိုလ်ချုပ်ကြီး ချန်က အကယ်၍ ၀ါရှင်တန်က ထိုင်ဝမ်သို့ လက်နက်များ ထပ်မံ ရောင်းချပါက အမေရိကန် - တရုတ် ဆက်ဆံ ရေးများကို ထိခိုက် စေလိမ့်မည်ဟု သတိပေးသည်။ “ဘယ်လိုဆိုးဝါးတဲ့ သက်ရောက်မှုမျိုး ရှိလာမလဲ ဆိုတာကတော့ ထိုင်ဝမ်ကို ရောင်းချပေးတဲ့ လက်နက်တွေရဲ့ သဘော သဘာဝ အပေါ်မှာ မူတည်နေပါတယ်” ဟု ယင်းက ပြောကြားသည်။
မနှစ်က ထိုင်ပေသို့ ဒေါ်လာ 6 ဘီလျံကျော် တန်ဘိုးရှိ လက်နက်များ ရောင်းချခြင်းကို ၀ါရှင်တန်က ကြေငြာခဲ့ပြီးနောက် ဘီဂျင်းက အမေရိကန် ပြည်ထောင်စုနှင့် တပ်မတော်ခြင်း ဆက်ဆံမှု အတော်များများကို ဖြတ်တောက် ပစ်ခဲ့သည်။ ဗိုလ်ချုပ်ကြီး ချန်ဘိုင်ဒီ၏ အမေရိကန် ခရီးစဉ်ကို တရုတ် နိုင်ငံတွင် အထူးဦးစားပေး သတင်းအဖြစ် ဖော်ပြလျက်ရှိပြီး တရုတ် အာဏာပိုင်များက ယခုအခါ ပိုမို ကောင်းမွန်သော စစ်ဖက် ဆက်ဆံမှုများ ထူထောင် နေသည် ဟူသော အရေးကြီးသည့် လက္ခဏာ တစ်ရပ်ဖြစ်သည် ဟု BBC သတင်းထောက် Jonathan Macus က ပြောကြားခဲ့သည်။ သို့ရာတွင် သိသိ သာသာ မူလ ရှိရင်းစွဲ တင်းမာမှုများကို အပေါ်ယံ ညွှန်ပြခြင်းဖြင့် လုံခြုံအောင် မဖုံးနိုင် ဟူသော အချက်မှာမူ ဒွိဟ ဖြစ်စရာ မရှိပါ ဟု BBC သတင်း ထောက်က ပြောကြားသည်။
တရုတ် တပ်မတော် အားကြိုးမာန်တက် ခေတ်မှီ ပြောင်းလဲရေးလုပ်ငန်း၏ ရည်ရွယ်ချက်မှာ တရုတ်ကမ်းလွန်ရေပြင်အပေါ် တရုတ် တပ်မတော် ၏ လက်လှမ်းမှီမှုကို ချဲ့ထွင်ရန်နှင့် အမေရိကန် ပြည်ထောင်စုက သိသိသာသာ အသာစီးရနေသော လက်နက် စနစ်များကို ချေဖျက်နိုင်ရန် ပင် ဖြစ်သည်ဟု BBC သတင်းထောက်က ဆက်လက် ပြောကြားသည်။
BBC သတင်းကို ဘာသာပြန်သည်။

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။