အာရှဒေသ ရေနံဈေးနှုန်းမှာ ဇူလိုင်လ ပထမပတ်ခန့်တွင် မြင့်တက်လာပြီး
တစ်ပေပါလျှင် ၉၇ ဒေါ်လာ အထက်သို့ ရောက်ရှိနေမည် ဖြစ်ကြောင်း စင်ကာပူမှလာသော စွမ်းအင် သတင်းအချက်အလက်များအရသိရသည်။
အမေရိကန်ရေနံစိမ်း ကုန်ကြမ်းတင်ပို့မှု ဇူလိုင်လဆန်း ပထမ နှင့် ဒုတိယ ရက်သတ္တပတ်ခန့်၌ ကျဆင်းလာသည်ဟု သတင်းပေးပို့ချက်များ ထွက်ပေါ်လာပြီးနောက် အာရှဒေသ ရေနံဈေးနှုန်းများမြင့်တက်လာခြင်း ဖြစ်သည်။
အမေရိကန်ရေနံစိမ်း ကုန်ကြမ်းတင်ပို့မှု ဇူလိုင်လဆန်း ပထမ နှင့် ဒုတိယ ရက်သတ္တပတ်ခန့်၌ ကျဆင်းလာသည်ဟု သတင်းပေးပို့ချက်များ ထွက်ပေါ်လာပြီးနောက် အာရှဒေသ ရေနံဈေးနှုန်းများမြင့်တက်လာခြင်း ဖြစ်သည်။
အိုပက်၏ ၂၀၁၁ အစည်းအဝေးဇူလိုင်လ ၇ ရက်နေ့ စင်ကာပူအခြေစိုက် New York Mercantile Exchange ၏ အီလက်ထရွန်နစ် ကုန်သွယ်ရေး ဈေးကွက်တွင် သြဂုတ်လ ရေနံတင်ပို့မှု အတွက်ပေါက်ဈေး မှာ ၇၈ ဆင့်ခန့်မြင့်တက်ကာ တစ်ပေပါလျှင် ၉၇ ဒဿမ ၄၃ ဒေါ်လာသို့ ရောက်ရှိသွားကြောင်း AP သတင်းဌာနက ရေးသားသည်။
လန်ဒန်အခြေစိုက် Brent Crude ၏ရေနံစိမ်းဈေးနှုန်းမှာ ၁ ဒဿမ ၁၁ ဆင့် မြင့်တက်လာပြီး တစ်ပေပါလျှင် ၁၁၄ ဒဿမ ၇၂ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။ American Petroleum Institute ကထုတ်ပြန်သော အသေးစိတ် စာရင်းအင်းများအရ ဇွန်လနောက်ဆုံးရက်သတ္တပတ်တွင် ရေနံစိမ်း ထုတ်လုပ်မှုမှာ ကျဆင်းလာပြီး ပေပါပေါင်း ၃ ဒဿမ ၂ သန်းသာရှိကြောင်းသိရသည်။
စွမ်းအင်သတင်းအချက်အလက် စုဆောင်းသည့် အဖွဲ့ဖြစ်သော McGraw-Hill Cos ကမူ ရေနံစိမ်းထုတ်လုပ်မှု ပေပါပေါင်း ၂ ဒဿမ ၅ သန်းသာရှိမည်ဟု ဟောကိန်းထုတ်ထားသည်။ ထို့ပြင် ဓာတ်ဆီ ထုတ်လုပ်မှု မှာလည်း ပေပါ ၁ ဒဿမ ၉ သန်းထိကျဆင်းသွားသည်ဟု ဆိုသည်။
အချို့သောလောင်စာဈေးကွက်လေ့လာဆန်းစစ်သူများက အမေရိကန်ရေနံစိမ်းတင်ပို့မှုကျဆင်းခြင်းကြောင့် ရေနံစိမ်း ထုတ်လုပ်သူများအဖြင့် ကုန်ကြမ်းထွက်ရှိရေးကို တိုးမြှင့်လာဖွယ်ရှိကြောင်း၊ လောင်စာဈေးနှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
"ယခုလိုဖြစ်ရပ်များကြောင့် OPEC (အိုပက်အဖွဲ့) အနေဖြင့် ရေနံစိမ်းထုတ်လုပ်မှုတိုးမြှင့်လုပ်ဆောင်ရမည်ဟု ကျွန်ုပ်တို့ထင်မြင်သည်" ဟု နာမည်ကျော်
Morgan Stanley ၏ အစီရင်ခံစာကဆိုသည်။ Goldman Sachs ကမူ ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားမှာ ထုတ်လုပ်မှုထက် ကျော်လွန်လျက် ရှိသောကြောင့် လောင်စာအခန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ၂၀၁၂ ခုနှစ်တွင် Brent Crude မှ ရေနံစိမ်းဝယ်ယူကြရန် တိုက်တွန်းပြောဆိုသည်။
"လောင်စာဈေးကွက်သည် လာမည့် ၂၀၁၂ ခုနှစ်အရောက်တွင် ဘေးကျပ်နံကျပ်ဖြစ်မည့် အနေအထားသို့ ရောက်ရှိသွားမည်ဟု ကျွန်ုပ်တို့က မျှော်မှန်း ထားသည်။ ရေနံဈေးနှုန်းများသည်လည်း စဉ်ဆက်မပြတ် မြင့်တက်နေမည့် သဘောတွင်ရှိသည်" ဟု Goldman Sachs ကဆိုသည်။ လောင်စာ စွမ်းအင် ကုန်သည်ကြီးများက မကြာမီကာလတွင် ထုတ်ပြန်မည့် အမေရိကန်ပြည်ထောင်စု အလုပ်အကိုင် ဆိုင်ရာ ကိန်းဂဏန်းများကို အနီးကပ် စောင့်ကြည့်လေ့လာကြလိမ့်မည် ဖြစ်သည်ဟု ဆိုသည်။
AP သတင်းကို ဘာသာပြန်သည်။
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။