Sunday, July 10, 2011

တန်ဖိုးခိုင်မာလာသော် မြန်မာငွေကြေးဈေးနှူန်းကြောင့် ဆင်းရဲသော်ပြည်သူများ ပိုမိုဒုက္ခရောက်လာနေ

ရပ်တန့်ဆုတ်ယုတ်နေသော လယ်ယာအခြေခံ စီးပွားရေးစနစ်၏ ဒဏ်ကို မူလကပင်ခံစားနေကြရသော မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသော ပြည်သူများသည် အမေရိကန် ၁ ဒေါ်လာနှင့် မျှတသည့် မြန်မာကျပ်ငွေတန်ဖိုးမှာ တစ်နှစ်အတွင်း ၂ဝ%ကျော် မြင့်တက်မှုကြောင့် အန္တာရယ်အဆင့်သို့ ရောက်ရှိနေသည့် ပြည်တွင်းသုံးငွေကြေး ပြဿနာနှင့် နောက်ထပ်ရင်ဆိုင်နေကြရသည်။

အဆိုပါပြဿနာကြောင့် အဓိကအားဖြင့် ပဲအမျိုးမျိုး၊ ဆန်နှင့် အခြားလယ်ယာထွက်ကုန်များ၊ အသင့်ချုပ်အထည်များ၊ ရေထွက်ကုန်ပစ္စည်းများ ရောင်းချသည့် ပို့ကုန်လုပ်ငန်းများစွာ အထိနာလျက်ရှိသည်။

မြန်မာနိုင်ငံသည် ဂျပန်လုပ်ဆန်အချောကိုင်ပစ္စည်းများကို လတ်တလော တင်သွင်းထားကာ ဆန်ပို့ကုန်လုပ်ငန်းကို ဦးစားပေး သတ်မှတ်ထားသော်လည်း လက်ရှိ ငွေလဲနှုန်းပြဿနာကြောင့် ဆန်ပို့ကုန်လုပ်ငန်းများ ငွေကြေးဆုံးရှုံးနစ်နာ နေခြင်းဖြစ်သည်။ တင်ပို့မှုကိုတော့ ရပ်လို့မရပါဘူး၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေးကို ဦးစားပေးစဉ်းစားရမှာပါ ဟု ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ 

မြန်မာနိုင်ငံတွင် ယမန်နှစ် နိုဝင်ဘာလ၌ ရွေးကောက်ပွဲကျင်းပကာ မတ်လတွင် အစိုးရသစ်က လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ အထည်ချုပ်ထွက်ကုန်များ တင်ပို့ခြင်းကို ဗဟိုပြုကာ စီးပွားရေး ပြုပြင် ပြောင်းလဲရန် တွန်းအားပေးနေသော်လည်း သွင်းကုန်ကဏ္ဍတွင် တင်သွင်းသည့်ပစ္စည်းများ ရောင်းဈေးကျဆင်းခြင်းနှင့် အတူ မူလကပင် ပြဿနာ နှင့် ရင်ဆိုင်နေကြရသည်။

ရန်ကုန်ရှိ စီးတီးမတ်စူပါမားကတ်များ အားလုံးနှင့် အခြားအရောင်းဆိုင်များ အားလုံးကကျွန်တော်တို့နိုင်ငံခြားက တင်သွင်းလာတဲ့ ကုန်ပစ္စည်း တွေကို ဈေးချထားပါတယ်ဟု ပြောကြားကြသည်။ စင်ကာပူ၊ ထိုင်းနှင့် အခြားပြည်ပနိုင်ငံများ မှ တစ်ဆင့်တင်သွင်းလာသည့် ကော်ဖီ၊ ထောပတ်၊ ခေါင်းလျှော်ရည်နှင့် အခြား ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို ၁၀% လျှော့ချပေး ထားသည်ဟု စူပါမားကတ် ဝန်ထမ်းတစ်ဦးက ဆိုသည်။


ဈေးကွက်ပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာနှင့် ညီမျှသည့် မြန်မာကျပ်ငွေ ၇၄၀ သို့ ရောက်ရှိချိန်သည် ၂၀၀၂ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး နှုန်းပင်ဖြစ်သည်။ ယမန်နှစ် ဇွန်၊ ဇူလိုင် ဝန်းကျင်က တစ်ဒေါ်လာလျှင် ၉၈၀၁၀၀၀ ခန့် ရှိခဲ့သော မြန်မာကျပ်ငွေသည် တစ်နှစ်အတွင်း ၂၅% ခန့် တက် သွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မြန်မာကျပ်ငွေတန်ဖိုး တက်လာခြင်း၏ အကျိုးကျေးဇူးမှန်သမျှကို ခံစား၍မရနိုင်အောင် အကန့် အသတ်ရှိနေပေသည်။ ဆန်၊ ကြက်သွန်၊ အခြားဟင်းသီးဟင်းရွက်များနှင့် ဟင်းချက်ဆီ အပါအဝင် မရှိမဖြစ် ကုန်ပစ္စည်း များ၏ ဈေးနှုန်းများမှာ ပြောင်းလဲခြင်းမရှိသည့်အပြင် အနည်း ငယ် တက်သွားသည်ကိုပင် တွေ့ရသည်။

အခြားတစ်ဖက်တွင်လည်း ဂျပန်နိုင်ငံသို့ မြန်မာပို့ကုန် ၅၀% နီးပါးကို ဝေစုရရှိထားသော အထည်ချုပ်လုပ်ငန်း သည်လည်း ရှင်သန်ရပ်တည် ရေးအတွက် ရုန်းကန်နေရသည်ကို တွေ့ရသည်။ ဝန်ထမ်းများအား ဒေါ်လာဖြင့် လခပေး သော ဂျပန်ဖက်စပ်ကုမ္ပဏီများသည်လည်း ယင်းတို့၏ လုပ်ခ လစာပေးစနစ်များကို အလျင်အမြန် ပြန်လည် သုံးသပ်နေကြ သည်။

မြန်မာကျပ်ငွေ တန်ဖိုးတက်လာခြင်း၏ နောက်ကွယ်မှ အဓိက အကြောင်းရင်းနှစ်ချက်မှာ ကမ္ဘာတစ်လွှား ဒေါ်လာ တန်ဖိုး အားနည်းလာခြင်းနှင့် မြန်မာနိုင်ငံသို့ ပင်လယ်ရပ်ခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု သိသာစွာ တိုးမြင့်လာခြင်းတို့ပင် ဖြစ်သည်။ မြန်မာအစိုးရ အာဏာပိုင်များ၏ အဆိုအရ ၁၉၈၈ နှင့် ၂၀၁၀ မတ်လ အကြား နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၁၆ ဘီလျံ ရှိခဲ့သော်လည်း 
၂၀၁၀ ဧပြီလ မှစ၍ ဘီလျံ ၂၀ သို့ ရောက်ရှိသွားခဲ့ ကြောင်း သိရှိရသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ၏ ၇၀% ခန့်မှာ ဟောင်ကောင်အပါအဝင် တရုတ်နိုင်ငံမှ စီးဝင်လာခြင်း ဖြစ်သည်။

နောက်ထပ်အကြောင်းရင်းတစ်ချက်မှာ ပြီးခဲ့သော ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် နိုင်ငံပိုင်လုပ်ငန်းများနှင့် အစိုးရပိုင် မြေနေရာများကို ပုဂ္ဂလိက ကဏ္ဍသို့ လေလံတင်ရောင်းချခြင်းဖြစ်သည်။ အပတ်စဉ်ထုတ် သတင်းဂျာနယ်များကိုသာ သတင်းစာစစ်စစ်ဟု ပြည်သူလူထုက သတ်မှတ် ထားသော မြန်မာနိုင်ငံမှ အင်္ဂလိပ်ဘာသာ အပတ်စဉ်ထုတ် Myanmar Times စာစောင်၏ ဖော်ပြမှုအရ မြေနေရာ ၂၉၁ ခု ရောင်းချမှုမှ စုစုပေါင်း ကျပ်ငွေ ၈ ထရီလီယံကျော် ရရှိကြောင်း သိရှိရသည်။ 

အဆိုပါ လေလံအရောင်းအဝယ်များအတွက် ဇူလိုင်နှင့် ဩဂုတ်လတွင် နောက်ဆုံးငွေပေးချေရန် သတ်မှတ်ထားခြင်းကြောင့် ငွေကြေးဈေးကွက်အတွက်း ကျပ်ငွေဖော်မှု ပိုမိုလှုပ်ရှားများပြားလာကာ ပြည်တွင်းသုံး ကျပ်ငွေ ဆက်လက် အားကောင်းနေ လိမ့်မည်ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

Asahi.com မှ သတင်းကို ဘာသာပြန်သည်။
 (U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။