ပြီးခဲ့သည့် ဇူလိုင် ပထမရက်သတ္တပတ်က ရန်ကုန်မြို့ရှိ MRTV - 4 ရုပ်သံလွှင့်ဝင်းတွင် ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဦးကျော်ဆန်း၏သားသည် MRTV-4 ဝန်ထမ်းနှစ်ဦးအား ထိုးနှက်ခဲ့ကြောင်း ယင်းရုံးမှဝန်ထမ်းတစ်ဦးကဆိုသည်။
ဦးကျော်ဆန်း၏သားက မိဘအရှိန်အဝါကို အသုံးပြု၍ ယင်းဝန်ထမ်းနှစ်ဦးအား ရုံးကြမ်းပြင်တွင် ဒူးထောက်ထိုင်ခိုင်းကာ ၎င်းက အပေါ်မှစီးမိုး၍ ထိုးနှက်ခြင်းဖြစ်ကြောင်း သိရသည်။
MRTV-4 မှ ဝန်ထမ်းတစ်ဦးက “တစ်ယောက်ကလည်း ထိုးတာများလာတော့ ပြန်ခံထိုးတယ်။ ဒါပေမယ့် ထိုးတဲ့သူက ဘာမှမဖြစ်သွားဘူး”ဟု ဆိုသည်။
ဦးကျော်ဆန်းသည် စစ်အစိုးရတာဝန်ယူချိန်တွင် ပြန်ကြားရေးဝန်ကြီးဝန်ကြီးနှင့် စစ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့ကာ နိုင်ငံတော် သတင်းစာရှင်းလင်းပွဲများအား စီစဉ်သူအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ အစိုးရသစ်တွင်လည်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနဝန်ကြီးများ အဖြစ်တာဝန်ပေးခြင်းခံရသူဖြစ်သည်။
ရန်ကုန်ခရော်နီကယ် အယ်ဒီတာအဖွဲ့ ၏ အစိုးရသစ်အပေါ်သုံးသပ်ချက်တွင်လည်း ဦးကျော်ဆန်းသည် ပြည်ခိုင်ဖြိုးပါတီအား တစ်ပါတီ အာဏာ ရှင်စနစ်သို့ အမြင်ရှိစေမည့် ဝါဒဖြန့်မှုများအား နိုင်ငံပိုင်သတင်းစာများမှနေ၍ ဖော်ပြထားသည့်အတွက် ရရှိထားသည့် ဝန်ကြီးဌာနများနှင့် ကိုက်ညီမှု မရှိဆုံးသော ဝန်ကြီးအဖြစ် သုံးသပ်ထားသူဖြစ်သည်။
တနသာင်္ရီတိုင်းဝန်ကြီးချုပ် အဖြစ်တာဝန်ယူထားသူ ဦးခင်ဇော်သည်လည်း ပြည်ထောင်စုအစိုးရခန့် အရာရှိကြီးအား ပါးရိုက်ခဲ့သည့် ဖြစ်ရပ် တစ်ခုလည်း ပြုလုပ်ခဲ့ဖူးသည်။
ကျော်စွာ
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။