နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအဖြစ် အိန္ဒိယအရှေ့မြောက် ပြည်နယ် ၄ ခုတွင် နေထိုင်သော အိန္ဒိယနိုင်ငံသားများအား နယ်စပ်မှ မြန်မာနိုင်ငံအတွင်း ၁၆ ကီလိုမီတာအထိ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာမပါပဲ ခရီးသွား ခွင့်ပြုရန် မြန်မာနိုင်ငံက ဆုံးဖြတ်လိုက်ပြီပာု မီဇိုရမ်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားသည်။
နယ်စပ်တံတားကို ဤသို့တွေ့ရစဉ်
အိန္ဒိယနှင့် မြန်မာတို့ နှစ်ဖက်လုံး ထိုသို့ သွားရောက်နိုင်ရန်အတွက် နှစ်နိုင်ငံ စီစဉ်စရာများကို ယခင် တစ်ပတ် ချင်းပြည်နယ်ဖလမ်းတွင် ပြုလုပ်ခဲ့သော လက်ထောက်ကော်မရှင်နာ အဆင့်အစည်းအဝေးတွင် အသေးစိတ် ဆွေးနွေးခဲ့ကြ သည်ပာု မီဇိုရမ်ပြည်ထဲရေးဌာန တာဝန်ရှိသူက IANS သတင်းဌာနသို့ ပြောကြားခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်၊ မဏိပူ၊ နာဂါလန်း၊ အရူချာဖရာဒက်ရှ် ပြည်နယ် ၄ ခု၏ အတွင်းဖက်
၁၆ ကီလိုမီတာအထိ မြန်မာနိုင်ငံသားကို အတား အဆီး မရှိ ဝင်ခွင့်ပေးမည့် အလားတူကြေညာချက်ကို အိန္ဒိယက ယခုနှစ်အစောပိုင်းတွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
မီဇိုရမ်ဒေသခံတွေအပြင် မဏိပူ၊ နာဂါလန်၊အရူချာဖရာဒက်ရှ် ပြည်နယ်သားတွေကိုပါ မြန်မာနယ်စပ်အတွင်း ဖက်ကို ဝင်ရောက်လည်ပတ်ခွင့် ပေးမှာဖြစ်ပါတယ်ပာု၎င်းအရာရှိက ဆိုသည်။ နှစ်ဖက်နိုင်ငံသားများအနေဖြင့် နယ်စပ်၏ အခြားတစ်ဖက်တွင် တစ်ပတ်အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။
စနေနေ့က ကျင်းပသော အစည်းအဝေးသို့ မီဇိုရမ်ပြည်နယ် ကပ်ပိုင်ဆိုင် လက်ထောက်ကော်မရှင်နာ Vigaya Komar Bidhuri က အိန္ဒိယကိုယ်စားလှယ် အဖွဲ့ကိုဦးဆောင်ကာ တက်ရောက်ခဲ့သည်။
ရှားပါးသစ်ခွများ၊ တောရိုင်းတိရစ္ဆာန် ကလီစာနှင့် သားရေများ၊ မူးယစ်ဆေးဝါးနှင့် သစ်မွှေးတို့ တရားမဝင် ကုန်ကူး ခြင်းကို ထိန်းချုပ်ရာတွင် အတူတကွပူးပေါင်းဆောင်ရွက်သွားကြမည်ပာုလည်း နှစ်နိုင်ငံတာဝန်ရှိသူများက သဘောတူညီ ခဲ့ကြသည်။
နယ်ခြား၏ နှစ်ဖက်စလုံးတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုဒေသခံများသည် နေထိုင်မှုပုံစံနှင့် ဓလေ့ထုံးစံများ တူညီကြသည်ပာုလည်း သိရှိရသည်။
အရူချာပရာဒက်ရှ်၊ နာဂါလမ်၊ မဏီပူနှင့် မီဇိုရမ် ပြည်နယ်များသည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၁၆၄၀ ရှည်သော နယ်စပ်တစ်လျှောက် ထိစပ် နေပြီး အိန္ဒိယဘက်ခြမ်းတွင် အာသံရိုင်ဖယ် တပ်ရင်းများက နယ်စပ်လုံခြုံရေး တာဝန် ယူထား သည်။ သို့သော်လည်း တောတောင် ထူထပ်မှုကြောင့် နယ်စပ်တစ်လျှောက် တိုးလျိုပေါက်ကာ တရားမဝင် ဖြတ်ကျော် ကူးသန်းမှုများ ရှိနေခြင်းဖြစ်သည်။
(The Economic Times မှ သတင်းကို ဘာသာပြန်ဆိုသည်)

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။