Monday, October 17, 2011

ရန်ကုန်မြို့တွင် ပျက်စီးသော လမ်းများစွာရှိကြောင်း YCDC ဝန်ခံ

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် လမ်းပျက်စီးမှု များစွာရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့မှ အောက်တိုဘာ ဒုတိယ ရက်သတ္တပတ်တွင် ဝန်ခံပြောကြားလိုက်သည်။

ယင်းပြောဆိုချက်ကို သတင်းမီဒီယာများရှေ့တွင် ပြောကြားခဲ့ခြင်းဖြစ်ကာ ထုတ်ပြန်ချက်တွင်လည်း လမ်းပျက်စီးမှုနှင့် ပတ်သက်သည်များကို ဝန်ခံထားသည်။

 
ပျက်စီးနေသောလမ်းပေါ်တွင် ပြေးလွားနေသော ကားအိုတစ်စီး

ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့်လမ်းပျက်စီးမှုများသည်  ရေနှုတ်မြောင်းများတွင်ပိတ်ဆို့ခြင်းများ၊ 
ရေလျှံခြင်းများကြောင့် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးက ယင်းလမ်းဖွင့်ပွဲတွင် ပြောကြားသည်။

“အဓိကက ရေနှုတ်မြောင်းတွေကြောင့်ရယ်၊ ကုန်တင်ကားတွေက လမ်းစည်းကမ်းကို မလိုက်နာတာရယ်ကြောင့်ပါ”ဟု ယင်းက ဆက်လက် ပြောကြားသည်။



YCDC အနေဖြင့် ပျက်စီးနေသော လမ်းပိုင်းများအား ပွင့်လင်းရာသီတွင် ပြင်ဆင်ရန် ရည်မှန်းထားကြောင်း၊ မိုးတွင်းကာလတွင် ခွင့်ပြုထားသည့် ဘတ်ဂျက်ကို ထိခိုက်မည် စိုးရိမ်၍ အချို့သော လမ်းပိုင်းများကို မပြင်ဆင်လိုက်ရကြောင်း YCDC မှ ဌာနမှူးတစ်ဦးက ပြောကြားသည်။

“မိုးတွင်းကာလမှာ ပြင်ရင် ခဏပဲခံတာမို့ အရမ်းပျက်စီးနေတဲ့ လမ်းပိုင်းတွေကို မပြင်ဆင်ဘဲ ဒီအတိုင်းထားလိုက်ရတာ ရှိတယ်”ဟု ယင်းက ဆက်လက် ပြောကြားသည်။

လမ်းပျက်စီးမှုများကြောင့် YCDC မှ ယခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း 
ကွန်ကရစ်တန် ၃၀၂၅၇ တန်အား ကျပ်ငွေသိန်းပေါင်း ၇၄၀၀ ကျော် အကုန် အကျခံ၍ ပြုပြင်ထားကြောင်း သိရသည်။

“လမ်းတွေက ပြင်တယ်လို့သာ ပြောနေတာ၊ အရင်က အောက်ပိုင်းတစ်ခါလုပ်ပြီး ခြောက်လလောက်ခံတယ်၊ အခုတော့ နှစ်လ၊ သုံးလနဲ့ ပြင်နေရ တယ်”ဟု တက္ကစီဒရိုင်ဘာတစ်ဦးက ပြောကြားသည်။

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။