Thursday, October 27, 2011

ရန်ကုန်မြို့ရှိ ဆော်ဒီသံရုံးရှေ့တွင် ဘာသာရေးအခက်အခဲကြောင့် ဆန္ဒပြမူဖြစ်ပေါ်


မြန်မာနိုင်ငံရှိမူဆလင်ဘာသာဝင်များသည် ဆော်ဒီအာရေးဗီးယား နိုင်ငံတွင်နှစ်စဉ်ပြုလုပ်နေကြဖြစ်သည့် 
 ဘာသာရေးပွဲတော်ကို သွားရောက်ချင် သော်လည်း ဗီဇာကန့်သတ်မှုများ ရှိလာသည့်အတွက် ဆော်ဒီသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


“ကျွန်တော်တို့ ဘာသာရေးပွဲသွားဖို့အတွက် တွေ့ကြုံနေရတဲ့ အခက်အခဲတွေ ဖြေရှင်းပေးဖို့ သမ္မတကြီးကို အကူညီတောင်းခံတာပါ” ဟု မူဆလင်တစ်ဦးဖြစ်သူ ဦးဘချိုကပြောသည်။










 မြန်မာနိုင်ငံရှိမွတ်စလင်များ သွားဖို့ကြိုးစားနေသော မက္ကာဟ်ရွှေမြို့တော်

ယနေ့ နေ့လည် ၁၂နာရီခန့်တွင် မြန်မာနိုင်ငံရှိ ဆော်ဒီအာရေးဗီးယားသံရုံးရှေ့တွင် မှုဆလင်ဘာသာဝင် များ သည် ဗီဇာရရှိရေးနှင့်ပတ်သက်၍ လာရောက်စုဝေးကြကြောင်းသိရသည်။


ဘာသာရေးပွဲတော်သွားရောက်ခွင့် ဗီဇာကို မြန်မာနိုင်ငံအတွက် အယောက် ငါးထောင်ကိုသာခွင့်ပြုပေးသည့် အတွက် ယင်းကဲ့သို့ မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

“အခုတော့ဘယ်ဌာန ဘယ်ရုံးကိုမှ အကူအညီတောင်းလို့မရဘူး။ အခုကျွန်တော်တို့ဆန္ဒပြတာမဟုတ်ပါဘူး သမ္မတကြီးသိအောင်လုပ်တာပါ။” ဟု ဦးဘချိုကဆိုသည်။



သံရုံးရှေ့တွင်လူစုလူဝေးမပြုလုပ်ကြရန်လုံခြုံရေးများက လာရောက်တောင်းပန်သဖြင့် ညနေ ၃နာရီတွင် မီဒီယာနှင့်တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။


ဘာသာရေးပွဲတော်သို့ ပို့ပေးမည့် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများဝေစုမတည့်သည့်အပြင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်ပြီး စီပွားရေး လက်ဝါးကြီးအုပ်မှုတွေကြောင့် ယင်းခဲ့သို မကြေနပ်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ် ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သူ ဦးစနေထွန်းကပြောသည်။


အဆိုပါဘာသာရေးပွဲတော်ကို တစ်နှစ်လျှင်တစ်ကြိမ်သာပြုလုပ်ပြီး နိုဝင်ဘာလ ၈ရက်မှ 
၁၅ရက်နေ့အထိပြုလုပ် မည်ဖြစ်ကြောင်း၊ ယင်းပွဲတော်သို့ နိုင်ငံအနှံ့မှ မှုဆလင်ဘာသာဝင်များက ကိုယ့်မှာ သွားနိုင်သော ပိုက်ဆံ အနေအထားရှိလျှင် တစ်သက်တွင်တစ်ခေါက်အနည်းဆုံး သွားရောက်ရမည်ဟုခံယူထားကြကြောင်းသိရသည်။


မွတ်စလင်ဘာသာဝင်တစ် ဟဂ်ျ တစ်ကြိမ်သွားရောက်ပြီးပါက ဟာဂျီဘွဲ့ကို ခံယူခွင့် ရရှိမည့်ရှိသည့်အပြင် အပြစ်တွေအားလုံး ကုန်စင်သွားသည်ဟု ဘာသာဝင်များက ခံယူထားကြကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် မူဆလင်ဘာသာဝင်ပေါင်း ၈သန်းခန့် ရှိသည်။

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။